အော်လန်ဒိုဘလွန်းနှင့် လမ်းခွဲခဲ့မှုတွင် မည်သူ့ကိုမှ အပြစ်တင်စရာမလိုကြောင်း ကေတီပယ်ရီပြော

အော်လန်ဒိုဘလွန်းနှင့် လမ်းခွဲခဲ့မှုတွင် မည်သူ့ကိုမှ အပြစ်တင်စရာမလိုကြောင်း ကေတီပယ်ရီပြော

နာမည်ကျော်အဆိုတော် ကေတီပယ်ရီသည် မင်းသားအော်လန်ဒိုဘလွန်းနှင့် လမ်းခွဲပြတ်ဆဲခဲ့သည့် သူမ၏ အချစ် ရေးကိစ္စနှင့် ပတ်သက်၍ ပထမဦးဆုံးအကြိမ်အဖြစ် ထုတ်ဖော်ပြောကြားခဲ့သည်။

သူမသည် အော်လန်ဒိုဘလွန်းနှင့်အတူ ချစ်သူအဖြစ် လက်တွဲခဲ့ပြီး ၁၅လအကြာတွင် လမ်းခွဲခဲ့သည်။

ပရိတ်သတ်ပေါင်း သန်း ၉၀ ခန့် ရှိသည့် သူမ၏ တွစ်တာ၌ နှစ်ဦးသား လမ်းခွဲခဲ့မှုတွင် မည်သူ့ကိုမှ အပြစ်တင်စရာမလို ကြောင်းနှင့် မည်သူကမှ ဗီလိန်မဟုတ်ခဲ့ပါဟု ရေးသားခဲ့သလို သူမ၏ မိုင်လီဆိုင်းရပ်ကဲ့သို့ ဆံပင်ပုံစံအသစ်ကို လည်းတွစ်တာပေါ်၌ တင်ခဲ့ကာ ပရိတ်သတ်များကို ပြသခဲ့သည်။

ကေတီပယ်ရီနှင့် အော်လန်ဒိုဘလွန်းတို့ ချစ်သူမဖြစ်ခင်က ၎င်းတို့နှစ်ဦးစလုံးတွင် ယခင်အိမ်ထောင်ရှိခဲ့ကြဖူး သည်။ အော်လန်ဒိုဘလွန်းသည် ဇနီးဟောင်း မီရန်ဒါခါးနှင့် ၂၀၁၃ခုနှစ်တွင် ကွာရှင်းပြတ်ဆဲခဲ့သလို ကေတီပယ်ရီ သည်လည်း ၂၀၁၂ခုနှစ်တွင် ခင်ပွန်းဟောင်း ဗြိတိန် ဟာသသရုပ်ဆောင် ရက်ဆဲလ်ဘရန်းနှင့် ပြတ်ဆဲခဲ့သည်။

ကေတီပယ်ရီက သူမနှင့် အော်လန်ဒိုဘလွန်းတို့နှစ်ဦးစလုံးသည် သူငယ်ချင်းများအဖြစ် ဆက်လက်ရှိနေကြမည်ဟု ပြောခဲ့ပြီး ပြီးခဲ့သော တနင်္ဂနွေနေ့က ကျင်းပခဲ့သည့် အော်စကာဆုပေးပွဲ၌ အတူတကွ ဓာတ်ပုံရိုက်ခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags