စံချိန်တင်ဝင်ငွေရရှိခဲ့သော်လည်း လီဗာပူးလ်အသင်းအရှုံးပေါ်

စံချိန်တင်ဝင်ငွေရရှိခဲ့သော်လည်း လီဗာပူးလ်အသင်းအရှုံးပေါ်

မတ် ၁၊ လီဗာပူးလ်။          ။ လီဗာပူးလ်အသင်းသည် မေ ၃၁၊ ၂၀၁၆ ဘဏ္ဍာနှစ်အတွက် စံချိန်တင်ဝင်ငွေပေါင် ၃၀၁ သန်းရရှိခဲ့သော်လည်း ပြီးခဲ့သည့်နှစ်က ထက် ၁၉ ဒသမ ၈ သန်းအရှုံးပေါ်ခဲ့သည်။

ကွင်းဝင်ကြေး၊ ရုပ်သံထုတ်လွှင့်ခနှင့် အခြားစီးပွားရေးများမှ ဝင်ငွေတိုးလာသော်လည်း ဖာမီနို၊ မီလ်နာ၊ ဂရူဂျစ်၊ အင့်စ်၊ ကလိုင်း၊ ဂိုမက်ဇ်စသည့် ကစားသမားများကို ခေါ်ယူခြင်းက ပေါင်သန်း ၂၀ နီးပါးအရှုံးပေါ်ရခြင်း၏ အကြောင်းရင်းဖြစ်သည်။

"ပွဲကြည့်စင်တိုးချဲ့တာတွေ၊ ကစားသမားသစ်တွေအတွက် ရင်းနှီးမြှုပ်နှံတာတွေလုပ်နေရင်းနဲ့ ဘဏ္ဍာရေးအခြေအနေ ကျစ်ကျစ် လျစ်လျစ်နဲ့တိုးတက်လာတာကို ပြနေတာပါ။

ဒီကာလအတွင်းမှာပဲ အသင်းရဲ့ရေရှည်ဘဏ္ဍာရေးအခြေအနေတည်ငြိမ်မှုရှိအောင် လုပ်ဆောင်ထားနိုင်ခဲ့ပါတယ်" လီဗာပူးလ် အသင်းက ထုတ်ပြန်ထားသည်။

ယခင်ဘဏ္ဍာနှစ်ကမူ တိုက်စစ်မှူးဆွာရက်ဇ်ကို ဘာစီလိုနာသို့ ပြောင်းရွှေ့ကြေးအမြောက်အမြားဖြင့်ရောင်းချခဲ့ရခြင်းမှ ဝင်ငွေများ ရခဲ့သဖြင့် လီဗာပူးလ်အသင်းသည် ပေါင်သန်း ၆၀ အမြတ်အစွန်းထွက်ပေါ်ခဲ့သည်။

Ref; goal.com

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags