ထားဝယ်ရိုးရာ သပိတ်မျောပွဲတော်

ထားဝယ်ရိုးရာ သပိတ်မျောပွဲတော်

ဝါလကင်းလွတ် သတင်းကျွတ် အချိန်ရောက်ရင် မြန်မာနိုင်ငံအနှံအပြားမှာ သူ့အရပ်နဲ့ သူ့ဓလေ့ဆိုသလို ရိုးရာပွဲတွေရှိနေပါတယ်။ ထားဝယ်မြို့မှာလဲ ရိုးရာ အစဉ်အလာအတိုင်း ပွဲတော်တစ်ခုကို ကျင်းပမှာပါ။ ဒါကတော့ ထားဝယ်ရိုးရာ သပိတ်မျောပွဲတော်ပါ။ ....ကမ်းရိုးတန်းဒေသ ၊ ပင်လယ်ပြင်နဲ့ ထိစပ်နေတဲ့ ဒေသရဲ့ ရိုးရာပွဲတော်တစ်ခုပါ။

သပိတ်မျောပွဲတော်ကိုတော့ တောင်သမုဓ္ဒရာမှာ ကြေးပြသဒ်နဲ့ စံမြန်းနေတဲ့ ရှင်ဥပကုတ မထေရ်မြတ်ကို ရည်စူးပြီး ဆွမ်းကပ်လျူတာပါ။ သတင်းကျွတ်လပြည့်နေ့ မနက်စောစာ အာရုံတတ်ချိန်မှာ ထားဝယ်ရိုးရာ သပိတ်မျောပွဲကို နှစ်စဉ် ကျင်းပကြပါတယ်။

ထားဝယ်မှာ မြို့ပေါ်ရပ်ကွက်(၁၅) ရပ်ကွက်မှာတော့ သပိတ်မျောပွဲကို (၅)နေရာပြုလုပ်ကြပါတယ်။ ဒေါင်းလူတံငါရပ်ကွက် ....ဒီနေရာကတော့ ထားဝယ်ရိုးရာ သပိတ်မျောပွဲကျင်းပတဲံ အစည်ကားဆုံးနေရာလို့ ပြောလို့ရပါတယ်။ ဒါ့အပြင် သပိတ်မျောပွဲတော်က မနက်စောစော ညမှောင်မှောင်ထဲမှာ ကျင်းပတာဆိုတော့ အန္တရာယ်မရှိအောင် စက်နဲ့ သပိတ်တွေကို မျောကြပါတယ်။

လက်နဲ့ ရေထဲကို ကိုယ်တိုင်ကိုယ်ကျမျောကြတာကတော့ ရိုးရာဆန်နေပါသေးတယ်။ ဒီလိုသမျောတာကိုတော့ ထိန်ဟောင်းရပ်ကွက်ဘက်မှာေ တွ့နိုင်ပါတယ်။ မျောမယ့် သပိတ်တွေထဲကိုတော့ ဆွမ်း ရေချမ်းပန်း တံခွန်ကုက္ကား၊ ကြံ၊ အုန်းသီး၊ မုန့်ဆီကြော် ၊ ငှက်ပျောသီး စတာတွေကို ထည့်ကြပါတယ်။ နေရာတစ်ခုနဲ့ တစ်ခု မျောမဲ့သပိတ်ထဲကို ထည့်တာတွေ အနည်းငယ်ကွဲတယ်လို့လဲ ဆိုကြပါတယ်။

ဒီညကို ထားဝယ်သားတို့ မအိပ်တဲ့ညလို့ တောင် သတ်မှတ်လို့ ရပါတယ်။ ညဦးပိုင်းထဲက သပိတ်မျောပွဲအတွက် ပြင်ဆင်လှည့်လည်လာလိုက်တာ မနက်အာရုံတတ်ချိန် ဝေလီဝေလင်းကျမှပဲ သပိတ်မျောပွဲတော် ပြီးဆုံးပါတော့တယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly