တောင်ပေါ်အလှနှင့် တောင်ပေါ်ဘဝ

တောင်ပေါ်အလှနှင့် တောင်ပေါ်ဘဝ
(ဓာတ်ပုံများ - ဖြိုးသီဟချို/Myanmar Now)

တောင်ထူထပ်သည့်မြေမျက်နှာသွင်ပြင်နှင့် ကြမ်းတမ်းသည့် ရာသီဥတုအခြေအနေပိုင်ဆိုင် ထားသည့် ချင်းတောင်တန်းသို့ မကြာသေးမီကသွားရောက်ခဲ့သည့် သတင်းထောက်က   တွေ့မြင်ရသည့် မြင်ကွင်းတချို့ကို မှတ်တမ်းတင် ရိုက်ကူးခဲ့သည်။

ဟားခါးမြို့၊ သီဖူးလ်ကျေးရွာရှိ အမြဲတမ်းစိုက်ပျိုးနိုင်သည့် လှေကားထစ်တောင်ယာ မုံညင်း စိုက်ခင်းဖြစ်သည်။ ကျေးရွာရှိ လှေကားထစ်တောင်ယာဧက၂၀ တွင်  ဆောင်းသီနှံအဖြစ် မုံညင်း၊ ဂေါ်ဖီ၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီတို့ကိုအဓိကထားစိုက်ပျိုးကြသည်။

အမြဲတမ်းစိုက်ပျိုးမြေပေါ်တွင် တောင်ယာလုပ်ကိုင်နေသူများ။ တောင်ယာထွက်ကုန် တို့မှာ ကျယ်ကျယ်ပြန့်ပြန် ရောင်းချရန် ဈေးကွက် အခဲအခဲရှိနေသောကြောင့်  ဝမ်းစာအတွက်သာ စိုက်ပျိုးကြသည်ကိုတွေ့ရသည်။

သီဖူးလ်ကျေးရွာမှ တစ်နာရီကြာ ခြေလျင်သွားရသည့် ခရီးနှင်ပြီးလှေကားထစ် တောင်ယာ စိုက်ခင်းသို့ ရောက်ရှိလာသော အမျိုးသမီးများ။ 

ကြက်သွန်စိုက်ခင်းတွင် ရေပက်ဖြန်းနေသည့် ချင်းအမျိုးသမီးငယ်နှစ်ဦး။ တောင်ကျ ချောင်းမှ စီးဆင်းလာသောရေကို မြောင်းဖောက်သွယ်တန်း၍ ကြက်သွန်စိုက်ခင်းအတွင်း စီးဝင်စေ သည့်နည်းသည် စိုက်ပျိုးရေအထိရောက်ဆုံးရရှိနိုင်သည့် နည်းလမ်းဖြစ်သည်ဟု ဆိုသည်။

သီဖူးလ်ကျေးရွာဒေသခံတို့၏ ဆုတောင်းပွဲတွင် ချင်းရိုးရာသီချင်းများသီဆို ကခုန်နေကြသည်။

သက်ကြီး အမျိုးသားတစ်ဦး ကချင်းဘာသာဖြင့် ရေးစပ်ထားသည့် သီချင်းကို ဦးဆောင် သီဆိုကခုန်ပြီး သီချင်းဆိုရာတွင် ပါဝင်နေသူများကို ဆုတောင်းပေးနေသည်။

တောင်ထူထပ်သောကားလမ်းတွင် နာရီအတန်ကြာမောင်းနှင်ရပြီး ချင်းဒေသသို့ ရောက်ရှိလျှင် လည်း မြေပြန့်သည့်နေရာကိုတွေ့ရန် ခဲယဉ်းသည်။

တောင်ထူထပ်သောချင်းဒေသတွင် နေအိမ်များကိုတောင်စောင်းပေါ်တွင်ပင် တည်ဆောက်ထားကြသည်။

ဟားခါးမြို့ရှိ မြန်မာဘာသာဖြင့် ဝတ်ပြုကြသည့် ဘုရားကျောင်း၏ မြင်ကွင်းတစ်ခု။

ဟားခါးမြို့ရှိ ရှေးခေတ် အုပ်ချုပ်သူတစ်ဦး၏ နေအိမ်ကို ပြတိုက်အဖြစ် ပြုလုပ်ထားသည်။ သို့သော်လည်း ဧည့်သည် လာရောက် လေ့လာမှု နည်းပါးသည်ဟု သိရသည်။

သီဖူးလ်ရွာအတွင်းရှိ နေအိမ်တစ်ခုတွင် တောကောင်သားရေကျပ်ပြီး နေလှန်းထားသည်။

သီဖူးလ်ရွာတွင် မြစိမ်းရောင် စီမံကိန်းရှိနေကြောင်း အမှတ်အသား ပြုထားသည့် ဆိုင်းဘုတ်တစ်ခုအနီး စောင်များလှန်းထားသည်။ ချင်းဒေသသည် ရာသီဥတု ကြမ်းတမ်းသည့် ဒေသတစ်ခု ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly