ဆီးရီးယားကို ဒဏ်ခတ်ပိတ်ဆို့သည့် ကုလသမဂ္ဂဆုံးဖြတ်ချက်ကို ရုရှနဲ့ တရုတ် ဗီတိုအာဏာသုံးပယ်ချ

ဆီးရီးယားကို ဒဏ်ခတ်ပိတ်ဆို့သည့် ကုလသမဂ္ဂဆုံးဖြတ်ချက်ကို ရုရှနဲ့ တရုတ် ဗီတိုအာဏာသုံးပယ်ချ

ကုလသမဂ္ဂ၊ မတ် ၁ ။         ။  ဓာတုလက်နက်အသုံးပြုတာနဲ့ ပတ်သက်ပြီး ဆီးရီးယားကို ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်ပြဌာန်းနိုင်တဲ့ အနောက်အုပ်စုကျားကန်ပေးထားသော ကုလသမဂ္ဂဆုံးဖြတ်ချက်ကို ရုရှနဲ့ တရုတ်က ဗီတိုအာဏာသုံး ပယ်ချလိုက်ပါတယ်။

သမ္မတထရမ့် ရာထူးရယူပြီးနောက်ပိုင်း လုံခြုံရေးကောင်စီမှာ ပထမဆုံး အချေအတင်ထိပ်တိုက်တွေ့မှုလည်း ဖြစ်ပါတယ်။

ခြောက်နှစ်နီးပါးကြာမြင့်နေပြီဖြစ်တဲ့ ဆီးရီးယားစစ်ပွဲတွေ အဆုံးသတ်ရေးအတွက် ဂျနီဗာက ဆွေးနွေးပွဲတွေဟာ တိုးတက်ရိပ် ထွက်ပေါ်လာခြင်း မရှိချိန်မှာ ရုရှနဲ့ တရုတ်က ခုလိုဗီတိုအာဏာ သုံးလိုက်တာလည်းဖြစ်ပါတယ်။

ဆီးရီးယားရဲ့ ထိပ်တန်းစစ်ရေးမဟာမိတ်ဖြစ်တဲ့ ရုရှက ဆီးရီးယားအစိုးရကို အကာအကွယ်ပေးနေရာမှာ ခုနစ်ကြိမ်မြောက် ဗီတိုအာဏာသုံးစွဲလိုက်တာလည်းဖြစ်ပြီး တရုတ်အတွက်က ဆီးရီးယားအရေးမှာ ခြောက်ကြိမ်မြောက် ဗီတိုအာဏာသုံးပြီး ရုရှဖက်က ရပ်တည်လိုက်တာဖြစ်ပါတယ်။

ဂျနီဗာမှာ ဆီးရီးယားစစ်ပွဲတွေ အဆုံးသတ်ရေး ဆွေးနွေးနေချိန် ဒဏ်ခတ်ပိတ်ဆို့မှု ပြဌာန်းချမှတ်မယ်ဆိုခြင်းက လုံးလုံး သင့်တော်ခြင်း မရှိကြောင်း  မဲမပေးသေးခင်အချိန် ရုရှသမ္မတ ဗလာဒီမာပူတင်က သတိပေးပြောလိုက်ပါတတယ်။

အမေရိကန်သံအမတ်ကြီး နီကီဟာလေးက “ဒဏ်ခတ်ပိတ်ဆို့တဲ့ ဆုံးဖြတ်ချက်က အလွန်သင့်တော်တဲ့ ဆုံးဖြတ်ချက်ဖြစ်တယ်။”လို့ တုံ့ပြန်ပါတယ်။

“လုံခြုံရေးကောင်စီမှာ ဒီနေ့က ဝမ်းနည်းဖို့ ကောင်းတဲ့ နေ့တစ်နေ့ပါပဲ။ လုံခြုံရေးကောင်စီအဖွဲ့ဝင်တွေက အခြားအဖွဲ့ဝင်နိုင်ငံတွေမှာ ပြည်သူတွေ သတ်ဖြတ်ခံနေရတာကို မျက်နှာလွှဲလိုက်ကြတာပဲ   ဖြစ်တယ်။”လို့ ဟာလေးက ပြောပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags