ကင်မရာ နှစ်လုံးပါသော Huawei P9 နှင့် Huawei GR5 2017 အရောင်းသွက်

ကင်မရာ နှစ်လုံးပါသော Huawei P9 နှင့် Huawei GR5 2017 အရောင်းသွက်

ဖေဖော်ဝါရီ ၂၈ ။           ။ ကင်မရာ နှစ်လုံးပါဝင်သော Huawei P9 ကို ဈေးကွက်တွင် မိတ်ဆက်ပြီးနောက် ကင်မရာနှစ်လုံးပါဝင်သော Huawei GR5 2017 ကို သင့်တင့်သောဈေးနှုန်းဖြင့် ထပ်မံမိတ်ဆက်ခဲ့သည်။

အဆိုပါ ကင်မရာ  နှစ်လုံးပါ  Huawei P9 နှင့်  Huawei GR5 2017  ဖုန်း ၂ မျိုးမှာ ဈေးကွက်အတွင်း လူကြိုက်နှစ်သက်ကြပြီး စတင်မိတ်ဆက်စဉ်ကတည်းမှ အရောင်းသွက်ဖုန်းများအဖြစ် ရပ်တည်ခဲ့ကြောင်း တာမွေ၊ သင်္ဃန်းကျွန်း၊ မြောက်ဥက္ကလာပတို့တွင် ဆိုင်ခွဲ (၃) ဆိုင်ဖွင့်လှစ်ထားသည့် Htet Mobile ၏ ပိုင်ရှင် မထက်ထက်လွင်က ပြောသည်။

“ကျွန်မတို့ဆိုင်မှာတော့ Huawei၊ Samsung၊ Vivo၊ OPPO အပါအဝင် ဖုန်းအမှတ်တံဆိပ်မျိုးစုံ ရှိပါတယ်။ ဟိုးအရင် CDMA တွေ ပေါ်ကာစက စပြီးလက်ရှိ P9၊ GR5 2017 တို့အထိ Huawei ဖုန်းတွေဆိုရင်တော့ ဆိုင်မှာ ရောင်းအား အကောင်းဆုံးတွေပါပဲ။ အဲ့ဒီထဲကမှ ၂၀၁၆ နှစ်ဝက်လောက်မှာတော့ Huawei P9 က ရောင်းအားအကောင်းဆုံး ဖြစ်ခဲ့ပါတယ်။P9 ကတော့ Leica မှန်ဘီလူးပါဝင်တဲ့ ကင်မရာနှစ်လုံးပါတဲ့ စမတ်ဖုန်းပေါ့။ သူကတော့ High End ပေါ့” ဟု ဆိုသည်။

ထို့ပြင် မကြာသေးခင် ဒီဇင်ဘာလကမှ မိတ်ဆက်ခဲ့သော GR5 2017 သည်လည်းပဲ ကင်မရာ နှစ်လုံးပါဝင်ပြီး လက်ရှိ လူကြိုက်များနေဆဲဖြစ်ကြောင်း မထက်ထက်လွင်က ပြောခဲ့သည်။

“ အခု ဒီဇင်ဘာလနောက်ပိုင်းမှာတော့ GR5 2017 ကတော့ ရောင်းအားအကောင်းဆုံးဖုန်းတစ်လုံးထဲ ပါဝင်လာတာပေါ့။ ကင်မရာနှစ်လုံးပါဝင်တဲ့ စမတ်ဖုန်းတွေ ခေတ်စားလာတာနဲ့အတူ GR5 2017 က ကင်မရာနှစ်လုံး ပါဝင်တယ်။ ဈေးနှုန်းလည်း သင့်တင့်တယ်။ Function လည်း စုံတယ်။ အဲ့ဒါကြောင့် အခုလက်ရှိရောင်းအား အကောင်းဆုံး ဖြစ်နေတာပါ” ဟု ပြောသည်။

Huawei P9 နှင့် GR5 2017 တို့သည် ဈေးကွက်ထဲတွင် အားပေးမှုရခဲ့ပြီး Huawei P9 ကို ၂၀၁၆ခုနှစ် ဇွန်လက မိတ်ဆက်ခဲ့ခြင်းဖြစ်ကာ ၎င်းတွင် Leica မှန်ဘီလူးနှင့် ပူးပေါင်းထားသည့် ကင်မရာနှစ်လုံးပါ စမတ်ဖုန်းဖြစ်သည်။ P9 ကိုမိတ်ဆက်ပြီးနောက် ကင်မရာနှစ်လုံးပါဝင်သော Huawei GR5 2017 ကို ထပ်မံမိတ်ဆက်ခဲ့ခြင်းဖြစ်သည်။
Huawei ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများသည် တတိယလူသုံးအများဆုံးအဖြစ် ကမ္ဘာ့နိုင်ငံပေါင်း ၁၇၀ ကျော်တွင် ရှိပြီး ၂၀၁၄ ခုနှစ်တွင် ကမ္ဘာ့မိုဘိုင်းဖုန်းဈေးကွက်တွင် တတိယအဆင့်၌ ရပ်တည်လျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags