သီချင်းခိုးယူသုံးစွဲထားသည်ဆိုသော စွပ်စွဲချက်ဖြင့် တရားဆွဲဆိုခံထားရသည့် U2 အဖွဲ့

သီချင်းခိုးယူသုံးစွဲထားသည်ဆိုသော စွပ်စွဲချက်ဖြင့် တရားဆွဲဆိုခံထားရသည့် U2 အဖွဲ့

နာမည်ကျော် အိုင်းရစ်ဂီတဝိုင်းဖြစ်သည့် U2 အဖွဲ့အား သီချင်းရေးဆရာနှင့် ဂစ်တာသမားဖြစ်သူ ဗြိတိန်အနုပညာ ရှင်တစ်ဦးက တရားစွဲဆိုထားပြီး U2အဖွဲ့သည ်သူ၏ ၁၉၉၁ခုနှစ်ကထွက်ရှိခဲ့သော နာမည်ကျော်တေးအယ်လ်ဘမ် Achtung Baby ထဲမှ သီချင်းတစ်ပုဒ်အား ခိုးချသုံးစွဲထားသည်ဟု အခိုင်အမာပြောဆိုထားသည်။

ပေါလ်ရို့စ်အမည်ရှိ ဗြိတိန်အနုပညာရှင်က U2 အဖွဲ့ခေါင်းဆောင်ဘိုနိုနှင့်တီးဝိုင်းအဖွဲ့များဖြစ်ကြသော The Edge၊ အဒမ်ကလေတွန်နှင့် လာရီမူလန်ဂျူနီယာတို့ထံမှ နစ်နာကြေး ဒေါ်လာ၅သန်းခန့် အလိုရှိကြောင်း အမေရိကန်နိုင်ငံ မန်ဟတ်တန်မှ ခရိုင်တရားရုံး၌ အမှုဖွင့်ထားသည်။

ရို့စ်က သူ့တွင် ကိုယ်ပိုင်အယ်လ်ဘမ်များ ဒါဇင်နှင့် ချီရှိကြောင်းနှင့် U2 အဖွဲ့သည် သူ၏ မူပိုင်သီချင်း Nae Slappin အားကူးချကာ ၎င်းတို့အဖွဲ့၏ ပေါက်သီချင်းဖြစ်သော The Fly တွင်သူ၏ အမှတ်လက္ခဏာများကို အသုံးချထား သည်ဟုပြောခဲ့သည်။ ဒါ့အပြင်သူသည် Island တေးသံသွင်းကို ပါတရားစွဲဆိုထားသည်။

ရို့စ်ကသူသည် Nae Slappin သီချင်းနမူနာခွေအား Island တေးသံသွင်းသို့ ၁၉၈၉ခုနှစ်တွင် ပေးပို့ခဲ့ပြီး ထိုနှစ် သည် U2 အဖွဲ့က အဆိုပါတေးသံသွင်းနှင့် စာချုပ်ချုပ်ဆိုခဲ့သည့် တစ်နှစ်တည်းဖြစ်ခဲ့ကာ သူ၏ ဂစ်တာတစ်ကိုယ် တော်တီးထားသည့်တေးသွားနှင့် အခြားတူရိယာတေးသွားများကို The Fly သီချင်းထဲတွင် ကူးယူထားသည်ဟု ပြောခဲ့သည်။

U2 အဖွဲ့၏ ကိုယ်စားလှယ်များက ယခုကိစ္စနှင့် ပတ်သက်၍ မှတ်ချက်ပေးထားခြင်းမရှိသေးသလို Island တေးသံ သွင်း၏ မိခင်အဖွဲ့အစည်း Universal ဂီတအဖွဲ့မှလည်း တုံ့ပြန်ခြင်းအလျင်းမရှိသေးကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly