လွှတ်တော် ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းသူ ၄၆ ဦးရှိသေး

လွှတ်တော် ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းသူ ၄၆ ဦးရှိသေး

ရန်ကုန် ၂၇ ဇူလိုင် ။       ။ နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲအတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ လွှတ်တော် ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်းထားသူ ဇူလိုင် ၂၆ ရက်အထိ စုစုပေါင်း ၄၆ ဦးသာ ရှိသေးသည်။

နိုင်ငံရေးပါတီ ၇ ခုနှင့် တစ်သီးပုဂ္ဂလတို့မှ တင်သွင်းခြင်းဖြစ်ပြီး ပြည်သူ့လွှတ်တော် အတွက် ၁၀ ဦး၊ အမျိုးသားလွှတ်တော်အတွက် ၄ ဦး၊ တိုင်းဒေသကြီး/ပြည်နယ် လွှတ်တော်အတွက် ၂၃ ဦး၊ တိုင်းဒေသ ကြီး/ပြည်နယ် တိုင်းရင်းသားလူမျိုး လွှတ်တော်ကိုယ်စားလှယ်လောင်း ၉ ဦးတို့ဖြစ်ကြောင်း ကော်မရှင်က ထုတ်ပြန်ထားသည်။

ယင်းတို့သည် ဇူလိုင် ၂၀ မှ ၂၆ ရက်အထိ တစ်ပတ်အတွင်း တင်သွင်းသည့်စာရင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly