အိမ်ခြံမြေဝန်ဆောင်မှု အသင်းက တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ၀န်ဆောင်မှု ချိတ်ဆက်ဆောင်ရွက်မည်

အိမ်ခြံမြေဝန်ဆောင်မှု အသင်းက တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ၀န်ဆောင်မှု ချိတ်ဆက်ဆောင်ရွက်မည်

ရန်ကုန် ဇူလိုင် ၂၅ ။        ။ မြန်မာနိုင်ငံ အိမ်ခြံမြေဝန်ဆောင်မှု အသင်းကို မြန်မာတစ်နိုင်ငံလုံးတွင်  ရုံးခွဲများဖွင့်လှစ် ခဲ့ပြီးဖြစ်၍  အိမ်ခြံမြေရောင်းဝယ်ရေးဆိုင်ရာ ဝန်ဆောင်မှု  အမျိုးမျိုးကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ချိတ်ဆက် ဆောင်ရွက်ပေးသွားမည်ဟု  ဇူလိုင် ၂၅ရက်က M3 Food Center တွင် ပြုလုပ်သည့်မြန်မာနိုင်ငံ အိမ်ခြံမြေဝန်ဆောင်မှု အသင်း စာနယ်ဇင်းရှင်းလင်းပွဲတွင် ယင်းအဖွဲ့၏ ဥက္ကဌ ဦးသန်းဦးက ပြောသည်။

ဦးသန်းဦးက  ‘‘ ရောင်းမှားဝယ်မှားတွေ  မဖြစ်အောင် အိမ်ခြံမြေအကျိုး ဆောင်တွေအနေနဲ့ စနစ်တကျ ဝန်ဆောင်မှု ပေးနိုင်ဖို့ ဥပဒေတွေ ဝန် ဆောင်မှုအသိပညာတွေရရှိလာ အောင် နယ်အလိုက် သင်တန်းပေးပြီး အသင်း ဖွဲ့ဆောင်ရွက် သွားမှာ ဖြစ်တယ်’’ ဟု ပြောသည်။

အဆိုပါ အသင်းသို့ လုပ်ငန်းရှင်အနေဖြင့် ဝင်ရောက်မည်ဆိုပါက  ဒေသတွင်း အိမ်ခြံမြေရောင်းဝယ် ရေး ဖွံ့ဖြိုး တိုးတက်စေရန် အတွက် မြန်မာနိုင်ငံ  အိမ်ခြံမြေဝန်ဆောင်မှု အသင်းမှ ဖွင့်လှစ်သည့် သင်တန်းသို့ တက်ရောက်အောင်မြင်ပြီးသူဖြစ်ရပြီး  အသင်းဝင်ကြေးကျပ် ငါးသောင်း၊  နှစ်စဉ်ကြေး ကျပ် သုံးသောင်းပေးဆောင်ရမည်ဖြစ် ကြောင်း သိရသည်။

ကုမ္ပဏီအဖွဲ့အစည်း အနေဖြင့် ဝင်ရောက်မည်ဆိုပါက အသင်းဝင်ကြေး ကျပ်တစ်သိန်း၊  နှစ်စဉ်ကြေး ကျပ် ၃၆,၀၀၀ပေးသွင်းရမည်ဖြစ်သည်။ မြန်မာနိုင်ငံ  အိမ်ခြံမြေဝန်ဆောင်မှုအသင်း သည်မြန်မာနိုင်ငံ ကုန်သည်ကြီး များနှင့် စက်မှုလက်မှုလုပ်ငန်းအသင်း၏  ၆၁ ခုမြောက် ညီနောင်အသင်းတစ်သင်းလည်းဖြစ်သည်။

မြန်မာနိုင်ငံ အိမ်ခြံမြေဝန်ဆောင်မှု အသင်းကို  ၂၀၁၂ခုနှစ် ဇူလိုင် ၇ရက်က  ရန်ကုန်မြို့တွင် စတင်ဖွဲ့စည်းခဲ့သည်။ ပထမဆုံးရုံးခွဲကို မန္တလေးမြို့တွင်  ၂၀၁၂ခုနှစ် အောက်တိုဘာက စတင်ဖွင့်လှစ် ခဲ့ကာ နောက်ဆုံးရုံးခွဲအဖြစ်  ၂၀၁၅ခုနှစ် ဇွန်လက တွင် ချင်းပြည်တွင်ဖွင့်လှစ်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly