ဂျိုးဟတ်အနာဂါတ်ကို ရာသီကုန်မှ ဂွာဒီယိုလာဆုံးဖြတ်မည်

ဂျိုးဟတ်အနာဂါတ်ကို ရာသီကုန်မှ ဂွာဒီယိုလာဆုံးဖြတ်မည်

မတ် ၁၊ မန်ချက်စတာ။              ။ မန်စီးတီးနည်းပြဂွာဒီယိုလာသည် ဂိုးသမားဂျိုးဟတ်၏ အနာဂါတ်ကို ရာသီကုန်မှဆုံးဖြတ်မည်ဖြစ်သည်။ မေလတွင် စီးရီးအေ ကလပ်တိုရီနိုအသင်းနှင့် အငှားစာချုပ်သက်တမ်းကုန်မည့် အင်္ဂလန်ဂိုးသမားသည် အခွင့်အလမ်းပိုကောင်းရန် မန်စီးတီးမှ ထွက်ခွာမည်ဟု မျှော်လင့်ရသည်။

အသက် ၂၉ နှစ်အရွယ်ဂိုးသမားကို ပရီးမီးယားလိဂ်နှင့် ဥရောပကလပ်များက စိတ်ဝင်စားကြောင်း သတင်းထွက်နေသည်။ ကာဘယ်လာရို၊ ဘရာဗိုတို့၏လက်စွမ်းကိုကျေနပ်နေသည့် ဂွာဒီယိုလာက ဂျိုးဟတ်နှင့်ပတ်သက်ပြီး "ရာသီကုန်မှ ကျွန်တော်တို့ ပြောကြတာပေါ့"ဟု ဆိုသည်။

ဂျိုးဟတ်သည် တိုရီနိုနှင့်အတူ စီးရီးအေဂိုးမပေးရသည့်ပွဲ ငါးပွဲရှိပြီး ပရီးမီးယားလိဂ်မှ မန်စီးတီးအသင်းထက် တစ်ပွဲပိုနည်းသည်။

ဘရာဗိုသည် သြဂုတ်တွင်ဘာစီလိုနာမှ ပေါင် ၁၅ ဒသမ ၄ သန်းဖြင့်ပြောင်းလာပြီးနောက် မန်စီးတီးအသင်းတွင် ဝေဖန်ခံနေရပြီး ပြီးခဲ့သည့်ချန်ပီယံလိဂ်တွင် မိုနာကိုအားအနိုင်ရသည့်ပွဲတွင် ကာဘယ်လာရိုနှင့် အစားထိုးခံခဲ့ရသည်။

ကာဘယ်လာရို၊ တိုရေး၊ ဆက်ဂ်နာစသည့်ကစားသမားများမှာ ရာသီကုန်တွင် စာချုပ်သက်တမ်းကုန်မည်ဖြစ်သည်။ "စာချုပ် ပြည့်မယ့်ကစားသမား ငါးယောက်၊ ခြောက်ယောက်လောက်ရှိပေမယ့် အခြေအနေကို သူတို့သိကြပါတယ်။

တခြားအသင်းတွေနဲ့ သူတို့စာချုပ်သွားနိုင်လို့ စွန့်စားခန်းတစ်ခုဖြစ်ချင်ဖြစ်မယ်။ ကျွန်တော်တို့ ဒါကိုလက်ခံရမှာပါ"ဟု ဂွာဒီယိုလာက ပြောသည်။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags