ကျောက်မီးသွေးတင်ပို့မှု ပိတ်ထား၍ ဆက်ဆံရေးတင်းမာနေချိန် တရုတ်သို့ မြောက်ကိုရီးယားသံတမန် လာရောက်လည်ပတ်

ကျောက်မီးသွေးတင်ပို့မှု ပိတ်ထား၍ ဆက်ဆံရေးတင်းမာနေချိန် တရုတ်သို့ မြောက်ကိုရီးယားသံတမန် လာရောက်လည်ပတ်

ပေကျင်း၊ ဖေဖော်ဝါရီ ၂၈ ။              ။ မြောက်ကိုရီးယားအကြီးတန်းသံတမန်တစ်ဦးဟာ တရုတ်တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ ဖေဖော်ဝါရီ ၂၈ ရက်မှာ တရုတ်နိုင်ငံကို ရောက်ရှိပါတယ်။

မြောက်ကိုရီးယားရဲ့နောက်ဆုံးဒုံးကျည်စမ်းသပ်မှုကြောင့် တရုတ်နိုင်ငံက ကျောက်မီးသွေးဝယ်ယူတင်သွင်းတာကို ပိတ်ဆို့ဖျက်သိမ်းလိုက်ပြီးနောက်ပိုင်း အထီးကျန်မြောက်ကိုရီးယားနိုင်ငံက သံတမန်တစ်ဦး တရုတ်ကို ပထမဆုံးရောက်ရှိခြင်းလည်းဖြစ်ပါတယ်။

မြောက်ကိုရီးယားဒုတိယနိုင်ငံခြားရေးဝန်ကြီး ရီကီဆောင်က နှစ်နိုင်ငံအပြန်အလှန်အကျိုးအမြတ်ကိစ္စရပ်များအတွက် ဆွေးနွေဖို့ မတ် ၄ ရက်အထိ လာရောက်လည်ပတ်တာဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနပြောခွင့်ရသူ ကျန်ရှောင်းက ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

ရီက တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီနဲ့ အခြားတာဝန်ရှိသူတွေနဲ့ပါ တွေ့ဆုံမှာဖြစ်ပြီး ပုံမှန်သံတမန်ဆက်ဆံရေးပဲဖြစ်တယ်လို့ ကျန်ရှောင်းက ဆိုပါတယ်။

တရုတ်နိုင်ငံဆီ ရီရဲ့ခုခရီးစဉ်ဟာ လများစွာအတွင်း မြောက်ကိုရီးယားအကြီးတန်းတာဝန်ရှိသူတစ်ဦး ပထမဆုံးလာရောက်ခြင်းပဲဖြစ်ပါတယ်။ ဖေဖော်ဝါရီ ၁၂ ရက်က မြောက်ကိုရီးယားရဲ့ ဒုံးကျည်စမ်းသပ်မှုကြောင့် တရုတ်နဲ့နှစ်နိုင်ငံဆက်ဆံရေး တင်းမာနေချိန်၊ နောက်ဆက်တွဲအနေနဲ့ မလေးရှားမှာ မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံးအွန်ရဲ့ အစ်ကိုဖြစ်သူ လုပ်ကြံခံရချိန်မှာ ထွက်ပေါ်လာတဲ့ခရီးစဉ်လည်းဖြစ်ပါတယ်။

မြောက်ကိုရီးယားရဲ့ဒုံးကျည်စမ်းသပ်မှုကြောင့် ရေရှည်မဟာမိတ်နိုင်ငံ တရုတ်က ကျောက်မီးသွေးဝယ်ယူတင်သွင်းတာကို ပယ်ဖျက်ရပ်ဆိုင်းပစ်ခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly