ပွဲဦးထွက် ရုံဝင်ငွေဒေါ်လာ ၈၅.၃ သန်း ရရှိခဲ့ပြီး Box Office ဇယား၌ ဦးဆောင်နေသည့် Logan ဇာတ်ကား

ပွဲဦးထွက် ရုံဝင်ငွေဒေါ်လာ ၈၅.၃ သန်း ရရှိခဲ့ပြီး Box Office ဇယား၌ ဦးဆောင်နေသည့် Logan ဇာတ်ကား

ပြီးခဲ့သော စနေ၊ တနင်္ဂနွေ အားလပ်ရက်တွင် Logan ဇာတ်ကားကို ပွဲဦးထွက်ပြသခဲ့ပြီး ရုံဝင်ငွေ အမေရိကန်ဒေါ်လာ ၈၅.၃ သန်း ရရှိခဲ့ကာ ပရိသတ်များသည် ရုုပ်ပြစာအုပ်ကို အသက်သွင်းထားသော R အဆင့်ရှိ ဇာတ်ကားအား ကြိုက် နှစ်သက်ကြောင်း ပြသခဲ့သည်။ Wolverine ဇာတ်ကောင်နေရာမှ ၁၇နှစ်ကြာ သရုပ်ဆောင်လာခဲ့သော မင်းသား ဟုဂ်ဂျက်ခ်မန်းကို ယခုဇာတ်ကားတွင် ထိုဇာတ်ရုပ်ဖြင့် နောက်ဆုံး မြင်တွေ့ရမည်ဖြစ်သည်။

Logan ရုပ်ရှင်ကို 20th Century Fox  ကုမ္ပဏီမှ ဒေါ်လာ၉၇သန်း အကုန်အကျခံကာ ရိုက်ကူးခဲ့ခြင်းဖြစ်သည်။ ဇာတ်လမ်းတွင် Wolverine နှင့် Professor X တို့သည် ၄င်းတို့ ပုန်းရှိုးနေထိုင်နေကြသည့် မက္ကစီကိုနယ်စပ်မှ နေရာ ကိုစွန့်ခွာကာ Mutant အငယ်လေးတစ်ဦးအား အကူအညီပေးကြပုံကို ရှုစားရမည်ဖြစ်သည်။ ယခုဇာတ်လမ်းကို ၂၀၁၃ခုနှစ်တွင် The Wolverine ဇာတ်ကားကို ရိုက်ကူးခဲ့သည့် ဂျိမ်းမန်းဂိုးလ်ကပဲ ဒါရိုက်တာအဖြစ် ရိုက်ကူးထားသလို ပူးတွဲဇာတ်ညွှန်းရေးသားသူ အဖြစ် ပါ၀င်ထားသည်။

Box Office ရုံဝင်ငွေ အများဆုံးဇယား၌ နံပါတ်တစ်နေရာမှ Logan နောက်တွင်ရှိနေသည့် ဇာတ်ကားမှာ Get Out ဆိုသည့် ထိတ်လန့်သည်းဖို ဇာတ်ကားဖြစ်ပြီး ဇာတ်ကားကုန်ကျငွေ ၄.၅ သန်းခန့်သာ ရှိခဲ့သော်လည်း ရုံဝင် ငွေဒေါ်လာ ရ၅.၉ သန်း ခန့် ပြန်လည် ရရှိထားသောကြောင့် Universal ကုမ္ပဏီအတွက် အကျိုးအမြတ်များသည့် ရုပ်ရှင်တစ်ခု ဖြစ်လာသည်။

တတိယနေရာတွင် ရှိနေသည့် The Shack ဇာတ်ကားမှာ ပြီးခဲ့သော စနေ၊ တနင်္ဂနွေပိတ်ရက်တွင် ပွဲဦးထွက်ပြသခဲ့ ခြင်းဖြစ်ပြီး ရုံဝင်ငွေ ၁၆.၁သန်းခန့် ရရှိထားသလို ဇာတ်ကားကုန်ကျငွေမှာ ၂၆ သန်း ဖြစ်သည်။ The Shack ဇာတ် ကားမှာ မိသားစုတစ်စု၏ ကြေကွဲဝမ်းနည်းဖွယ်ရာ ဖြစ်ရပ်အပြီးတွင် သူ၏ ဘာသာရေးယုံကြည်မှုကို စမ်းသပ်ထားသော အမျိုးသား တစ်ဦးအကြောင်းဖြစ်ပြီး Lionsgate ကုမ္ပဏီမှ ထုတ်လုပ်ထားခြင်း ဖြစ်သည်။

ဇယား၏ နံပါတ်လေးနှင့် ငါးနေရာမှ The Lego Batman နှင့် John Wick Chapter 2 ဇာတ်ကားနှစ်ကားမှာ ရုံဝင်ငွေ ၁၁.၆ သန်းနှင့် ၄.၇သန်း အသီးသီး ရရှိခဲ့ပြီး Box Office ရုံဝင်ငွေ ဇယား၏ ထိပ်ဆုံးငါးနေရာအား ပိတ်သိမ်းခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags