ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ်ကဏ္ဍသည် လာမည့်နှစ်တွင် ကျပ် ၉၀၀ ဘီလီယံခန့် အရှံုးပေါ်နိုင်ဟုဆို

ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ်ကဏ္ဍသည် လာမည့်နှစ်တွင် ကျပ် ၉၀၀ ဘီလီယံခန့် အရှံုးပေါ်နိုင်ဟုဆို

ရန်ကုန်၊ မတ်၃ ။           ။ လျှပ်စစ်ထုတ်လုပ်ဖြန့်ဖြူးသည့် စားရိတ်နှင့် ပြန်လည်ရောင်းချသည့်စားရိတ်တို့တွင် ဝင်ငွေအချိုးစားမမျှတခြင်းတို့ကြောင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း လာမည့် (၂၀၁၇-၂၀၁၈) ဘဏ္ဍာနှစ်တွင် လျှပ်စစ်ဓာတ်အားပြည့်မီအောင် ထုတ်လုပ်မည်ဆိုပါက ကျပ် ၉၀၀ ဘီလီယံခန့် ဆုံးရှုံးမည်ဟု ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ်၊ စက်မှုလက်မှု နှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး   ဒေါ်နီလာကျော်ကပြောသည်။    

ယနေ့နံနက်က ရန်ကုန်မြို့ UMFCCI တွင် ပြုလုပ်ခဲ့သည့် ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ်နှင့် စွမ်းအင်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ဆွေးနွေးပွဲတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ရန်ကုန်တိုင်းနှင့်ကိုက်ညီပြီး လက်တွေ့ကျသည့် ရေရှည်စီမံကိန်းကို ရေးဆွဲသွားမည်ဖြစ်ကြောင်းလည်း ဝန်ကြီးက ဖြည့်စွက်ပြောကြားသည်။

“ကျွန်မတို့ နိုင်ငံမှာ ရေရှည်ပေါ့နော်။ လျှပ်စစ်ဓာတ်အားကို ဘယ်နေရာမှာ အခြေတည်ပြီးတော့ ထုတ်လုပ်မယ်။ ဘယ်လိုပုံစံနဲ့ထုတ်လုပ်မယ်၊ ဘယ်လိုလောင်စာစွမ်းအင်တွေကို အသုံးပြုမယ်။ ဒါတွေကို အများကြီး လေ့လာသုံးသပ် အဖြေရှာပြီးတော့ အခုကစဆောင်ရွက်မှ နောက် ၄ နှစ် ၅ နှစ်မှာ ရေရှည်အဆင်ပြေနိုင်မှာဖြစ်ပါတယ်” ဟု ဒေါ်နီလာကျော်ကပြောသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း လျှပ်စစ်သုံးယူမှုသည် မြန်မာတစ်နိုင်ငံလုံး၏ ၂၅ ရာခိုင်နှုန်းခန့်ရှိပြီး ယမန်နှစ်က ရန်ကုန်တိုင်းဒေသကြီးအတွင်း လျှပ်စစ်ကဏ္ဍအတွက် ကျပ် ၄၇၀ ဘီလီယံခန့် နိုင်ငံတော်က စိုက်ထုတ်ပေးခဲ့ရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly