အိမ်ကွင်းမှာ နာပိုလီအသင်း ဘယ်တော့မှ အရှုံးမပေးဘူးလို့ အသင်းခေါင်းဆောင် ဟမ်ဆစ် ရီးယဲလ်ကို သတိပေး

အိမ်ကွင်းမှာ နာပိုလီအသင်း ဘယ်တော့မှ အရှုံးမပေးဘူးလို့ အသင်းခေါင်းဆောင် ဟမ်ဆစ် ရီးယဲလ်ကို သတိပေး
(ဓာတ်ပုံ - အီးပီအေ)

နပိုလီအသင်းခေါင်းဆောင် ဟမ်ဆစ်က အိမ်ကွင်းမှာ သူ့ရဲ့အသင်းဟာ ပွဲကြီးပွဲကောင်းတွေကို ဘယ်တော့မှ အရှုံးမပေးဘူးလို့ အင်္ဂါနေ့ ချန်ပီယံလိဂ် ၁၆ အသင်းရှုံးထွက်အဆင့် ဒုတိယအကျော့ ရီးယဲလ်မက်ဒရစ်နဲ့့ပွဲ မတိုင်မီ တနင်္လာနေ့က ပြောဆိုသွားပါတယ်။

နပိုလီအသင်းဟာ ဘာနေဗျူးမှာ ပထမအကျော့ ၁-၃ အရှုံးကနေ ပြန်လာဖို့ အနိုင်ကစားနိုင်လိမ့်မယ်လို့ ဟမ်ဆစ်က အလေးအနက် ပြောခဲ့ပါတယ်။

"ကျနော်တို့က တည်တည်ငြိမ်ငြိမ်နဲ့ ပွဲထွက်လာပြီး တိုက်စစ်ဆင်သွားမှာဖြစ်ပေမယ့် ခံစစ်ပိုင်းကိုလည်း ဂရုစိုက်ဖို့လည်း လိုပါတယ်။"လို့ ဟမ်ဆစ်က ပွဲကြို သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

နည်းပြ ဇီဒန်းရဲ့ ကိုင်တွယ်မှုအောက်မှာ ရီးယဲလ်အသင်းဟာ ဘယ်အချိန်မှာပဲဖြစ်ဖြစ် ဂိုးသွင်းနိုင်တယ်လို့ ဟမ်ဆစ်က ယုံကြည်နေပါတယ်။ ဒါပေမယ့် နာပိုလီရဲ့ အခွင့်အရေးတွေနဲ့ ပတ်သက်လို့လည်း အကောင်းမြင်ခဲ့ပါတယ်။

"ပရိသတ်တွေဟာ ကျနော်တို့ကို အကြီးမားဆုံး အထောက်အကူပြုပါလိမ့်မယ်။ ကျနော် ဒီလိုပွဲကြီးပွဲကောင်းတွေမှာ ကစားခဲ့ပေမယ့် ဒါဟာ ကျနော်အတွက် အမှတ်ရစရာ ပွဲတစ်ပွဲဖြစ်လာပါလိမ့်မယ်။ ဒီပွဲဟာ လွယ်ကူမှာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ကျနော်တို့က ပွဲကို ဘယ်လိုကစားရမယ်ဆိုတာကို သိနေလို့ပါပဲ"လို့ ဟမ်ဆစ်က ပြောပါတယ်။

ဟမ်ဆစ်ဟာ ဒီရာသီ နာပိုလီအတွက် ၃၆ ပွဲကစားထားရာ ၁၃ ဂိုးအထိ သွင်းယူနိုင်ခဲ့ပါတယ်။

Ref; EFE_EPA

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags