ဟံသာဝတီဦးဝင်းတင်၏ (၈၇) မြောက် မွေးနေ့ပွဲ Yangon Book Plazaတွင် ကျင်းပမည်

ဟံသာဝတီဦးဝင်းတင်၏ (၈၇) မြောက် မွေးနေ့ပွဲ Yangon Book Plazaတွင် ကျင်းပမည်

ရန်ကုန်၊ မတ်၄ ။           ။ ဟံသာဝတီဦးဝင်းတင်၏ (၈၇) မြောက် မွေးနေ့ပွဲကို  မတ်လ (၁၂) ရက်တွင် Yangon Book Plaza ၌ အမှတ်တရ ကျင်းပသွားမည်ဖြစ်ကြောင်းသိရသည်။ အဆိုပါ မွေးနေ့ ပွဲတွင် ဘယ်သူလဲဟဲ့ ဦးဝင်းတင် ခေါင်းစဉ်ဖြင့် စာပေလောကတွင် သာမက နိုင်ငံရေးလောကတွင်ပါ အတူတကွ ဖြတ်သန်းခဲ့ကြသူများက ဟံသာဝတီဦးဝင်းတင်အကြောင်း ပြန်လည်အောက်မေ့ မျှဝေသည့် အစီအစဉ်များလည်း ကျင်းပရန် ရှိနေသည်။

“ဆရာကြီးရဲ့ (၈၇)နှစ်မြောက် မွေးနေ့ဖြစ်တယ်။ ထူးခြားတဲ့ ပုဂ္ဂိုလ်ဖြစ်တယ် စာရေးဆရာတစ်ယောက်အနေနဲ့လည်း
တန်ဖိုးရှိတဲ့သူတစ်ဦးဖြစ်တယ်။ ဒါကြောင့်မို့လို့ဆရာကြီးနဲ့ပတ်သတ်တဲ့ အခမ်းအနားကို ကျင်းပတာဖြစ်တယ်”ဟု  Pen Myanmar အတွင်းရေးမှူး ဦးဇော်ဟန်ကပြောသည်။

မွေးနေ့ပွဲတွင် တက်ရောက်လာကြသည့် ကလေးသူငယ်များအတွက်လည်း ဟံသာဝတီဦးဝင်းတင်၏အကြောင်း ပြန်လည်ပြောကြားမှုကို နားထောင်ရန် Yangon Book Plaza တွင် နေရာသုံးနေရာခွဲပြီး စီစဉ်ပေးသွားမည်ဖြစ်သည်။

“ဒါကတော့ ကွယ်လွန်သွားတဲ့စာရေးဆရာများဖြစ်တဲ့ ဦးသော်ကတို့ ဂျာနယ်ကျော်မမလေးတို့ မောင်ချောနွယ်ရှိမယ် ပြီးတော ဇော်ဇော်အောင်ရှိမယ် အားလုံးကမြန်မာစာပေလောကကို သူ့ဒေါင့်နဲ့သူအကျိုးပြုသွားတဲ့လူတွေကြီးပဲ မေ့ပျောက်လို့မရတဲ့လူတွေကိုအမှတ်ရဖွယ်လုပ်ပေးတာ အင်မတန်ကောင်းပါတယ်"ဟု စာရေးဆရာ သစ္စာနီက ပြောသည်။

ဟံသာဝတီဦးဝင်းတင်၏ (၈၇) မြောက် မွေးနေ့ပွဲအား PEN MYANMAR နှင့် Yangon Book Plaza တို့က ပူးပေါင်းကျင်းပခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly