၂၀၁၇ Kids’ Choice ဆုပေးပွဲ၌ Little Mix အဖွဲ့လာရောက် ဖျော်ဖြေမည်ဖြစ်ပြီး ဂျွန်စီနာ အစီအစဉ်မှူးလုပ်မည်

၂၀၁၇ Kids’ Choice ဆုပေးပွဲ၌ Little Mix အဖွဲ့လာရောက် ဖျော်ဖြေမည်ဖြစ်ပြီး ဂျွန်စီနာ အစီအစဉ်မှူးလုပ်မည်

၂၀၁၇ ခုနှစ်၏ Kids’ Choice ဆုပေးပွဲအား မကြာခင် ကျင်းပတော့မည်ဖြစ်ပြီး ဂီတ၊ တီဗွီနှင့် ရုပ်ရှင်နယ်ပယ် အသီးသီးမှ နာမည်ကျော် အနုပညာရှင်များ တက်ရောက်မည်ဖြစ်သည်။ ဒီမီလိုဗာတို၊ ခရစ္စပရတ်တို့ နှစ်ဦးစလုံး တက်ရောက်မည်ဖြစ်သလို ဆုများလျာထားခံရသည့် သရုပ်ဆောင်ကီဗင်ဟာ့တ်၊ ခရစ္စအီဗန်၊ ခရစ္စပိုင်း နှင့် အကမယ် လေး ဂျိုဂျိုဆီဝါလည်း တက်ရောက်မည်ဖြစ်သည်။

Nickelodeon မှပြုလုပ်သည့် နှစ်စဉ်ပေးအပ်နေကျ ဆုပေးပွဲသို့ ဗြိတိန်နာမည်ကျော် မိန်းကလေးဂီတအဖွဲ့ Little Mix လာရောက် ဖျော်ဖြေမည်ဖြစ်သလို ကာမီလာကာဘယ်လို နှင့် မက်ရှင်းဂန်းကယ်လီလည်း ဖျော်ဖြေမည် ဖြစ်သည်။ Little Mix အဖွဲ့သည် ၎င်းတို့၏ ပေါက်သီချင်းများဖြစ်သော Shout Out to My Ex နှင့် Touch တို့ကို ဖျော်ဖြေမည်ဖြစ်သည်။

ဒါ့အပြင် Little Mix အဖွဲ့သည် Kids’ Choice ဆုပေးပွဲ ၌ အကြိုက်နှစ်သက်ဆုံး ကမ္ဘာ့ဂီတစတားဆုအတွက် ပထမဦးဆုံးအကြိမ်အဖြစ် လျာထားခံရသည်။ နာမည်ကျော် WWE နပမ်းသမား ဂျွန်စီနာကလည်း လော့စ်အိန် ဂျယ်လိစ်မြို့ USC Galen စင်တာ၌ မတ်လ ၁၁ရက် ည ၈နာရီတွင် ကျင်းပမည့် အဆိုပါဆုပေးပွဲ၌ အစီအစဉ်မှူး အဖြစ် တင်ဆက်သွားမည်ဖြစ်သည်။

Nickelodeon ရဲ့ Kids’ Choice ဆုပေးပွဲဟာ ကလေးတွေအတွက်တော့ အကြီးမားဆုံး ပျော်ပွဲရွှင်ပွဲကြီးတစ်ခု ဖြစ်ပါတယ်။ ပြီးတော့ ကျွန်တော်လည်း ဒီနှစ်ရဲ့ အစီအစဉ်မှာ တင်ဆက်ရမှာကို အရမ်းစိတ်လှုပ်ရှားနေသလို ဂုဏ်လည်းယူမိပါတယ်” ဟု သတင်းစာရှင်းလင်းပွဲ၌ ဂျွန်စီနာက ပြောခဲ့သည်။ ဒါ့အပြင်သူသည် အံ့သြမှင်သက် မိစေမည့် အရာများကိုလည်း ဆုပေးပွဲသို့ ယူဆောင်လာခဲ့မည်ဟု ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly