အငြင်းပွားရေပြင်တွင် တရုတ်ရေတပ် စစ်ရေးလေ့ကျင့်

အငြင်းပွားရေပြင်တွင် တရုတ်ရေတပ် စစ်ရေးလေ့ကျင့်

တောင်တရုတ်ပင်လယ်အတွင်း တရုတ်ရေတပ်က စစ်ရေးလေ့ကျင့်မှုပြုလုပ်ခဲ့ပြီး ရေပြင်ပိုင်နက်ကျုးကျော်သည်ဟု စွပ်စွဲပြစ်တင်နေသော အခြားနိုင်ငံများအား ဝေဖန်ကြောင်း ဆင်ဟွာသတင်း ကဖော်ပြ သည်။

ဟိုင်နန်ကျွန်းအရှေ့ဖက် ရေပြင်တွင် တရုတ်က ရေတပ်လေ့ကျင့်ခဲ့ခြင်းဖြစ်ပြီး ယင်းဧရိယာ နယ်နမိတ်သည့် အခြားနိုင်ငံများကလည်း ပိုင်ဆိုင်သည်ဟု အငြင်းပွားရာ နေရာဖြစ်သည်။

“နိုင်ငံတိုင်းလိုလိုအတွက် ရေတပ်စစ်ရေးလေ့ကျင့်မှုဆိုတာက လုပ်ကြစမြဲပါ။ အခု တရုတ်ရဲ့ နှစ်စဉ်ရေတပ်လေ့ကျင့်မှုက တရုတ်ရေတပ်တိုက်ပွဲဝင်အသင့်ဖြစ်နေအောင်အတွက်ပဲဖြစ်ပါတယ်။

စစ်ချီစစ်တက်မှု ကျွမ်းကျင်အောင်၊ ရှာဖွေရေးနဲ့ ကယ်ဆယ်ရေးလုပ်ငန်းတွေ မြှင့်တင်နိုင်အောင်၊ စစ်ဆင်ရေးစွမ်းရည်မြင့်မားအောင် လေ့ကျင့်ရခြင်းပဲဖြစ်ပါတယ်။”ဟု ရေတပ်ပြောရေးဆိုခွင့်ရှိသူ လျှံယန်း၏ ပြောဆိုချက်ကို ဆင်ဟွာသတင်းက ကိုးကားဖော်ပြသည်။

တောင်တရုတ်ပင်လယ်အတွင်း မကြာသေးမီက တရုတ်၏ ပိုင်နက်ပြုမှုများကြောင့် ဒေသတွင်း ဗီယက်နမ်၊ ဖိလစ်ပိုင်၊ ဘရူနိုင်း၊ မလေးရှားနှင့် ထိုင်ဝမ်တို့အပါအဝင် ပြိုင်ဖက် ပိုင်ဆိုင်ကြောင်း ပြောဆိုကြ သည့် နိုင်ငံများနှင့် စစ်ရေးနှင့် သံတမန်ဆက်ဆံရေးတို့တွင် တင်းမာမှုများမြင့်တက်လာခဲ့သည်။

Ref: CNA

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly