အင်္ဂလန် တက္ကသိုလ်ဘွဲ့ တက်ရောက်မည့် ကျောင်းသားတိုင်းအတွက် Scholarship ပေးမည်

အင်္ဂလန် တက္ကသိုလ်ဘွဲ့ တက်ရောက်မည့် ကျောင်းသားတိုင်းအတွက် Scholarship ပေးမည်

စင်ကာပူနိုင်ငံ Auston Institute of Management မှ အင်္ဂလန်နိုင်ငံ တက်ရောက်မည့် မြန်မာကျောင်းသားတိုင်းအတွက် Partial Scholarship ပေးမည်ဖြစ်ကြောင်း သိရသည်။

London South Bank University မှပေးအပ်မည့် MBA ကိုတက်ရောက် မည့် ကျောင်းသူ ကျောင်းသားများနှင့် Bsc-Business Management *top up degree* တန်းသို့ တက်ရောက်မည့်ကျောင်းသား တိုင်းအတွက် စင်ကာပူAuston Institute of Management မှ Partial Scholarship ပေးမည်ဖြစ် သည်။

“ MBAကို မြန်မာနိုင်ငံက ဘွဲ့တစ်ခုခု ရရှိထားသူတွေ လျှောက်ထားနိုင်ပြီး IELTS 6.5 ဒါမှ မဟုတ် English placement Test ကို CROWN မှာ အခမဲ့ ဖြေဆိုင်နိုင်ပါတယ်။ Bsc-Business Management *top up degree* တန်းကိုတော့ HND , ABE ပြီးထားတဲ့ သူတွေက ၈ ကနေတစ်နှစ် အထိ တက်ရောက်ရယူနိုင်ပါတယ်” ဟု CROWN EDUCATION မှ Counseling Manager မဝေမွန်လေးမြင့်က ပြောသည်။

“လာမည့် ကျောင်းဖွင့်ချိန် အောက်တိုဘာ ၂၆ ရက်မှာAuston Institute of Management က ဖွင့်မယ့် အချိန်မှာ တက်မယ့် ဘာသာရပ်အလိုက် အတန်းအလိုက် ကျောင်းကနေပြီး Partial Scholarship နဲ့ နေထိုင်ဖို့ hostel အခန်းခတွေကို အခမဲ့နေထိုင်ခွင့် ၆ လ ပေးသွားမှာပါ။ စာသင်ကာလ ၁၂ လမှာ ၆ လ ကို ကျောင်းသားတွေက အခမဲ့နေထိုင်ခွင့် ရသွားမှာပါ။

“အခန်းတွေက ၂ ယောက်ခန်း နေထိုင်ခွင့်ပေးမှာပါ။ ၂ ယောက်ခန်းတွေရဲ့ ပုံမှန် အခန်းလခတွေက စင်ကာပူဒေါ်လာ ၅၅၀ ကနေ ၆၀၀ ကြားရှိပါတယ်” ဟုAuston Institute of Management မှ တာဝန်ခံ မပွင့်သက်ခင်က ပြောသည်။

Partial Scholarship နှင့် အဆောင်နေထိုင်ခွင့် ၆ လကို MSc Project Management (Birmingham City Univeristy), MBA (London South Bank University), Bsc-Business Management (London South Bank University), BE(Hon) in Electronic & Communication Engineering, BE(Hon) in Mechatronic Engineering(University of Wolverhampton) များကို တက်ရောက် မည့် ဘာသာရပ်အလိုက် ကျောင်းသူ ကျောင်းသားတိုင်းအတွက် ပေးအပ်မည်ဖြစ်သည်။

အင်ဂျင်နီယာ နယ်ပယ်အသီးသီးရှိ ပရောဂျက်များတွင် Project Manager တစ်ဦးအဖြစ် အသက်မွေးဝမ်းကျောင်း ပြုနိုင်သော MSc Project Management အား မြန်မာနိုင်ငံမှ Civil Engineer များ၊ IT ဘွဲ့ရများ၊ အင်ဂျင်နီယာဘွဲ့ ရထားသူများ လျှောက်ထားနိုင်ပါသည်။

ထို့အတူ အင်္ဂလိပ်စာ အရည်အချင်း IELTS 6.5 သို့မဟုတ် Auston English Placement Test ဖြေဆိုရမည် ဖြစ်သည်။

အဆိုပါ MSc (Project Management) ကို စင်ကာပူနိုင်ငံAuston Institute of Managementတွင် (၁၂) လကြာ တက်ရောက်နိုင်ပါသည်။ အင်္ဂလန်နိုင်ငံ Birmingham City Univeristy မှ ပေးအပ်မည့် ဘွဲ့အားရရှိမည်ဖြစ်သည်။

စင်ကာပူနိုင်ငံ Auston Institute of Management သည် စင်ကာပူ အစိုးရအသိအမှတ်ပြု Edu Trust (4 Years) ရရှိထားသည်။ အင်္ဂလန်နိုင်ငံ Birmingham City University, London South Bank University နှင့် University of Woverhamptonတို့နှင့် ချိတ်ဆက်ထားပြီးဘွဲ့ကြို၊ ဘွဲ့လွန် အင်ဂျင်နီယာ၊ စီးပွားရေး၊ စီမံခန့်ခွဲမှုနှင့် အိုင်တီဘာသာရပ်များ သင်ကြားပို့ခပေးပါသည်။

Auston Institute of Management မှ အသိအမှတ်ပြုထားသော Foundation Program ကို CROWN Education တွင် ဖွင့်လှစ်ထားသည့် American College Program(Global Assessment Certificatie) အား (၁၀)လကြာ တက်ရောက်သင်ယူနိုင်ပါသည်။ Foundation (၁၀) လ ပြီးမြောက်ပါက စင်ကာပူနိုင်ငံAustonတွင် တက်ရောက်ကာ ယူကေတက္ကသိုလ်များမှ ပေးအပ်ချီးမြှင့်မည့် အင်ဂျင်နီယာ၊ စီမံခန့်ခွဲမှု၊ အိုင်တီဒီဂရီဘွဲ့များကို (၂) နှစ်အတွင်းရရှိမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly