အသက်အန္တရာယ်ခြိမ်းခြောက်မှုကြောင့် အော်စကာဆုပေးပွဲ၌ အမှားလုပ်မိသူ နှစ်ဦးအား ကိုယ်ရံတော်များ ပေးထား

အသက်အန္တရာယ်ခြိမ်းခြောက်မှုကြောင့် အော်စကာဆုပေးပွဲ၌ အမှားလုပ်မိသူ နှစ်ဦးအား ကိုယ်ရံတော်များ ပေးထား

ပြီးခဲ့သော တနင်္ဂနွေနေ့က ကျင်းပခဲ့သည့် အော်စကာဆုပေးပွဲ၌ အဓိကဆုကြီးအတွက်  ကြေညာမည့် စာအိတ်ကို မှားယွင်းစွာပေးအပ်ခဲ့သော စာရင်းကိုင်နှစ်ဦးကို လူမှုမီဒီယာများပေါ်မှတဆင့် အသက်အန္တရာယ်ခြိမ်းခြောက်မှု များရှိနေသောကြောင့် ကိုယ်ရံတော်များ ငှားပေးထားရသည်။

စာရင်းကိုင် စီးပွားရေးလုပ်ငန်းစုဖြစ်သည့် (PwC) သည် ဘရိုင်ယန်ကူလီနန်နှင့် မာသာရုဇ် တို့နှစ်ဦးသားကြီးမား သောအမှားအယွင်းကြီးကို ကျူးလွန်ခဲ့ပြီးနောက်တွင် ၎င်းတို့နှစ်ဦး နေထိုင်ရာ နေအိမ်များ၌ လုံခြုံရေးအင်အားများ ကိုချပေးထားသည်။

ဆယ်လီဘရစ်တီဝက်ဘ်ဆိုက် TMZ.com က ၎င်းတို့ နှစ်ဦးသည် အသက်ဆုံးရှုံးရမည်ကို ထိတ်လန့်စိုးရွံ့နေကြ ကြောင်းပြောခဲ့သည်။

ပြီးခဲ့သော ဗုဒ္ဓဟူးနေ့တွင် ၎င်းတို့နှစ်ဦးအား အော်စကာဆုပေးပွဲ၌ အလုပ်ပေးတော့မည် မဟုတ်ကြောင်း ကြေညာခဲ့သည်။ သို့သော်လည်း TMZ.com က ၎င်းတို့နှစ်ဦးသည် ၎င်းတို့၏ စာရင်းကိုင်အလုပ်များကိုတော့ ဆုံးရှုံးမည် မဟုတ်ကြောင်း ပြောခဲ့သည်။

PwC ၏ ပြောရေးဆိုခွင့်ရှိသူအမျိုးသမီး ကာရေဘော့ဒန်ဟိန်းမာက ၎င်းတို့နှစ်ဦးနေထိုင်ရာ အိမ်လိပ်စာများနှင့် မိသားစုများ၏ ဓာတ်ပုံများလူမှုမီဒီယာပေါ်၌ ပြန့်နှံ့ သွားခဲ့ပြီးနောက်တွင် ၎င်းတို့နှစ်ဦးအား အစောင့်အရှောက်များ ပေးထားကြောင်း ပြောခဲ့သည်။

ပြီးခဲ့သော တနင်္ဂနွေနေ့က ကျင်းပခဲ့သော ဆုပေးပွဲတွင် ၎င်းတို့နှစ်ဦးက စာအိတ်ကို မှားယွင်းစွာပေးအပ်ခဲ့မှုကြောင့် အကောင်းဆုံး ရုပ်ရှင်ဇာတ်ကားဆုအား La La Land မှရရှိခဲ့သည်ဟု မှားယွင်းစွာကြေညာခဲ့မိပြီး ထို့နောက်တွင် Moonlight ဇာတ်ကားကသာ အမှန်တကယ် ဆုရရှိသည်ဟု ပြန်လည်ကြေညာခဲ့ရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly