ပျဉ်းမနားမြို့တွင် မြို့တော်အဂါင်္ရပ်နှင့်အညီ ရေမြောင်းများတူးဖော်နေ

ပျဉ်းမနားမြို့တွင် မြို့တော်အဂါင်္ရပ်နှင့်အညီ ရေမြောင်းများတူးဖော်နေ
ဓာတ်ပုံ-အောင်မြတ်သူ

နေပြည်တော်၊ မတ် ၄ ။                 ။ ပျဉ်းမနားမြို့ပေါ်၌ မိုးတွင်းကာလတွင် ရေမြောင်းများ ပိတ်ဆို့မှုမရှိစေဘဲ ရေစီးရေလာကောင်းစေရန်အတွက် မြို့ပြအဂါၤရပ်နှင့်အညီ   ရေမြောင်းများတူးဖော်လျက်ရှိကြောင်း ပျဉ်းမနားမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသန်းစိုးအောင်ထံမှသိရသည်။

ပျဉ်းမနားမြို့၏ ပထဝီအနေအထားအရ ရိစာတောင်များရှိသည့်အတွက် မိုးရာသီတွင် ၎င်းမြေများမှာ မိုးရေနဲ့အတူပါလာပြီး Main Drainများလည်း မရှိသည့်အတွက်   ရေမြောင်းပိတ်ဆို့မှုများ   ဖြစ်ပွားရသည်ဟု သိရသည်။ ယင်းကြောင့် ပျဉ်းမနားမြို့တွင် ရန်ကုန်၊ မန္တလေးကဲ့သို့ ရေမြောင်းကြီးကြီးနက်နက်များ လိုအပ်ကြောင်း ၎င်းက ပြောသည်။

မြို့ခံလူထုနှင့် နေပြည်တော်ကောင်စီ ဥက္ကဋ္ဌတို့ တွေ့ဆုံစဉ် ဦးသန်းစိုးအောင်၏ အကြံပြုချက်အပေါ် Master Plan အနေဖြင့် စတင်ဆောင်ရွက်နေခြင်းဖြစ်ကြောင်းလည်း ၎င်းက ပြောသည်။

"ရေစီးရေလာကောင်းစေရေးအတွက် နှစ်စဉ်နှစ်တိုင်းဆောင်ရွက်နေတာပဲ။ ယခုလို မာစတာပလန်ကြီးကြီးမားမားနဲ့မဟုတ်ဘဲ ဟိုနေရာလုပ်လိုက်ဒီနေရာလုပ်လိုက်နဲ့ ဆေးမြီးတိုကုနေတာပေါ့။ ယခုလိုကြီးကြီးမားမားမြောင်းတူးတာကတော့ အခုမှလုပ်ဖြစ်ကျတာပါပဲ။ အရင်လည်းလုပ်တော့လုပ်ဖြစ်နေမယ့် မိုးရွာလိုက်စီးသွားလိုက် နွေရာသီကျတော့ပိတ်လိုက်နဲ့   နောက်နှစ်မိုးကျတော့   မြောင်းရေတွေလျှံလိုက်နဲ့ နှစ်တိုင်းဖြစ်နေတာပါ ကတ္တရာလမ်းခင်းရင်းလည်းမြောင်းကတော့ လုပ်နေကျတာပဲ ဒါပေမယ့် ဆေးမြီးတိုတွေ အာကြီးပေါ့နော် ဘက်ဂျက်အရ" ဟု ယခင်ကဖြစ်ခဲ့သည့် အခက်အခဲကိုလည်း ဦးသန်းစိုးအောင်က ရှင်းပြသည်။

ရေမြောင်းတူးဖော်ရာနေရာများကို ရန်အောင်(၁) ရပ်ကွက် ဗိုလ်ချုပ်ကြေးရုပ်အနီး၊ ရွှေချီရပ်ကွက်(၉)လမ်း၊ ရွှေချီရပ်ကွက်(၆)လမ်း စသည့်နေရာများတွင် တူးနေပြီဖြစ်ပြီး ပြီးစီးပါက ငလိုက်ချောင်းထဲသို့ ရေဆိုးများ တိုက်ရိုက်ကျသွားမည်ဟု ဆိုသည်။

“ပျဉ်းမနားတစ်မြို့လုံး လုပ်မှာပါ။ ဒါပေမယ့် အပိုင်းလိုက် အပိုင်းလိုက် ဘက်ဂျက်ပေါ်မူတည်ပြီးတော့ တစ်ခါတည်းလုပ်မှာပါ” ဟု ၎င်းကဆက်ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly