ရန်ကုန်အနုပညာပွဲတော်အပေါ် သူတို့အမြင်

ရန်ကုန်အနုပညာပွဲတော်အပေါ် သူတို့အမြင်

ဟိုင်း ကျွန်မ ဝေေ၀ပါ။ အခုဆိုရင် ရန်ကုန်မြို့ရဲ့ လမ်းမတော်တော်များများမှာ အနုပညာဖန်တီးမှုတွေကို တွေ့မြင်နိုင်ပါတယ်။ မကြာခင်အချိန်မှာလည်း ရန်ကုန်မြို့ကို အနုပညာမြို့တော်အဖြစ်ပြောင်းလဲမယ်ဆိုတော့ အဲဒီအပေါ်မှာ လူငယ်တွေအမြင် ဘယ်လိုရှိမလဲဆိုတာကို ကျွန်မအခုပဲ လိုက်မေးကြည့်ပါ့မယ်။

 

 

 

ဟုတ်ကဲ့ ဒီဟာက Group လိုက်လုပ်ထားတဲ့ လက်ရာပါ ။ ဒါက ရန်ကုန်အနုပညာပွဲတော်အတွက် လုပ်ထားတယ် ။ ကျွန်တော်တို့ ဒီရန်ကုန်အနုပညာပွဲတော် Public Art Project ထဲမှာ လက်ရာ ရှစ်ခုထဲမှာ ထီးက တစ်ခုပေါ့နော်။ ဒီဟာရဲ့ အိုင်ဒီယာကတော့ ဒီဆူးလေလမ်းမရဲ့ မိန်းပွိုင့်ဟာ သမိုင်းမှာ အရမ်းကိုအရေးပါခဲ့တဲ့ နေရာတစ်ခုဖြစ်တယ်။ အဲဒီတော့ ကျွန်တော်တို့ ပွင့်လင်းလာတဲ့ကာလမှာ မြန်မာနိုင်ငံက လူငယ်တွေ အနေနဲ့ ပြိုင်တူ တက်ညီလက်ညီနဲ့ အားလုံးအတူတူလှုပ်ရှားလို့ရတဲ့ အနုပညာပုံစံမျိုးတွေကို ကျွန်တော်တို့ လုပ်မယ်ဆိုတဲ့ စိတ်ကူးနဲ့လုပ်ထားတာ ဖြစ်ပါတယ်။

 

ဒီလိုမျိုး လူငယ်တွေပုံစံနဲ့ ဒီပုံစံလေးအလှဆင်ထားတာ ဓာတ်ပုံလည်း ရိုက်လို့ကောင်းတယ်။ နိုင်ငံခြားသားတွေဆိုရင်လည်း ဓာတ်ပုံရိုက်သွားတာတို့ အလှပုံရိုက်သွားတာတို့ ပြီးတော့ သူတို့နိုင်ငံတွေမှာ ပြန်ပြတာတို့ အဲဒီလိုမျိုးလေး။ ကျွန်တော်တို့လည်း စိတ်ဝင်စားပါတယ်။

 

 

 

ဘာပဲပြောပြောအရင်ဆုံးလေ ဓာတ်ပုံရှုထောင့်ကနေကြည့်မယ်ဆိုရင် တော်တော် ကောင်းတယ်လို့ထင်တယ်။ များသောအားဖြင့် အောက်မှာက လမ်းကူးကြတဲ့ သူတွေ ရှိတယ်လေ။ တနည်းအားဖြင့် ဒီလို ထီးလေးတွေနဲ့ အလှဆင်ထားလိုက်တယ်ဆိုရင် များသောအားဖြင့် ဒီပေါ်မှာတက်ပြီး ဓာတ်ပုံရိုက်တယ်လို့ ပြောပေမယ့်လည်း ဘာပဲပြောပြော ဒီပေါ်ကနေပြီး လမ်းကူးဖြစ်သွားတာပေါ့။ အဲဒီလိုမျိုး ပိုပြီးတော့ ကောင်းတယ်လို့ ထင်ပါတယ်။

 

 

 

ဟုတ် ၊ အရမ်းကောင်းပါတယ်။ အရမ်းကောင်းတဲ့ လုပ်ဆောင်ချက်ပါပဲပေါ့။ ကျွန်တော်တို့ လူငယ်တွေအတွက်လည်း ကောင်းပါတယ်။

 

 

 

 

ကောင်းပါတယ်။ ကိုယ့်နိုင်ငံကို သူများ နိုင်ငံခြားသားတွေ လာလည်ပတ်နေတော့  ဒီလိုမျိုးမြင်ရတော့ ကျေနပ်တယ်။ လှတယ်လို့လည်း ထင်ပါတယ်။

 

 

 

 

အရင်က မရှိခဲ့တဲ့ဟာလေးတွေ လုပ်နေတာတွေ့ရတော့ကောင်းပါတယ်။ ကောင်းပါတယ်ဆိုတာ အခုအစိုးရသစ်တက်ပြီးနောက်ပိုင်းမှာ Public ကို အလေးပေးတယ်ဆိုတဲ့ သဘောထားလေး ကျွန်တော်တို့ မြင်ရတယ်ပေါ့နော်။ လိုအပ်ချက်တွေရှိသေးပေမယ့် သူတို့မှာ စေတနာပါတာကိုတွေ့ရတယ်။ ပြည်သူအနေနဲ့ ပြောရမယ်ဆိုရင် ဒါက ကျွန်တော်တို့ အနေနဲ့ ကျေနပ်စရာ ဝမ်းသာစရာပါ။

 

 

 

ကောင်းပါတယ်။ ကောင်းပါတယ်ဆိုတာက လူငယ်တွေလည်း သွားရင်းလာရင်းနဲ့ စိတ်အပန်းဖြေနိုင်တယ်ပေါ့နော်။ ပြီးတော့ လူငယ်တွေ အနေနဲ့ အဲဒီဟာတွေ လုပ်ပေးတာနဲ့ အညီစည်းကမ်းရှိဖို့လည်း လိုတယ်။ တချို့တွေကျတော့လည်း အနုပညာတွေ လုပ်ထားပေးတာတွေရှိပေမယ့်လည်း ဖျက်လိုဖျက်ဆီး လုပ်တာတွေလည်းကြလည်း ရှိတယ်လေ။ ဒါ့ကြောင့် အားလုံးလည်း စည်းကမ်းရှိဖို့ လိုတယ်လို့ ညီမကထင်တယ်ပေါ့နော်။

 

 

 

ကောင်းတယ်ပေါ့ ကျွန်တော်တို့ လူငယ်အမြင်နဲ့ဆိုရင်ပေါ့ ဘယ်လိုလဲဆိုတော့ အဲဒီလိုမျိုး ထပ်လည်း လုပ်စေချင်ပါတယ်။ ပြီးတော့ လိုအပ်တဲ့နေရာမှာလည်း လိုက်ဖြည့်ဆည်းပေးစေချင်ပါတယ်။

 

 

 

ရန်ကုန်မြို့ကို အနုပညာမြို့တော်အဖြစ် ပြောင်းလဲမှာကို လူငယ်အများစုက ကြိုဆိုလက်ခံကြတယ်။ သူငယ်ချင်းတို့ အမြင်တွေကိုလည်း ပြောပြပေးခဲ့ကြပါဦး။ 

 

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly