ရွေးကောက်ပွဲ ၀င်မယ့် အမျိုးသမီး ကိုယ်စားလှယ်လောင်းတွေ ဘာပြောလဲ

ရွေးကောက်ပွဲ ၀င်မယ့် အမျိုးသမီး ကိုယ်စားလှယ်လောင်းတွေ ဘာပြောလဲ
ဓါတ်ပုံ -  ဒေါ်စန္ဒာမင်း ၊ ဒေါ်လဲ့လဲ့ဝင်းဆွေ၊ ဒေါ်ရွှေရွှေစိန်လတ်

၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲကို လာမည့် နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည်ဖြစ်ရာ ဝင်ရောက် ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်များ အမည်စာရင်းသွင်းရန် ပါတီများက  စီစဉ်နေကြ ပြီဖြစ်သည်။

ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း အမည်အချို့လည်း ထွက်ပေါ်လာ ပြီဖြစ်ရာ ရွေးကောက်ပွဲဝင်မည့် အမျိုးသမီး ကိုယ်စားလှယ်လောင်း အချို့ကို ၂၀၁၅ ရွေးကောက်ပွဲ ဝင်ရသည့် အကြောင်း အရင်း၊ ဝင်ရောက်ယှဉ်ပြိုင်မည့် မဲဆန္ဒနယ်မှ ပြည်သူများ အတွက် ဆောင်ရွက် ပေးလိုချက်များ၊ ရွေးကောက်ပွဲပြီးနောက် မျှော်လင့်ချက်များ စသည့်မေးခွန်းများကို  မဇ္ဈိမကမေးမြန်းခဲ့ ပြီးကောက်နှုတ်ဖော်ပြ ထားခြင်းဖြစ်သည်။

ဒေါ်စန္ဒာမင်း(လက်ရှိ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုုပ်)

ကျွန်မက အမျိုးသားဒီမိုကရေစီအဖွဲ့ချုုပ်ကနေပဲ ထပ်အရွေးခံမှာပါ။ ဘယ်မဲဆန္ဒနယ်၊ ဘယ်လွှွှတ် တော် နေရာအတွက် ဆိုတာကတော့ ပါတီက သင့်တော်တာ ချပေးမှာပါ။ နေရာရွှေ့မယ် မရွှေ့ဘူး ဆိုတာ ကလည်း ပါတီရဲ့ဆုံးဖြတ်ချက်ပါပဲ။ ကျွန်မကတော့ ကျရာနေရာကနေ တိုင်းပြည် အတွက် အလုပ်လုပ်ချင်လို့ ဝင်ပြိုင်မှာ ဖြစ်တယ်။ ယောက်ျား မိန်းမ ရယ်မဟုတ်ဘူး။ ကိုယ့်အရည်အချင်းရှိရင် တိုင်းပြည် အတွက် လုပ်ကိုင်ပေးချင်စိတ်ရှိရင် ဘယ်သူမဆို ဝင်ရောက်ယှဉ်ပြိုင်သင့်တယ်။ ၂၀၁၅ ရွေးကောက်ပွဲဟာ ပြီးခဲ့တဲ့ ရွေးကောက်ပွဲထက် စိတ်သင်စားသူပိုများသလို ဝင်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စား လှယ်ဦးရေလည်းပိုများတယ်။ ဒါတကယ်ကောင်းပါတယ်။နိုင်ငံရေးမှာ စိတ်ပါဝင်စားသူများ လာတယ်။ ဒီအတွက် တိုင်းပြည်အတွက် ပိုအကျိုးရှိမယ်၊မဲဆန္ဒရှင်တွေအနေနဲ့လည်း  ကိုယ့်အတွက် တကယ် အလုပ်လုပ်ပေးမယ့်သူကို ရွေးချယ်ခွင့်ပိုများလာမယ်၊ဒီလို အားသာချက်တွေရှိမယ်လို့ မြင်ပါတယ်။

ဒေါ်ရွေရွှေစိန်လတ် (အမျိုးသားဒီမိုကရေစီအဖွဲ့ချုုပ်)

အစ်မတို့ ဖန်တီးအိမ်အဖွဲ့က အရင်ကတည်းက လူမှုရေးလုပ်ငန်း ပရဟိတွေလုပ်နေခဲ့တယ်။ ဒီလိုလုပ်ရာမှာလည်း ပါတီစုံအတွက သင်တန်းတွေပေးတာလည်းပါတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး မှာလည်း အစ်မပါဝင်လုပ်ဆောင်ပေးတယ်။ ဒီလိုပူးပေါင်းဆောင်ရွက်ပေးနေရင်းနဲ့ အစ်မကို စိတ်ဝင်စား ရင်ဝင်ပြိုင်ဖို့ ပါတီတွေက ကမ်းလှမ်းကြ တာတွေရှိလာတော့ အစ်မက စဉ်းစားတယ်။

ကိုယ်က လုပ်ချင်တာ ပရဟိတလုပ်ငန်း။ လက်ရှိမှာလည်းဖန်တီးအိမ်အဖွဲ့ကို ဦးစီးနေတော့ ကိုယ်နိုင်ငံရေးထဲဝင်ပါရင် ဒီအလုပ်တွေအတွက် အချိန်ပေးနိုင်ပါ့မလားပေါ့ တွေးမိတယ်။ ဒီအချိန်မှာ အန်တီစုက လည်း ရွေးကောက်ပွဲဝင်ပြိုင်မယ်ဆိုတော့ အန်တီ့ကို ကူညီချင်ဝိုင်းရံချင်လို့ NLD ပဲဝင်ပြိုင်ဖို့ ဆုံးဖြတ်ခဲ့တယ်။ နောက်တစ်ခုက ဘာလဲဆိုတော့ နိုင်ငံရေးလုပ်တယ်ဆိုတာက ကိုယ်ကျိုးမဖက်ရင် အကြီးဆုံး ပရဟိတ လုပ်ခြင်းဖြစ်ပါတယ်။ ဒီလိုတွေကြောင့် ဝင်ပြိုင်ဖြစ်တယ်။

ဝင်ပြိုင်ရာမှာ ဒိုက်ဦးမဲဆန္ဒနယ်နေဝင်ပြိုင်မှာဖြစ်တယ်။ အစ်မက ဒိုက်ဦးမှာ ၁၀နှစ်လောက် နေခဲ့ဖူးတယ်လေ။ ဒါကြောင့်ပါ။ ဒိုက်ဦးမှာက ရေပြဿနာ အဓိကပေါ့ရေကောင်းရေသန့်ရဖို့ အခက်အခဲရှိတယ်။ ဝေါ တို့ရွှေကျင်တို့မှာဆို နှစ်စဉ်ရေကြီးတယ်။ အစ်မက သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေး နဲ့ပတ်သက်ပြီးတော့ လုပ်ခဲ့ဖူးတော့ ဒီကိစ္စတွေမှာ ဘယ်လိုဆောင်ရွက် ပေးရမယ်ဆိုတာ အတွေ့အကြုံရှိတယ်။

ဒါကို သုတေသနလုပ်ပြီး ရေတို ရေရှည် စီမံကိန်းနဲ့ သေချာလုပ်ပေးချင်တယ်။ နိုင်ငံတစ်ခုလုံးအတွက်ဆိုရင်တော့ အစ်မက လက်ရှိမှာ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေး၊ အမျိုုးသားရင်ကြားစေ့ရေး ဆိုတဲ့ NLD ရဲ့အဓိကရည်ရွယ်ချက်တွေကို လည်ူ ပံ့ပိုးလုပ်ဆောင်နေတယ်။ ကျားမ တန်းတူညီမျှရေးလည်းလုပ်ဆောင်နေသူလည်း ဖြစ်တယ်။ ဒါတွေကိုလည်း ဆက်လုပ်သွားမယ်။

ပြီးခဲ့တဲ့ရွေးကောက်ပွဲထက်စာရင် အခု ရွေးကောက်ပွဲမှာ  အမျိုးသမီးကိုယ်စားလှယ်လောင်းတွေ ဝင်ပြိုင်တာပိုများလာမယ်လို့တွေ့ရတယ်။ အစ်မအနေနဲ့ကလည်း ၂၀၁၀  ရွေးကောက်ပွဲပြီးက တည်းက အမျိုးသမီးကိုယ်စားလှယ်တွေ ၁၀ ရာခိုင်နှုန်းကနေ ၁၅ရာခိုင်နှုန်းအထိ တိုးတက်လာဖို့ စိုက်လိုက်မတ်တပ် လုပ်ဆောင်ခဲ့သူ တွေထဲကတစ်ဦးဖြစ်တော့ ကိုယ်ရည်မှန်းတဲ့အတိုင်း ငါးနှစ်အတွင်း ရလဒ်တွေ တိုးတက်လာတာကိုတွေ့တော့ ကျေနပ်မိတယ်။

ဒေါ်ကြည်ကြည်မော် ( ဒီမိုကရက်တစ်ပါတီ(မြန်မာ) )

ကျွန်မက ၁၉၈၈ မှာကတည်းက နိုင်ငံရေးအတွေကအကြုံရှိတယ်။ အဲဒီမှာကတည်းက နိုင်ငံ့အရေးကို လူငယ်တွေလည်း ဝင်ပါရမယ်ဆိုတဲ့အသိရခဲ့တယ်။ အခု အသက်၄၀ကျော်မှာ တော့ နိုင်ငံရေးကို ဆည်းပူး လေ့လာမှု တော်တော်ရှိလာခဲ့တယ်။ ဒီအချိန်မှာ ကျွန်မသိထားတွေ တတ်ထားတာတွေကို ပြည်သူတွေအတွက် ပြန်ပြီး အသုံးချချင်စိတ် ပြုပြင်ပြောင်းလဲရေးမှာ တစ်တပ်တစ်အား ပါဝင်လိုစိတ်နဲ့ ဝင်ရောက်ရွေးချယ်ခံတာပါ၊

ကျွန်မဝင်ရွေးခံမယ့်  တောင်ဒဂုံမဲဆန္ဒနယ်ဆိုတာ  ဆင်ခြေဖုံး ရပ်ကွက်တွေများတယ်။ တိုင်းနဲ့ ပြည်နယ် စစ်တမ်းတွေအရဆိုရင် ဆင်းရဲသူ အများစုနေထိုင်ရာဖြစ်တယ်။ ဒီတော့ အခြေခံလို အပ်ချက်တွေ များတယ်။ ပြည်သူ့အသံနားထောင်ပြီး ကိုယ်တတ်နိုင်တဲ့ဘက်က လုပ်ဆောင်ပေး ချင်တယ်။ ဒီလိုတစ်ဖက်က လိုအပ်ချက်တွေလုပ်ဆောင်ပေးရင်းနဲ့  အသိပညာပေးမှုတွေကိုလည်း လုပ်သွားမယ်။

၂၀၁၅မှာ နိုင်ငံရေးပါတီတွေများလာတယ်။ ဒါဟာပိုပြီး ဒီမိုကရေစီဆန်လာတယ်။ ကိုယ်စားလှယ်ပိုများ လာပြီး အားလုံးက တိုင်းပြည်အတွက် ရည်ရွယ်ချက်ကိုယ်စီနဲ့ လှုပ်ရှားတာဆိုတော့ မြိုင်မြိုင်ဆိုင် ဆိုင်ရှိတာပေ့ါ၊

အမျိုုးသမီးတွေလွှွှတ်တော်ထဲများများရောက်လေ အမျိုုးသမီးတွေအသံ လိုအပ်ချက်တွေကို ပိုမို သိရှိရလေပါပဲ။ အမျိုုးသမီးတွေလိုအပ်ချက်ကို  လွှတ်တောိကိုယ်စားလှယ်ကို ပြော၊ဒီတော့  ကိုယ်စားလှယ်က လွှတ်တော်ထဲမှာပြန်တင်ပြ ဒီတော့ လွှတ်တော် နဲ့ ပြည်သူအားလုံးသိ ဒီစက်ဝိုင်း မှန်မှန်လည်ပတ်ဖို့  အမျိုုးသမီးတွေလွှွှတ်တော်ထဲများများရောက်ဖို့  လိုကို လိုတာပေါ့။

ဒေါ်လဲ့လဲ့ဝင်းဆွေ (  ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ)

အန်တီက ၉၃ ကတည်းက ကြံ့ခိုင်ရေးပါတီဝင်ဖြစ်တော့ အခုလည်း  ကြံ့ခိုင်ရေးပါတီကပဲ ဝင်ပြိုင် မယ်။ ဘယ် မဲဆန္ဒနယ်ရယ်လို့တော့မပြောနိုင်သေးဘူး။ တိုင်းပြည်အတွက် အရင်ကတည်းက လုပ်ပေးေနေတာ လုပ်ပေးချင်တာတွေ အများကြီးပဲ ၊လွှွှတ်တော် ကိုယ်စားလှယ်ဖြစ်တော့ ပိုလုပ်လာနိုင်တာ တွေ့ရတော့ ထပ်မံယှဉ်ပြိုင်ဖို့ ဆုံးဖြတ်ခဲ့တာပါ။

တိုင်းပြည်အတွက် စီးပွားရေး၊ လူမှုရေးပညာရေး၊ ကျန်းမာရေး၊စားဝတ်နေရေး လမ်ပန်းဆက်သွယ်ရေး ကဏ္ဍအားလုံးကို တိုးတက်စေချင်တယ်၊ ဥပမာ-ကျန်းမာရေးဆိုရင် အစိုးရက ပံ့ပိုးမှုပေးပေမယ့် ထိရောက်မှုက လိုနေသေးတယ်၊ အန်တီတို့ ပြည့်ခိုင်ဖြိုးပါတီမှာ ဖြိုးစေတနာဆေးခန်းရှိတယ်၊အဲဒီမှာ အဆုတ်၊လည်ချောင်း ကင်ဆာဝေဒနာရှင်တွေ ကိုယ်ဝန်ဆောင်တွေ ကုသပေးနေရတုန်းပါပဲ။ ဒါဟာ ဘာကို ပြလည်းဆိုတော့ ကျန်းမာရေး ဘတ်ဂျတ်ကမလုံလောက်သေးဘူးဆိုတာပဲ၊

နောက်ထပ်ပြောရရင် အုပ်ချုုပ်ရေးမှူးတွေပိုင်းမှာလိုသေးတယ်။ လာဘ်ပေးလာဘ်ယူတွေ ရှိသေးတယ်။ ဒီလွှွှတ်တော်ငါးနှစ်သက်တမ်းမှာ လွှတ်တော်ထဲမှာ တော့ပြောင်းပေမယ့် အောက်ခြေ အဆင့်မှာ မပြောင်းလဲသေးဘူး၊ တီထွင်ကြံဆပြီး လာဘ်ယူတာက ရှိနေတုန်းပဲ၊ အန်တီတို့ ကွင်းဆင်း ရင် အရမ်းဆင်းရဲတဲ့ ပြည်သူတွေတွေ့ရတယ်။ အန်တီလည်း ပြည်သူတစ်ယောက်အနေနဲ့ ခံစားရ တယ်၊  
နောက်ပြီး အုပ်ချုပ်ရေးအပြင် တရားရေးမဏ္ဍိုင်ကိုလည်း တည့်မတ်ပေးချင်တယ်။ ဒါတွေကို နောက်ထပ် လွှတ်တော်သက်တမ်းမှာ လုပ်ဆောင်ပေးနိုင်မယ်လို့ အန်တီအနေနဲ့  မျှော်လင့်တယ်။

အခုလာမယ့် ရွေးကောက်ပွဲမှာ အမျိုးသမီးတွေ ပိုများလာတယ်။ အန်တီဒါကို သိပ်ကြိုက်တယ်၊ မြန်မာ့ လူဦးရေ ထက်ဝက်ကျော်ရှိနေတဲ့  အမျိုးသမီးတွေ အုပ်ချုပ်ရေးပိုင်းမှာ ပါဝင်လာတာကို အန်တီ ကြိုဆိုတယ်။ တိုင်းနဲ့ပြည်နယ်တွေမှာ ရှိတဲ့ ကျေးရွာတွေက အမျိုးသမီးတွေက ဥပဒေပိုင်းဆိုင်ရာမှာ သိပ်နားမလည်ဘူးသူတို့ ဖွံ့ဖြိုးတိုးတက်ဖို့ လုံခြုံဖို့ဥပဒေတွေ၊ အသက်ဝင်မှုတွေလိုတယ်၊ ဒီအတွက် အမျိုးသမီးကိုယ်စားလှယ်တွေ များများလိုတယ်၊ တိုင်းပြည်နဲ့ လူမျိုးအတွက် အမျိုးသမီးတွေအနေနဲ့ မိသားစုအရေးကို နည်းနည်းတတ်နိုင် နည်းနည်း များများတတ်နိုင်များများစွန့်လွှတ်ပြီး ဝင်ပါသင့် တယ်လို့ပြောချင်ပါတယ်။

ဒေါ်ချယ်ရီဆွေ (   တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ)

လက်ရှိမှာ ကျွန်မက တရားလွှွှတ်တော်ရှေ့နေဖြစ်တဲ့အတွက် တောင်သူလယ်သမားတွေရဲ့ အမှုကိစ္စတွေ လိုက်လံ ဆောင် ရွက်နေတယ်၊လယ်သိမ်းခံ တောင်သူလယ်သမားတွေအတွက် ပုံစံ ၇ ရရှိအောင်လုပ်ဆောင်ပေးနေတယ်။ ဒီလို အခြေခံ လူတန်းစားဖြစ်တဲ့ တောင်သူလယ်သမား အလုပ်သမားတွေရဲ့ အခွင့်အရေးအတွက် တိုက်ရိုက်ကူညီဆောင်ရွက်ပေးချင်တယ်ဆိုတဲ့ ဆန္ဒကြောင့် ဝင်ရောက်ယှဉ်ပြိုင်တာပါ။

ကြိုတြင်ပင်ဆင်မှုကတော့ အထူးတလည်မရှိဘူး။ ဘာ လို့လည်းဆိုတော့ တရားလွှွှတ်တော် ရှေ့နေဖြစ်တာမို့ တရားရုံးမှာ ပြည်သူတွေနဲ့ အမြဲ ထိတွေ့မှုရှိတယ်၊ပြည်သူတွေတောင်းဆိုချက် လိုအပ်ချက်တွေကို အမြဲ တွေ့ထိသိရှိနေတယ်။ အားပေးမှုကို လည်း ရရှိထားတယ်၊ပြီးတော့ စနေ၊တနင်္ဂနွှေတိုင်းမှာ တောင်သူလယ်သမားတွေရှိတဲ့ ရွာတွေကိ ုသွား လာလေ့ရှိတယ် ကွင်းဆင်းတယ် အခုလည်း ပါတီအဖွဲ့ဝင်တွေနဲ့အတူ ကွင်းဆင်းနေတုန်းပါပဲ။ ဒီလို လက်တွေ့လုပ် ပေးရင်းနဲ့ပဲ ပြည်သူကို စည်းရုံးပါတယ်။ ပြည်သူ့အားကိ ုယူပါတယ်။တကူးတကန့်မဲဆွယ်တာ စည်းရုံးတာတော့ လုပ်ဖြစ်မယ် မထင်ပါဘူး၊ ပြည်သူအတွက်ကို ကျွန်မလုပ်နိုင်သမျှ အများဆုံး ဆောင်ရွက်ပေးနေပါတယ် ဒါကိ ုဒေသခံတွေ သိရှိပြီးဖြစ်ပါတယ်။

အခုလာမယ့်ရွေးကောက်ပွဲမှာကျွန်မလိုပဲ ဝင်ပြိုင်တဲ့ အမျိုးသမီးတွေ ရှိတယ်။ ပြီးခဲ့ တဲ့ ရွေးကောက်ပွဲထက်လည်း အမျိုးသမီးပိုများလာတယ်။ ဒါဟာ အမျိုးသမီးတွေ စွမ်းရည်တွေ ပိုမြင့်တက်လာတယ် ဆိုတာ ပြနေတာပါပဲ။  

ဒေါ်မာမာချို (ကရင်ပြည်သူ့ပါတီ)

ကျွန်မအနေနဲ့ အမျိုးသမီးအရေးကို အရင်ကတည်းက အမျိုးသမီးအဖွဲ့များကွန်ရက် (WON) မှာ လှုပ်ရှားခဲ့ တယ်၊အမျိုးသမီးတွေ ခေါင်းဆောင်ပိုင်းဆိုင် ရာနဲ့ ဆုံးဖြတ်ချက်ချတဲ့ နေရာမှာ ပါဝင်သူဖြစ်စေ ဖို့ပြောနေရုံ၊တောင်းဆိုနေရုံနဲ့ မပြီးလို့ ဝင်ပြိုင်တာပါ၊ အမျိုသားလွှတ်တော်နဲ့ ပြည်သူ့လွှတ်တော်က ဥပဒေပြုတဲ့နေရောတွေဖြစ်တယ်၊အမျိုးသမီးတွေနဲ့ ကလေးတွေ အတွက် အကျိုးပြုမယ့် ဥပဒေတွေပြုနိုင် ဖို့အတွက် ပြည်သူ့လွှတ်တေ်ာမှာ ဝင်ရောက်ရွေးချယ်ခံ တာဖြစ် ပါတယ်။

ကျုံပျော်မှာဆိုရင် အခုကတည်းက ပြည်သူနဲ့ တိုက်ရိုက်ထိတွေ့နေပါပြီ ၊အဲဒီကရွာတွေဆို မြို့နဲ့ သုံးနာရီလောက်ပဲသွားရတာပါ၊ ဒါပေမဲ့ မီးမရှိကြဘူး၊ မြျို့ပေါ်မှာလည်း မီးက မမှန်ပါဘူး၊ ရွာတွေဆို ပိုဆိုးပေါ့၊ပြီးတော့ ပညာရေးနိမ့်ကျနေတယ်၊ကျောင်းတွေလိုတယ်၊လမ်းပန်းဆက်သွယ်ရေးကလည်း မကောင်းဘူး။ လမ်းပန်းမကောင်းတော့ ကလေးတွကျောင်းတက်ဖို့ ခက်တော့ ပညာရေးလည်း ခက်နေတယ်၊

အစ်မဝင်ပြိုင်မယ့် ဧရာဝတီတိုင်း တဝိုက်မှာ လယ်သိမ်း၊ေ မြသိမ်းပြဿနာတွေများတယ်။ ဒီလိုသိမ်းတော့ လယ်သမားက ဘာမှ လုပ်စားလို့မ၇တော့ဘူး။ စားဝတ်နေရေးထိခိုက်တယ်၊ဒါတွေကို လွှတ်တော်ထဲမှာ တောင်းဆိုချင်တယ်။

အခုချိန်ထိသိရတဲ့ စာရင်ေးတွအရအမျိုးသမီးကိုယ်စားလှယ်လောင်းတွေ ၂၀၁၀ထက်ပိုများ လာတယ် ဆိုတာ တွေ့ရတယ်။ ကျွန်မကိုယ်တိုင်လည်းWONမှာ လှုပ်ရှားနေကတည်းက  အမျိုး သမီးကိုယ်စား လှယ်လောင်းတွေများလာဖို့ လှုပ်ရှားခဲ့ တယ်၊ ခုလိုများလာတာတွေ့ရတော့ တအားဂုဏ်ယူတယ်၊ ဝမ်းသာတယ်၊ကိုယ်တွေ အမျိုးသမီးအဖွဲ့တွေ ကြိုးစားလို့ ရလာတဲ့ ရလဒ်တစ်ခုအဖြစ်မြင်ရတာ အင်မတန်ဝမ်းသာတယ်။

အမျိုးသမီးတွေ အနိုင်ရအောင်ကြိုးစားဖို့ တိုက်တွန်းချင်တယ်။ အမျိုးသမီးနဲ့ ကလေးတွေအတွက် အမျိုးသမီးတွေက ထိရောက်အောင် လုပ်ဆောင်နိုင်တယ်ဆိုတာ သက်သေတွေရှိပြီးဖြစ်တယ်၊
အစ်မအနေနဲ့ စစ်မှန်တဲ့ ဒီမိုကရေစီ နိုင်ငံသစ်ရောက်ရှိဖို့ နိုင်ငံသားတစ်ယောက်အနေနဲ့ မျှော်မှန်းတယ်၊ ဒီအတွက် 'စစ်မှန်တဲ့ ဒီမိုကရေစီဖော်ဆောင်မယ့် အရပ်သားအစိုးရ'တက်လာစေရေး ဆိုတဲ့ အပြောင်းအလဲကို လိုချင်လို့ဝင်ပြိုင်တာပါ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly