ဆောတွင် သောက်သုံးရေအတွက် စက်ရေတွင်းတူးဖော်၍ ရေပေးဝေလျက်ရှိ

ဆောတွင် သောက်သုံးရေအတွက် စက်ရေတွင်းတူးဖော်၍ ရေပေးဝေလျက်ရှိ

ဆော၊ မတ်လ ၅ ။        ။ မကွေးတိုင်းဒေသကြီး ဂန့်ဂေါခရိုင်၊ ဆောမြို့ ရတနာရပ်ကွက်ကုန်းမြင့်ပေါ်တွင် ဂါလံ ၈၄၀၀ ဆန့် အုတ်ရေကန်နှင့်စက်တွင်းကို ဖဖော်ဝါရီလနောက်ဆုံးပတ်က တူးဖော်ဆောက်လုပ်ပြီးစီးကြောင်း ရေရရှိရေးကော်မတီဥက္ကဋ္ဌ ဦးလှရွှေထံမှ သိရသည်။

သုံးရာသီသန့်ရှင်းသောသောက်သုံးရေ ရရှိစေရန် ရည်ရွယ်၍ အဆိုပါစက်ရေတွင်းနှင့်အုတ်ရေကန်ကို ၂၀၁၆ - ၂၀၁၇ ဘဏ္ဍာနှစ် လွှတ်တော်ရန်ပုံငွေ ၄၅သိန်း၊  ပြည်သူလူထုထည့်ဝင်ငွေ ၆၅ သိန်း၊  စုစုပေါင်း သိန်း ၁၁၀ တို့ဖြင့် တူးဖော်ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။

မတ်လ ၅ ရက်မှ စတင်ကာ ရေပေးဝေခဲ့ပြီး တစ်နေ့ ၂ နာရီအတွင်း အိမ်ထောင်စု ၁၁၆ စုမှ လူဦးရေ ၆၀၀ ကျော်အား ရေပေးဝေနိုင်မည်ဖြစ်ကြောင်း ကော်မတီအဖွဲ့ဝင် ဦးဝင်းမောင်(စစ်ပြန်ငြိမ်း)က ပြောသည်။

မျှော်လင့်မထားဘဲ သောက်သုံးရေရရှိသည့်အတွက် လူအား/ငွေအား အချိန်ကုန်သက်သာကြောင်း၊ မီးဘေးအတွက်ပါ စိတ်ချရသည့်အတွက် ၀မ်းသာကြောင်း ရတနာရပ်ကွက်နေပြည်သူတစ်ဦးဖြစ်သည့်   ဒေါ်မေသဇင်က ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly