ရွန်နီနှင့် မိုဗစ်ကို မန်ယူတွင် မော်ရင်ဟို ဆက်ရှိနေစေလို

ရွန်နီနှင့် မိုဗစ်ကို မန်ယူတွင် မော်ရင်ဟို ဆက်ရှိနေစေလို

 

မန်ချက်စတာ၊ မတ်လ ၄။      ။ မန်ယူနည်းပြမော်ရင်ဟိုက ဝါရင့်တိုက်စစ်မှူးများဖြစ်သည့် မိုဗစ်နှင့် ရွန်နီကို အသင်းတွင် ဆက်ရှိနေစေလိုကြောင်း ပြောဆိုလိုက်သည်။

မိုဗစ်(၃၅ နှစ်)မှာ ယခုရာသီအကုန်တွင် စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီး ရွန်နီ(၃၁ နှစ်)မှာလည်း ပွဲထွက်ခွင့် ပျောက်ဆုံးနေသည့်အတွက် အသင်းမှ ထွက်ခွာဖွယ်ရှိသည်ဟု သတင်းများ ထွက်နေသည်။

မော်ရင်ဟိုက "နောက်ရာသီမှ မိုဗစ် ကျွန်တော်နဲ့အတူ ရှိနေမယ်လို့ ထင်ပါတယ်။ ရွန်နီကလည်း မန်ယူမှာ ဆက်ရှိနေမှာပါ။ ကျွန်တော်ကတော့ သူတို့နှစ်ယောက်လုံးကို မန်ယူမှာ ၁၀၀ ရာခိုင်နှုန်း ဆက်ရှိနေစေချင်ပါတယ်။ သူတို့က ကျွန်တော်တို့အတွက် အရမ်းအရေးပါတဲ့ ကစားသမား ဖြစ်နေလို့ပါ" ဟု ဆိုခဲ့သည်။ရည်ညွှန်း - ဘီဘီစီ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly