ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ယနေ့ ညနေပိုင်း နှလုံးခွဲစိတ်ကုသမှု ခံယူမည်

ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ယနေ့ ညနေပိုင်း နှလုံးခွဲစိတ်ကုသမှု ခံယူမည်

ရန်ကုန်၊ မတ် ၄ ။          ။ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း အနေဖြင့် ယနေ့ ညနေပိုင်းတွင် ရန်ကုန်ရှိ ဆေးရုံတစ်ခု၌ နှလုံးခွဲစိတ်ကုသမှုခံယူဖို့ ရှိနေသည်ဟု လှည်းကူးမြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ ဥက္ကဋ္ဌ ဦးမောင်မောင်က အတည်ပြုပြောဆိုသည်။

"သူဟာ နှလုံးအဆီဖုံးတဲ့ ရောဂါနဲ့ ဆေးရုံကို တက်ရမှာပါ၊ ဒီနေ့ ညနေမှပဲ သိရပါမယ်၊ ညနေမှပဲ သတင်းပို့မှာပါ၊ လောလောဆယ်တော့ ရန်ကုန်မှာပဲ ကုသမယ်လို့ သိရပါတယ်" ဟု ဦးမောင်မောင်က မဇ္ဈိမက ဆက်သွယ်မေးမြန်းစဉ် ဖြေဆိုခဲ့သည်။

လက်ရှိ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ရာထူးကို လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး တင်အောင်ထွန်းက ခေတ္တ တာဝန်ယူထားမည်ဖြစ်သည်။

"၄ ရက်နေ့ နောက်ပိုင်း သူနားမယ်လို့ ဟိုနေ့က ခေါ်ပြောတယ်။ လွှတ်တော်က ၂၀ ရက်နေ့ ပြန်စမှာ ဆိုတော့ တက်နိုင်ချင်မှ တတ်နိုင်မယ် အနားယူဖို့လိုတယ်ဆိုပြီး ခေါ်ပြောတယ်" ဟု ပန်းဘဲတန်း လွှတ်တော်ကိုယ်စားလှယ် ဦးသန်းနိုင်ဦးက ဝန်ကြီးချုပ် အနားယူမည့်အကြောင်းကို ထပ်မံ အတည်ပြုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly