သူမ၏ ဓာတ်ပုံအပေါ်ဝေဖန်သော ဝေဖန်ရေးသမားများ၏ မှတ်ချက်ကို အမ်မာဝတ်ဆန်ဖြေရှင်း

သူမ၏ ဓာတ်ပုံအပေါ်ဝေဖန်သော ဝေဖန်ရေးသမားများ၏ မှတ်ချက်ကို အမ်မာဝတ်ဆန်ဖြေရှင်း

ဗြိတိန်မင်းသမီး အမ်မာဝတ်ဆန်သည် Vanity Fair မဂ္ဂဇင်းအတွက် ဓာတ်ပုံရိုက်ကူးခဲ့စဉ် ရင်သားများ ဖော်မိခဲ့သောကြောင့် ဝေဖန်ရေးဆရာများက သူမသည် အမျိုးသမီးဝါဒအပေါ် သစ္စာဖောက်သည်ဟု စွပ်စွဲခဲ့ကြသည့် မှတ်ချက်အပေါ် ပြန်လည်ချေပခဲ့သည်။

ဟယ်ရီပေါ်တာ ရုပ်ရှင်ဇာတ်လမ်းတွဲများဖြင့် နာမည်ကျော်ကြားပြီး အမျိုးသမီးများ ယောင်္ကျားများနှင့် အတူ တန်းတူအခွင့် အရေးရပိုင်ခွင့်အတွက် လှုပ်ရှားခဲ့သည့် အမ်မာဝတ်ဆန်က သူမ၏ ဇာတ်ကားသစ် Beauty and the Beast အတွက် ကြော်ငြာခဲ့စဉ်တွင် Vanity Fair မဂ္ဂဇင်းအတွက် သူမ ဓာတ်ပုံရိုက်ဖြစ်ခဲ့သည့် အကြောင်းကိုပြောခဲ့သည်။

“အမျိုးသမီးများ ယောင်္ကျားများနှင့် အတူ တန်းတူအခွင့်အရေး ရပိုင်ခွင့်ဝါဒအပေါ် နားလည်မှုလွဲခြင်း၊ သဘောထားကွဲလွဲခြင်းတွေ မည်မျှရှိကြောင်းကို အခုကျွန်မ သိလိုက်ပါပြီ” ဟု သူမက အင်တာဗျူးတွင် ပြောခဲ့သည်။

“တကယ်တော့ ထိုဝါဒဟာ အမျိုးသမီးတွေကို လွတ်လပ်စွာ ရွေးချယ်ခွင့်ပေးတာပါ။ ထိုဝါဒကို တုတ်တစ်ချောင်းအဖြစ် အသုံးချပြီး အမျိုးသမီးတွေကို ဆော်ဖို့နှက်ဖို့ မဟုတ်ပါဘူး။ ဒါဟာ လွတ်လပ်ခွင့်ပါ။ လွတ်မြောက်ခွင့်ပါ။ တန်းတူညီမျှမှုပါ။ အဲ့ဒီဝါဒနဲ့ ကျွန်မရဲ့ဓာတ်ပုံထဲမှာ ရင်သားဖော်မိတာကို ဘယ်လို စပ်ဆက်ပြီး ဝေဖန်သလဲဆိုတာ ကျွန်မ မတွေးတတ်တော့ပါဘူး”ဟု သူမက ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly