နယ်စပ်လူငယ်များ လက်ဝှေ့ကစားရင်း လူကုန်ကူးလျော့နည်းရေး ရည်ရွယ်၍ ပြိုင်ပွဲများ ကျင်းပခြင်းဖြစ်

နယ်စပ်လူငယ်များ လက်ဝှေ့ကစားရင်း လူကုန်ကူးလျော့နည်းရေး ရည်ရွယ်၍ ပြိုင်ပွဲများ ကျင်းပခြင်းဖြစ်

ရန်ကုန် မတ် ၂ ။              ။ မြန်မာလက်ဝှေ့အားကစားသမားများ အသက်မွေးဝမ်ကြောင်းခိုင်မာရန်နှင့် အထူးသဖြင့် နယ်စပ်လူငယ်များ လက်ဝှေ့ကစားရင်း လူကုန်ကူးမှုပြသနာတွေ အနည်းငယ်လျော့ပါးနိုင်သည့် ရည်ရွယ်ချက်ဖြင့် လက်ဝှေ့ ပြိုင်ပွဲများ ကျင်းပခြင်း ဖြစ်သည်ဟု World Lethwei Championship(WLC) လက်ဝှေ့ပြိုင်ပွဲကြီးကို တာဝန်ယူကျင်းပနေသည့် မြန်မာလက်ခမောင်းကုမ္ပဏီ ဥက္ကဋ္ဌ ဦးဇေသီဟက ပြော သည်။

ရန်ကုန်မြို့၊မင်္ဂလာဒုံဥယျာဉ်မြို့တော်ဂေါက်ကွင်းတွင် မနက်ဖန်ကျင်းပမည့် World Lethwei Championship(WLC) လက်ဝှေ့ပြိုင်ပွဲကြီး၏ ပြိုင်ပွဲဝင်ကစားသမားများ ဆေးစစ်၊ ဝိတ်ချိန်နှင့် မီဒီယာတွေ့ဆုံပွဲကို မျှော်စင်ကျွန်း ကရဝိတ်ဥယျာဉ်တွင် ယနေ့ ညနေပိုင်းက ပြုလုပ်ခဲ့စဉ် မဇ္ဈိမသို့ ပြောခဲ့ခြင်းဖြစ်သည်။

"မြန်မာ့လက်ဝှေ့ကို ဝါသနာပါတဲ့လူငယ်တွေဟာ သူတို့ အသက်မွေးဝမ်းကြောင်း ခိုင်မာမှုမရှိရင် တစ်ခြားနေရာကို ရောက်သွားနိုင်တယ်။ အထူးသဖြင့် နယ်စပ်ဒေသက လူငယ်တွေ လူကုန်ကူးမှုပြသနာတွေ၊ငါးဖမ်းသဘောၤနဲ့ ပါသွားတဲ့ပြဿနာတွေ အနည်းငယ်လျော့ပါးသွားနိုင်တယ်ဆိုတဲ့ ရည်ရွယ်ချက်လည်း ပါတယ်" ဟု မြန်မာလက်ခမောင်းကုမ္ပဏီ ဥက္ကဋ္ဌ ဦးဇေသီဟက ပြော သည်။

ထို့ပြင် နိုင်ငံတကာပွဲများ တစ်နှစ်(၉)ကြိမ်ပြုလုပ်မည် ဖြစ်ပြီး မေလ(၅)ရက်နေ့တွင်လည်း ထပ်မံကျင်းပရန် စီစဉ်နေကြောင်းလည်း သိရသည်။

မနက်ဖြန်(မတ်လ ၃ ရက်) ကျင်းပမည့် THE GREAT BEGINNING ဟု အမည်ပေးထားသော World Lethwei Championship ပြိုင်ပွဲတွင် ယှဉ်ပြိုင်မည့် တွဲဆိုင်း ၁၀ ဆိုင်း ပါဝင်မည် ဖြစ်သည်။

ပြိုင်ပွဲကို AGD Bank က အဓိက စပွန်ဆာပေးပြီး မြန်မာလက်ခမောင်းကုမ္ပဏီက တာဝန်ယူ ကျင်းပနေခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly