ရန်ကုန်မြို့တွင်း တန်ဖိုးသင့်အိမ်ရာ အကောင်အထည်ဖော်ရေးတွင် Surbana Juroung က နည်းပညာပိုင်းဆိုင်ရာ အကြံဉာဏ်များပေးမည်

ရန်ကုန်မြို့တွင်း တန်ဖိုးသင့်အိမ်ရာ အကောင်အထည်ဖော်ရေးတွင် Surbana Juroung က နည်းပညာပိုင်းဆိုင်ရာ အကြံဉာဏ်များပေးမည်

ရန်ကုန်၊ မတ် ၃ ။             ။ ရန်ကုန်မြို့အတွင်း တန်ဖိုးသင့်အိမ်ရာများ အကောင်အထည်ဖော်ရေးတွင် Surbana Jurong က နည်းပညာဆိုင်ရာအကြံဉာဏ်များကို ထောက်ပံ့ပေးသွားမည်ဟု သိရသည်။

ထိုသို့ နည်းပညာဆိုင်ရာ ထောက်ပံ့မှုပြုလုပ်နိုင်ရန်အတွက် မတ်လ ၃ရက်က ဆူးလေ ရှန်ဂရီလာဟိုတယ်တွင် မြန်မာနိုင်ငံဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်း(MCEA) နှင့် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့သည်။

“စစချင်းကတော့ ရန်ကုန်မှာ အိမ်ရာတွေဆောက်တဲ့အပိုင်းမှာ MCEA အတွက် Surbana Jurong က နည်းပညာပိုင်းဆိုင်ရာ အကြံဉာဏ်တွေပေးသွားမယ်။ ရန်ကုန်ပြီးသွားရင်တော့ တစ်နိုင်ငံလုံးအတိုင်းအတာ ဖြစ်သွားမယ်။ လောလောဆယ်တော့ ရန်ကုန်မှာလဲ ပရောဂျက်တွေရှိနေတဲ့အတွက် အချိန်တိုအတွင်း အိမ်ရာတွေ မြန်မြန်ပြီးအောင် နည်းပညာပိုင်းဆိုင်ရာ အကြံဉာဏ်တွေပေးသွားမယ်။” ဟု Surbana Jurong မှ International CEO Mr.Teo Eng Cheong က မဇ္ဈိမကို ပြောသည်။

Surbana Jurong ဆိုသည်မှာ စင်ကာပူနိုင်ငံတွင်အခြေစိုက်သည့် အာရှအခြေစိုက် မြို့ပြတည်ဆောက်မှု စက်မှုလုပ်ငန်းနှင့် အခြေခံအဆောက်အအုံဖွံ့ဖြိုးမှုဆိုင်ရာ အတိုင်ပင်ခံလုပ်ငန်းဖြစ်သည်။   မြန်မာနိုင်ငံဈေးကွက်သို့ ဖြန့်ကျက်လာသည်မှာ လေးနှစ်ခန့်ရှိနေပြီး ကြီးမားသည့် ဆောက်လုပ်ရေးလုပ်ငန်းများတွင် နည်းပညာနှင့်ဗိသုကာဆိုင်ရာအကြံဉာဏ်များ ပေးခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly