ရှမ်းတောင်ပိုင်းက ကော်ဖီတွေ ပြည်ပစျေးကွက်ကို ထိုးဖောက်ဖို့ ကြိုးစားနေ

ရှမ်းတောင်ပိုင်းက ကော်ဖီတွေ ပြည်ပစျေးကွက်ကို ထိုးဖောက်ဖို့ ကြိုးစားနေ
ဓာတ်ပုံ ကိုလှိုင်မျုးိထွန်း

ရှမ်းပြည်နယ်တောင်ပိုင်းက မြို့နယ်အဆင့်ရှိတဲ့ ရွာငံဒေသမှာဆိုရင် အရည်အသွေးကောင်း ကော်ဖီထုတ်လုပ်မှုအတွက် နာမည်ကောင်းရအောင် ကြိုးစားနေတဲ့ ဒေသတစ်ခုဖြစ်လာနေပါတယ်။

ဒေသခံကော်ဖီပင်လို့ ချယ်ရီသီးပင် စိုက်ပျိုးတဲ့ တောင်သူတွေပြောစကားအရဆိုရင် လက်ရှိအချိန်မှာ ရွာငံဒေသအနေနဲ့ ကော်ဖီလုပ်ငန်းကို လုပ်ကိုင်လာတာပိုပြီး များလာတယ်လို့   ပြောဆိုထားပါတယ်။   နောက်ပြီးချယ်ရီသီးစျေးနှုန်းတွေလည်း ၂ ဆလောက် မြင့်တက်စျေးကောင်းရလာတယ်လို့ ပါ အဲဒိကစျေးကွက်တွေအတွင်းသိရပါတယ်။

"ကျွန်တော်တို့ အရင်တုန်းက တောင်ယာလုပ်ငန်းကို ၁၅ နှစ်လောက်ကနေစပြီးတော့ လုပ်ကိုင်လာကြတယ်ဗျ။ အခုနောက်ပြီးရင် ရွာကတစ်စတစ်စနဲ့ ကော်ဖီတွေ စပြီးစိုက်ပျိုးလာတယ်ဗျ များသောအားဖြင့် ကော်ဖီလုပ်ငန်းတွေ များလာတယ်ဗျ။"ဟု ရွာငံမြို့နယ်၊ ရွာမရပ်ကွက်မှ ကော်ဖီစိုက်တောင်သူ ဦးကျော်ဖေက ပြောပါတယ်။

အရင်ကကော်ဖီသီးအဖြစ် ကိုယ်တိုင်ကြိတ်ခွဲပြီးရောင်းချခဲ့ကြပေမယ့် အခုဆိုရင်တော့ ချယ်ရီသီးအဆင့်မှာ ရောင်းချရုံနဲတင် စျေးက နှစ်ဆနီးပါးလောက်ရရှိလာတာကြောင့် ချယ်ရီသီးအတိုင်းရောင်ချသူတွေလည်း  များလာတယ်လို့သိရပါတယ်။

အရင်ကအသီးခူးဆွတ်ပုံကြောင့် စျေးရရှိမှု အားနည်းတဲ့ အကြောင်းကိုပြောပြခဲ့တာပါ။ ရွာငံမြို့နယ်၊ ရွာမရပ်ကွက်က ကော်ဖီစိုက်တောင်သူ ဒေါ်သိန်းကြည်ပြောပြတာတော့ ဒီလိုချယ်ရီသီးအတိုင်းရောင်းချလို့ ရတဲ့ စျေးကွက်ဖြစ်လာတာ ၅ နှစ် လောက်တောင် ရှိလာပြီလို့ သိရပါတယ်။

အခုဆိုရင်တော့ မှည်ပြီးနီနေတဲ့ အသီးလေးတွေကိုစျေးကောင်းရရှိဖို့အတွက် ရွေးချယ်ခူးဆွတ်ကြတာဖြစ်ပါတယ်။

"စျေးရရှိမှုအပိုင်းကစျေးမရှိဘူးပေါ့။အရင်ကဆို နှစ်ထောင့်ငါးရာ-နှစ်ထောင် အခုဟာကတော့ ဒီသီးလုံးလေးတွေနဲ ့ရောင်းတော့၅၀၀၀ စျေးတစ်ဝက်တက်လာတယ်ပေါ့" လို့ ဒေါ်သိန်းကြည်က ပြောပါတယ်။

၂၀၁၂ခုနှစ်ဝန်းကျင်က ချယ်ရီသီးတစ်ပိဿရဲ့စျေးနှုန်းက ၅၀၀ကျပ်ဝန်းကျင်သာရှိခဲ့တာပါ အခုဆိုရင်တော့ ချယ်ရီသီးတစ်ပိဿကို ၉၀၀ ကျော်အထိပေါက်စျေးရှိနေပြီလိုသိရပါတယ်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ရေဦးမြို့နယ်က အဝယ်ဒိုင် ဒေါ်ခင်မေနှင်းက "ဒီနှစ်ဝယ်ယူတဲ့စျေးနှုန်းက နည်းနည်းတော့သာတယ်။ ပစ္စည်းကတစ်နှစ်တစ်နှစ်ကတော့ ပိုကောင်းလာတယ်။ အရင်နှစ်တွေတုန်းကတော့ပေါ့နော်။ အစိမ်းတွေဘာတွေလည်း စွတ်တယ်လေ။ အဲဒါမစွတ်ရဘူး.. အသီးကောင်းမှ စျေးကောင်းရမယ် တောင်သူတွေကို အဲလိုပြောပြရတယ်။ ခြံရှင်တွေကိုလေ အဲတော့ သူတို့လဲနည်းနည်းသန့်သန့်တော့ လုပ်လာတာပေါ့ အန်တီတို့လည်း ပြန်စစ်တယ်။ တစ်နေရာနဲ့ တစ်နေရာဝယ်ပြီးတော့ ဝယ်ရတာလေ။"လို့ ရှင်းပြပါတယ်။

မြန်မာနိုင်ငံက ကော်ဖီအမျိုးပေါင်း (၆၀) ကို စစ်ဆေးရာမှာလည်း ကော်ဖီ (၅၆) မျိုးက ကမ္ဘာ့အဆင့်မီ ကော်ဖီဖြစ်နေတာကြောင့် နိုင်ငံတကာစျေးကွက်ကို ထိုးဖောက်နိုင်ဖို့ ကြိုးစားနေပြီဖြစ်ပါတယ်။ ၂၀၁၆ ခုဇွန်လပိုင်းကလည်း အမေရိကန်နိုင်ငံကိုကော်ဖီ၃၆ တန်တင်ပို့ဖို့ သဘောတူပြီးဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly