၂၀၀၈ ခုနှစ် နောက်ပိုင်း လူကြည့်အနည်းဆုံး ဖြစ်ခဲ့သည့် ၂၀၁၇ ခုနှစ် အော်စကာဆုပေးပွဲ

၂၀၀၈ ခုနှစ် နောက်ပိုင်း လူကြည့်အနည်းဆုံး ဖြစ်ခဲ့သည့် ၂၀၁၇ ခုနှစ် အော်စကာဆုပေးပွဲ

ပြီးခဲ့သော တနင်္ဂနွေနေ့ညတွင် ကျင်းပခဲ့သည့် ဂျင်မီကင်မဲလ် အစီအစဉ်မှူးလုပ်ခဲ့သော အော်စကာဆုပေးပွဲသည်  ၂၀၀၈ ခုနှစ် နောက်ပိုင်း လူကြည့်အနည်းဆုံး အော်စကာဆုပေးပွဲတစ်ခု ဖြစ်ခဲ့ပြီး ခါတိုင်းနှစ်များနှင့် မတူဘဲ ပရိတ်သတ် အနည်းငယ်ခန့်ကိုသာ ဆွဲဆာင်နိုင်ခဲ့သည်။

ပြီးခဲ့သော ၂၀၁၆ ခုနှစ်တွင် ကျင်းပခဲ့သည့် အော်စကာဆုပေးပွဲအား အမေရိကန်၌ ကြည့်ရှုသူ ၃၄.၄သန်းရှိခဲ့ပြီး ယခုနှစ်တွင် ၄ရာခိုင်နှုန်းခန့် လျော့နည်းခဲ့ကာ ကြည့်ရှုသူ ၃၂.၉သန်းသာ ရှိခဲ့ကြောင်း အချက်အလက်များပြုစု သည့် Nielsen အဖွဲ့မှ ထုတ်ပြန်ကြေညာခဲ့သည်။ ၂၀၀၈ ခုနှစ်တွင် အော်စကာဆုပေးပွဲအား ကြည့်ရှုသူ ၃၂သန်း ခန့်ရှိခဲ့သည်။

ယခုနှစ်ဆုပေးပွဲသည် အမှားအယွင်းများရှိခဲ့ပြီး အကောင်းဆုံး ရုပ်ရှင်ဇာတ်ကားဆုအား La La Land မှရရှိသည်ဟု မှားယွင်းကြေညာခဲ့ကာ အဆုံးသတ်တွင် Moonlight ဇာတ်ကားမှ ရရှိသွားခဲ့သည်။ ယင်းမှာ ဆုကြေညာခဲ့သူ ဝါရန်ဘိတီနှင့် ဖေးယီဒန်နာဝေးတို့အား ဆုစာအိတ် မှားပေးခဲ့သောကြောင့် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

အော်စကာဆုပေးပွဲအား ပရိသတ်စိတ်ဝင်စားမှု နည်းပါးခဲ့ရခြင်းမှာ La La Land ဇာတ်ကားသည် ဆုများကိုသိမ်း ကြုံးရယူသွားဖို့ သေချာသလောက် ရှိနေခဲ့ခြင်းကြောင့် ဖြစ်သည်ဟု ရုပ်ရှင်ရုံဝင်ငွေတည်းဖြတ်သော Box office မှ စီနီယာဖြစ်သူ ဂျက်ဖ်ဘော့ခ် က ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly