ငမိုးရိပ်တံတား (မင်္ဂလာတောင်ညွန့်)အား စတင်ဖွင့်လှစ်

ငမိုးရိပ်တံတား (မင်္ဂလာတောင်ညွန့်)အား စတင်ဖွင့်လှစ်
ဇူလိုင် ၂၆ ရက်နေ့ဖွင့်လိုက်သည့် ငမိုးရိပ်တံတား

ရန်ကုန် ၂၇ ဇူလိုင် ။      ။ ရန်ကုန်တိုင်း မင်္ဂလာတောင်ညွန့်နှင့် ဒေါပုံမြို့တို့အား ဆက်သွယ်ထားသည့် ငမိုးရိပ်တံတား (မင်္ဂလာတောင်ညွန့်) အား ဇူလိုင် ၂၆ ရက်မှ စတင်ဖွင့်လှစ်လိုက်ပြီဖြစ်ကြောင်း သိရသည်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီအင်ဂျင်နီယာဌာန (လမ်း/တံတား) က အဆိုပါ တံတားအား ၂၀၁၄ ခုနှစ်၊ အောက်တိုဘာ ၁၈ ရက်က စတင်တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး အနီးတွင် ဆက်လက်ထားရှိသည့် တံတားဟောင်းသည် ကြံ့ခိုင်မှု အားနည်းလာသည့်အတွက် စက်ဘီး၊ ဆိုက်ကားများနှင့် လူများကိုသာ ဖြတ်သန်းသွားလာခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။

“ဒီတံတားကြီး ပြီးသွားတဲ့အတွက် ပုဇွန်တောင်ဘက်ကနေ ဒေါပုံ၊ သာကေတနဲ့ သံလျင် ဘက်ကို သွားချင်တဲ့ ကားတွေအနေနဲ့ သုဝဏ္ဏလမ်းဆုံ မီးပွိုင့်မှာ သွားစောင့်နေစရာမလိုတော့ပါဘူး။ ဒီဘက်က ယာဉ်အသွားအလာများသွားရင် ကျောက်တိုင်မှတ်တိုင် လမ်းဆုံးမှာ တစ်ခါပြန်ပိတ်မှာ စိုးရပါတယ်။ အဲဒီမှတ်တိုင်မှာ ခရီးသည်တင်ကားတွေကလည်း လူအကြာကြီးစောင့်တတ်တော့ ယာဉ်ကြောပိတ်တာ ကို မကြာခဏ ကြုံရပါတယ်” ဟု သံလျင်မြို့မှ ရန်ကုန်သို့ လာရသည့် ဝန်ထမ်းတစ်ဦးက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly