လာမည့် ၂ နှစ်အတွင်း ထိုင်း-မြန်မာနယ်စပ်တွင် နယ်စပ်ဆေးရုံ ငါးခု ဖွင့်လှစ်သွားမည်

လာမည့် ၂ နှစ်အတွင်း ထိုင်း-မြန်မာနယ်စပ်တွင် နယ်စပ်ဆေးရုံ ငါးခု ဖွင့်လှစ်သွားမည်

ဇူလိုင် ၂၇ ရက် ။        ။ ထိုင်းနှင့် မြန်မာ နှစ်နိုင်ငံ ကျန်းမာရေးဝန်ကြီးများက နှစ်နိုင်ငံ နယ်စပ်တစ်လျှောက်တွင် ဆေးရုံ ဆေးပေးခန်း ကျန်းမာရေးဌာန ၅ ခုကို လာမည့် ၂ နှစ်အတွင်း ဖွင့်လှစ်သွားနိုင်ရေး စီစဉ်လျက်ရှိသည်။

မြန်မာနိုင်ငံ၏ စိတ်ကျန်းမာရေးဝန်ဆောင်မှု ဖွံ့ဖြိုးစေရန်နှင့် မြို့ပြနှင့် ဒေသဆိုင်ရာ ကုသရေးဝန်ဆောင်မှု အချိတ်အဆက်များ တိုးချဲ့သွားနိုင်ရေးတို့ကိုလည်း စီစဉ်လျက်ရှိသည်။

ထိုင်းပြည်သူ့ကျန်းမာရေးဝန်ကြီးဌာန ဒေါက်တာရာဂျာတတာရာဂျာတာနာဝန်နှင့် အတူ မြန်မာကျန်းမာရေး ဝန်ကြီး ဒေါက်တာသန်းအောင်သည် ထိုင်းနိုင်ငံ မဲကျန်း ဆေးရုံနှင့် ချင်းရိုင် ပြည်နယ်တွင်းရှိဒေသ ဆိုင်ရာ ကျန်းမာရေးဆေးရုံများသို့ ယခင်သီတင်းပတ်က သွားရောက်ခဲ့ကြပြီး ပြည်နယ်အဆင့်နှင့် ဒေသဆိုင်ရာ ကုသရေးဝန်ဆောင်မှု အချိတ်အဆက်များကို လေ့လာခဲ့ကြသည်။

၂၀၁၃ ခုနှစ်အတွင်းက ထိုင်း-မြန်မာ ၂၀၁၆-၁၈ ဖွံ့ဖြိုးရေးအထူးစီမံကိန်းကို သဘောတူခဲ့ကြသည်။ ယင်းသဘောတူညီမှုအတွင်း တာ့ခ်ပြည်နယ်တွင်း နှစ်နိုင်ငံ နယ်စပ်တစ်လျှောက် ဆေးရုံ ငါးခု ဖွင့်လှစ်သွားရေးလည်း ပါဝင်သည်။

စီမံကိန်းတွင် ဆေးရုံများကို နယ်စပ် အစွန်အဖျား ဒေသများအတွင်း ဆောက်လုပ်သွားရန် ရည်မှန်းထားကြောင်း ရာဂျာတာက ထုတ်ဖော်ပြောကြားသည်။

တစ်ချိန်တည်းမှာပင် ထိုင်းအစိုးရ၏ ထောက်ပံ့မှု လိုအပ်နေသည့် ထားဝယ်အထူးစီးပွားရေးဇုန်အတွင်း ဆေးရုံတစ်ရုံပါ ထည့်သွင်းတည်ဆောက်နိုင်ရေးအတွက်လည်း ဆွေးနွေးမှုများ စတင်နေပြီဖြစ်သည်။

ပါဆန်းခရိုင်ခွဲအတွင်း ဒေသခံများ၏ စေတနာထည့်ဝင်မှုဖြင့် ဆေးရုံတစ်ရုံကို တည်ဆောက်ပြီး ဒေသတွင်း သက်ကြီးရွယ်အိုများ၊ မသန်စွမ်းသူများ သို့မဟုတ် စိတ်ကျန်းမာရေးခံစားနေရသူ စုစုပေါင်း ၄၀၀၀ ဦးခန့်ကို ကုသမှုပေးသွားနိုင်မည်ဖြစ်သည်။

မြန်မာနိုင်ငံ၏ စိတ်ကျန်းမာရေးကုသမှုလုပ်ငန်းအတွက် မြှင့်တင်သွားရန် စီမံကိန်းနှစ်ရပ်ကို ၂၀၁၅-၁၆ တွင် အပြီးသတ်ပြီးစီးအောင် ချမှတ်ထားကြောင်း ရာဂျာတာက ပြောသည်။

ပထမစီမံချက်မှာ စိတ်ကျန်းမာရေးကုသပေးမှုများအတွက် ထိုင်းအစိုးရက မြန်မာနိုင်ငံမှ ဝန်ထမ်းများကို ၂၀၁၆ ခု မေနှင့် ဇူလိုင်လအတွင်း သင်တန်းပေးရန်ဖြစ်သည်။

ဒုတိယမှာ ရောဂါရှာဖွေရေး၊ လိင်နှင့်ပတ်သက်သည့် ရောဂါများ တစ်ဦးချင်းအလိုက် ကာကွယ်ထိန်းချုပ်သွားနိုင်ရေးတို့အတွက် မြှင့်တင်သွားမည်ဖြစ်ပြီး သင်တန်းများကို ၂၀၁၆ ခု မေလတွင် စတင်မည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးနှင့် ကမ္ဘာ့ရန်ပုံငွေအဖွဲ့ကြီးနှစ်ခုက ထိုင်းနိုင်ငံအား အေအိုင်ဒီအက်စ်၊ တီဘီနှင့် ငှက်ဖျားရောဂါတိုက်ဖျက်ရေးတို့အတွက် ထောက်ပံ့ကူညီထားခြင်းဖြစ်သည်။

Ref; The Nation

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly