၆လ သက်တမ်းရှိ အသေးစားလုပ်ငန်းများကို (၅)သိန်းမှ သိန်း(၅၀) အထိ ငွေထုတ်ချေးပေးသွားမည်

၆လ သက်တမ်းရှိ အသေးစားလုပ်ငန်းများကို (၅)သိန်းမှ သိန်း(၅၀) အထိ ငွေထုတ်ချေးပေးသွားမည်

ရန်ကုန်၊ မတ် ၃ ။             ။ လုပ်ငန်းသက်တမ်း ၆လ ရှိပြီးသော အသေးစားလုပ်ငန်းများကို ကျပ် ၅သိန်းမှ ကျပ်သိန်း ၅၀ အထိ ငွေထုတ်ချေးပေးမည်ဟု Alliance လုပ်ငန်းစု၏ CEO ဖြစ်သူ Mr.Kim Guenkel ကပြောသည်။

ဒိန်းမတ်သံရုံးတွင် ယနေ့ (မတ်လ ၃ရက်) နံနက်က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ယင်းကဲ့သို့ ပြောကြားခဲ့သည်။

ငွေချေးရာတွင် တစ်လျှင် အတိုးနူန်း ၂.၅ရာခိုင်နူန်းဖြင့် ထုတ်ချေးပေးနေပြီး လစဉ် (၁) သိန်းမှ (၃) သိန်း ဝင်ငွေရှိပြီး (၆) လ သက်တမ်းရှိသော ကိုယ်ပိုင်လုပ်ငန်း ပိုင်ဆိုင်ထားသူများကို   ချေးငွေထုတ်ပေးမည် ဖြစ်သည်။

"ပထမဦးဆုံး ပစ်မှတ်ထားတာကတော့ ခြောက်သွေ့ဒေသတွေဖြစ်တဲ့ မန္တလေး၊ မကွေး၊ ရှမ်းပြည်နယ် နဲ့ စစ်ကိုင်းတိုင်း တို့ပါဝင်နေပြီး နောက်နှစ်နှစ် သုံးနှစ်မှာတော့ တစ်နိုင်ငံလုံးလွှမ်းခြုံနိုင်အောင်   ပြုလုပ်သွားမှာပါ" ဟု Mr. Kim Guenkel ကပြောသည်။

လုပ်ငန်းစုမှ ချေးငွေအတွက် အမေရိကန်ဒေါ်လာ သိန်းပေါင်း (၆.၁) သန်း ရင်းနှီးထားပြီး လက်ရှိတွင် ချေးငွေယူထားသူ အရေအတွက်မှာ ၄သောင်း၄ထောင် ရှိနေပြီ ဖြစ်သည်။

ချေးငွေများကို မန္တလေးမြို့နှင့် အမရပူရမြို့များတွင် ထုတ်ချေးပေးနေခြင်းဖြစ်သည်။

လာမည့်နှစ်တွင် လူနှစ်သိန်းအထိကို ချေးငွေထုတ်ပေးနိုင်ရန် စီစဉ်သွားမည်ဖြစ်သည် ဟု Mr.Kim Guenkel ကပြောသည်။

အဆိုပါ Alliance အဖွဲ့ကို ၂၀၁၄ ခုနှစ်၌ စတင်ဖွဲ့စည်းခဲ့ပြီး ဒိန်းမတ်နိုင်ငံအခြေစိုက် IFU နှင့် စင်္ကာပူနိုင်ငံ အခြေစိုက် BOPA တို့ ပူးပေါင်းပါဝင်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly