၂၀၁ဝ နောက်ပိုင်း အမ်းမရိတ်စ်ဖလားကို ပထမဆုံးအကြိမ်အဖြစ် အာဆင်နယ်ပြန်လည်ရရှိ

၂၀၁ဝ နောက်ပိုင်း အမ်းမရိတ်စ်ဖလားကို ပထမဆုံးအကြိမ်အဖြစ် အာဆင်နယ်ပြန်လည်ရရှိ

ဇူလိုင် ၂၇၊ လန်ဒန် ။       ။ တနင်္ဂနွေနေ့က ကစားခဲ့သော ဝုဖ်ဘတ်နှင့်ပွဲတွင် ဝဲလ်ကော့တ်၏တစ်လုံးတည်းသောဂိုးဖြင့် အနိုင်ရခဲ့သည့် အာဆင်နယ်အသင်းသည် အမ်းမရိတ်စ်ဖလားကို ၂၀၁၀ နောက်ပိုင်းပထမဆုံးအကြိမ်အဖြစ် ပြန်လည် ရယူနိုင်ခဲ့သည်။

အာဆင်နယ်အသင်းသည် စင်ကာပူတွင်ပြုလုပ်သော ရာသီကြိုခြေစမ်းပြိုင်ပွဲတစ်ခုဖြစ်သည့် ဘာကလေပရီးမီးယားလိဂ်အာရှဖလား ပြိုင်ပွဲကိုလည်း ဇူလိုင်လအစောပိုင်းက ဗိုလ်စွဲထားခဲ့ရာ ရာသီကြိုကာလအတွင်း ဖလားနှစ်လုံးရယူနိုင်ခဲ့ခြင်းဖြစ်သည်။

အာဆင်နယ်အသင်းပွဲထွက်လူစာရင်းတွင် စနေနေ့က လိုင်ယွန်ကို ၆-၀ ဂိုးဖြင့်အနိုင်ရသည့် လူစာရင်းမှ အိုဇေးလ်တစ်ဦးတည်းသာ ပြန်လည် ပါဝင်လာခဲ့ပြီး ချယ်လ်ဆီးမှပြောင်းရွှေ့လာသည့် ပီတာချက်သည် အမ်းမရိတ်စ်ကွင်းတွင် ပထမဆုံးပွဲထွက်ပါဝင်ကစားသွား ခဲ့သည်။

အမ်းမရိတ်စ်ဖလားပြိုင်ပွဲမှာ အာဆင်နယ်အသင်းအတွက် ရာသီကြိုနောက်ဆုံး ပြိုင်ပွဲလည်းဖြစ်ပြီး သြဂုတ် ၂ တွင် ချယ်လ်ဆီးအသင်းနှင့် ကွန်မြူနတီဒိုင်းပြိုင်ပွဲ ကစားရမည်ဖြစ်သည်။

အမ်းမရိတ်စ်ဖလားပြိုင်ပွဲအမှတ်ပေးပုံစံအရ နိုင်ပွဲအတွက် သုံးမှတ်၊ သွင်းဂိုးတစ်ဂိုးအတွက် တစ်မှတ်ပေးရာ နှစ်ပွဲနိုင်၊ ရဂိုး ခုနစ်ဂိုး ရခဲ့သော အာဆင်နယ်အသင်းသည် ရမှတ် ၁၃ မှတ်ဖြင့် ဗိုလ်စွဲခဲ့ပြီး ဗီလာရီးယဲလ်အသင်းက နှစ်ပွဲနိုင်၊ ရဂိုး လေးဂိုး၊ ရမှတ် ၁၀ မှတ်ဖြင့် ဒုတိယရခဲ့သည်။ အာဆင်နယ်အသင်းမှာ အမ်းမရိတ်စ်ဖလားကိုလေးကြိမ်မြောက်ရရှိခြင်းဖြစ်ပြီး အအောင်မြင်ဆုံးအသင်းလည်းဖြစ်သည်။

Ref; Daily Mail

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags