၀ူရှူး အားကစားမယ် စန္ဒီဦးနှင့် တွေ့ဆုံခြင်း

၀ူရှူး အားကစားမယ် စန္ဒီဦးနှင့် တွေ့ဆုံခြင်း

‘ညီမရဲ့အောင်မြင်မှုပေါ်မှာ ပြောရမယ်ဆိုရင် ဒါဟာ ဘဝအစိတ်အပိုင်းတစ်ခုအနေနဲ့ အရေးပါတယ်လို့ ပြောချင်ပါတယ်’   ပြီးခဲ့သည့် ၂၀၁၅ ခုနှစ် စင်ကာပူနိုင်ငံ ဆီးဂိမ်းတွင်  ဝူရှူး အားကစား ပြိုင်ပွဲ၌ရွှေတံဆိပ် တစ်ခုနှင့် ငွေတံဆိပ် နှစ်ခု ရရှိခဲ့သူ  စန္ဒီဦးသည် အသက်ကိုးနှစ် အရွယ်ကပင် မြန်မာ့လက်ရွေးစင် ဖြစ်လာသူ တစ်ဦးဖြစ်သည်။

မဇ္ဈိမက စန္ဒီဦးနှင့် တွေ့ဆုံပြီး ဝူရှူးအားကစား စတင် ကစားဖြစ်ပုံ၊ ကစားသမား ဘဝဖြင့် ဖြတ်သန်းရပုံ၊ အောင်မြင်မှုများ ရရှိခဲ့သည်များကို မေးမြန်းထားပြီး ကောက်နှုတ် တင်ပြထားပါသည်။
ခိုင်မွန်ချို မေးမြန်းသည်။

ညီမလေးစန္ဒီဦးက အခုပြီးခဲ့တဲ့ Sea Game မှာတုန်းက ဝူရှူးအားကစားနဲ့ ရွှေတံဆိပ်ဆုရော၊ ငွေတံ ဆိပ်ဆုကိုပါ ရရှိခဲ့တဲ့သူလို့ သိထားပါတယ်။ ညီမလေးရခဲ့တဲ့ဆုတွေက ဘယ်လိုပွဲစဉ်တွေမှာ ရရှိခဲ့တယ် ဆိုတာလေးကို အသေးစိတ်ပြောပြပေးပါဦး။

ဒီဝူရှူးအားကနည်းက ထောက်လူကစားနည်းကိုမှ ချမ်းချွမ်၊ ကျန်ချန်၊ သွေလျန် ဆိုပြီးတော့ Event လေးမျိုး ကစားတာပါ။ အခုဒီရွှေတံဆိပ်ဆုရရှိတာကဆိုရင် ချောင်းဆု၊ လျန်ရှေး ပေါ့နော်။ ဒီကစားနည်းမှာ ရွှေတံ ဆိပ်ရရှိပါတယ်။ နောက် ချမ်းချွမ်လို့ခေါ်တဲ့ လက်သိုင်းမှာ ငွေတစ်၊ နောက်ပြီးတော့ သွေလျန် အတွဲသိုင်းမှာ ငွေတစ်ပေါ့။ စုစုပေါင်း ရွှေတစ်၊ ငွေနှစ်ရရှိခဲ့ပါတယ်ရှင့်။
ညီမ ရွှေတံဆိပ်ဆုထိကို ရရှိဖို့အထိအောင် ကြိုးစားခဲ့တဲ့ နေရာမှာ  ဘယ်လောက်ထိ Training ဆင်းခဲ့ရ တာလေးတွေ ဘယ်လိုခက်ခက်ခဲခဲလေးတွေ ကြိုးစားခဲ့ရတယ်။  ပြီးတော့

ညီမရဲ့ကြိုးစားအားထုတ်မှု အပိုင်းမှာ အချိန်ပေးခဲ့ရတဲ့အပိုင်းလေးပေါ့ အဲ့ဒါလေးတွေ ပြောပြပေးပါဦး။

ညီမ ဒီအိမ်ရှင် Sea game ပြီးတော့ပေါ့နော်။ တစ်လလောက်ပဲနားရတယ်။ နောက် ကမ့် ပြန်သွင်းတယ်ရှင့်။ နေပြည်တော်မှာ ကမ့် ဝင်ရတယ်။ နောက် ဆီးဂိမ်းပြိုင်ပွဲဝင်ဖို့ လေးလလောက်အလိုမှာ ညီမတို့ တရုတ်ပြည် မှာ သွားပြီးတော့ Training လုပ်တယ်။ အဲ့ဒီကနေမှ တိုက်ရိုက် စင်္ကာပူ ကိုသွားပြီးတော့ ပြိုင်တာပါရှင့်။ ဒီ Training Plan အရဆိုလို့ရှိရင်တော့ စင်္ကာပူကစားသမားတွေက  ညပိုင်းပဲ Training ဆင်းတာများ တဲ့အတွက်ကြောင့်မို့လို့ သူတို့ပြိုင်ပွဲအချိန်တွေကလည်း  နေ့လည် ပိုင်းနဲ့ ညပိုင်းပဲလုပ်ထားတာပေါ့။ ညီမတို့ Normal ဆိုလို့ရှိရင်တော့ မနက်ရယ် ညနေရယ်။ အခုသူက ကျတော့ ညပိုင်းပါ ပါသွားတဲ့အတွက်ကြောင့် Training Plan က ညီမတို့ နေ့လည်နဲ့ညပဲ ဆင်းရတယ်ရှင့်။ ဆင်းတဲ့အခါမှာ ဒီ Training တစ်ခုနဲ့ တစ်ခုကြားမှာ ညီမတို့ ထမင်းစားချိန်အပါအဝင်ကိုမှ နာရီဝက် လောက်ပဲနား ရတာပေါ့နော်။ အဲ့ဒီအခါ ကျတော့   တစ်လလောက်အလိုမှာ တော်တော်ပင်ပန်း တယ်။ ညီမ Injury  (ဒဏ်ရာ) ကလည်း ပြန်နာလာတာပေါ့နော်။ ကံကောင်းတာက ဒီပြိုင်ပွဲမှာဆိုးဆိုးဝါးဝါး ညီမကိုသိပ်ဒုက္ခ မပေးတဲ့ အတွက်ကြောင့် အခုလိုမျိုးဒီ ရွှေတံဆိပ်ဆုရတာပါရှင့်။

Injury က ပြန်နာလာတယ်ဆိုတော့ ညီမ Injury ကကျတော့ ဘယ်လိုမျိုးဖြစ်ခဲ့တာလဲ။

Injury ကတော့ ညီမတို့ နန်းသုလို့ခေါ်တဲ့  အခက်အခဲပေါ့။ လေပေါ်မှာလှည့်ပြီးပြန်ကျတာတွေ မာပု လို့ခေါ်တဲ့ ပုံစံပြန်ကျရင် ထိန်းတဲ့ပုံစံပေါ့။  ဒူးကကျတဲ့အကြိမ်ရေ များလာတဲ့အခါကျတော့ မခံနိုင် ဘူးလေ။ အဲ့ဒါကြောင့်  ဒူးထဲမှာ ရေအိတ်ရောင်တာပေါ့။ သူကအဲ့လိုမျိုး လေ့ကျင့်တာတွေများတဲ့နေ့ ဆိုလို့ရှိရင်တော့ လမ်းလျှောက်ရင်တောင် နာတာမျိုးပေါ့။ အဲ့ဒါကြောင့် ညီမကသွေးပူတော့ သေချာလုပ် ပါတယ်ရှင့်။ အဲ့ဒါဆို ရင်တာ့ သက်သာတယ်။ ညီမလေး အနေနဲ့ ဝူရှူး အားကစားနည်းနဲ့ ဘယ်အရွယ်လောက်ကတည်းက စပြီး ထိတွေ့ ဖြစ်တာပါလဲ။

ညီမအသက် ၇ နှစ်သမီးကတည်းက စပြီးတော့ကစားခဲ့တာပါရှင်။ ၇ နှစ် သမီးအရွယ်ကတည်းက ဝူရှူးအားကစားကို စပြီး ကစားဖြစ်ခဲ့တာကိုလည်း ပြောပြပေးပါဦး။

ဝူရှူးအားကစားနည်းကို ညီမစပြီးတော့ သိကတည်းကအရမ်းလည်း သဘောကျတယ်။ နောက် ညီမက သိုင်းကားထဲကအတိုင်းပဲပေ့ါနော် အဲ့လိုမျိုး တုတ်တွေ၊ ဓားတွေ၊ လက်နက်တွေ ကိုင်ပြီးတော့ အဲ့လိုကစား ရတာကိုအရမ်းသဘောကျတယ်။ အဲ့ဒီအခါမှာ ဝူရှူးကိုလေ့လာကြည့်တဲ့အခါမှာလည်း ညီမရဲ့ပင်ကိုဗီဇနဲ့ လည်းကိုက်ညီသွားတယ်လို့ ပြောလို့ရပါတယ်ရှင့်။ပြိုင်ပွဲတွေဝင်တာ ကျတော့ကော ညီမဘယ်အရွယ်မှာ စဝင်ခဲ့တာပါလဲ။ ညီမအသက် ၉ နှစ်သမီးကတည်းက ဒီနိုင်ငံတကာပြိုင်ပွဲတွေစပြိုင်ပါပြီရှင့်။ အရှေ့ပိုင်းမှာလည်း ဆုတွေရခဲ့ဖူးတယ်ထင်တယ်။ ဟုတ်ကဲ့။ လူငယ်ပွဲတွေ မှာတော့ ရွှေ၊ ငွေ၊ ကြေး ပေါ့။ အကုန်ရခဲ့ဖူးပါတယ်။

ဒါဆိုရင် ရွှေတံဆိပ်ရခဲ့ဖူးတဲ့ထဲက မှတ်မှတ်ရရပြိုင်ပွဲအတွေ့အကြုံလေးတွေ၊ ပွဲစဉ်လေးတွေအ ကြောင်း ပြောပြပေးပါဦး။

ဒုတိယအကြိမ်ပေါ့နော်။ ကမ္ဘာ့ရိုးရာပြိုင်ပွဲမှာ ရွှေ -၂ ၊ ငွေ- ၁ ရခဲ့ဖူးတယ်။ ဟောင်ကောင်မှာပေါ့။ အပြည်ပြည်ဆိုင်ရာ ဖိတ်ခေါ်ပြိုင်ပွဲမှာ ရွှေတံဆိပ်သုံးခုရခဲ့တယ်။ နောက် မကာအိုမှာလုပ်တဲ့အာရှ ဒါစီနီယာ တော့မဟုတ်ဘူး။ ဂျူနီယာပြိုင်ပွဲပေါ့။ အဲ့မှာလည်း ရွှေတံဆိပ်တစ်ခု ရခဲ့ဖူးပါတယ်ရှင့်။

တချို့မိဘတွေကဆိုရင် အားကစားလုပ်တာကို ပညာရေးတစ်ပိုင်းတစ်စနဲ့ပေ့ါနော် အားက စားလောက ထဲကို ရောက်သွားမှာကို စိုးရိမ်ကြတဲ့လူတွေလည်းရှိတယ်။ အဲ့ဒီတော့ ညီမဒီဝူရှူးကစား ဖြစ် သွားတဲ့အခါမှာ ညီမရဲ့မိသားစုကကော ညီမကိုဘယ်လိုသဘောထားလဲ။

စစတုန်းကတော့ ညီမကိုအိမ်မှာမမြင်ရရင် ကောင်းတယ်ဆိုပြီးပို့ပေးတာပေ့ါနော်။ မျက်စိနောက်တယ်ပေါ့။ ညီမကငယ်ငယ်ကတည်းက အရမ်းကစားတယ်။ လျှောက်ဆော့တယ်ဆိုတော့လေ အဲ့လိုပို့ပေးတယ်။ နောက်တဖြည်းဖြည်းနဲ့ ဒီအားကစားကို အရမ်းစိတ်ဝင်စားတယ်။ ကြိုးလည်းကြိုးစားတယ်။ ညီမငယ်ငယ် လေးနဲ့ပေါ့နော်။ နိုင်ငံတကာပြိုင်ပွဲတွေပြိုင် တဲ့အခါမှာ အောင်မြင် မှုတွေရတဲ့ အခါကျတော့ အိမ်ကလည်းပံ့ပိုး ပေးပါတယ်ရှင့်။ တစ်ဖက်ကနေပေါ့။

ညီမ မိသားစုဝင်ဘယ်နှယောက်ရှိပါသလဲ။

စုစုပေါင်းလေးယောက်ပါရှင့်။ ဖေဖေရယ်၊ မေမေရယ်၊ အစ်မရယ်၊ ညီမလေးရယ်ပါရှင့်။
အခုဆိုရင် ညီမလေးအကြောင်းတွေက ဖေ့ဘုတ်ခ်စာမျက်နှာမှာလည်း ညီမလေးကို စန္ဒီဦးကိုဝန်းရံကြ ဆိုပြီး တော့ အားပေးကြတယ်။ ထောက်ခံကြတဲ့ပုံစံမျိုးတွေပေါ့နော် အဲ့လိုမျိုးတွေ တွေ့လာရတယ်။

အချိန်တိုလေး အတွင်းမှာတင်ပဲ ကိုယ်ကပေါ်ပြူလာ ဖြစ်သွားတဲ့ မိန်းမငယ်လေးတစ်ယောက်ဖြစ်သွားတယ်။ အဲ့ဒီတော့ အဲ့ပေါ်မှာရော ညီမလေးအနေနဲ့ ဘာပြောချင်လဲ။

ညီမကိုပေါ့နော် အခုလိုမျိုးအားကစားပရိသတ်တွေအနေနဲ့ ဒီလိုအားပေးတဲ့အတွက်လည်း အရမ်းကျေးဇူး တင်ပါတယ်လို့ အခုလိုမျိုး လူသိများတာနဲ့ပတ်သက်ပြီးတော့လည်း အများကြီးဝမ်းသာတယ် လို့ပြောချင် ပါတယ်ရှင့်။ ကိုယ့်အရွယ်မှာ ဒီလိုမျိုးအောင်မြင်မှုတွေ အများကြီးရလာ တဲ့အခါမှာ အောင် မြင်မှုက မိန်းမငယ်လေး တစ်ယောက်အတွက် ဘယ်လိုအပိုင်းကဏ္ဍမှာရှိတယ်လို့ ညီမထင်လဲ။ ညီမရဲ့ထင် မြင်ချက်ကလေးပေါ့။ အောင်မြင်မှုဆိုတာက ညီမတစ်ဦးတစ်ယောက်တည်းအတွက် မဟုတ်ပါဘူး။ ဒါလူတိုင်းလူတိုင်း အတွက် အောင်မြင်မှုဆိုတာအရေး ပါပါတယ်။ အောင်မြင်မှုကို ရရှိအောင် လို့ပေါ့နော် အကုန်လုံးနေ့စဉ်ရက် ဆက်ပေါ့ ကြိုးစားအားထုတ်မှုတွေပြုနေရတာလည်း ဒါလူ့ဘဝရဲ့အနှစ်သာရလို့ ပြောလို့ရပါတယ်။ အဲ့ဒီအ တွက်ကြောင့်မို့လို့ ညီမရဲ့အောင်မြင်မှုပေါ်မှာ ပြောရမယ်ဆိုရင် ဒါဟာဘဝအစိတ်အပိုင်းတစ်ခုအနေနဲ့ အ ရေးပါတယ်လို့ပြောချင်ပါတယ်။

ညီမအသက်က အခုဘယ်နှစ်နှစ်ရှိပြီလဲ။

၂၁ ပါရှင့်။ အခုမိသားစုအကြောင်းလဲ နည်းနည်းသိလိုက်ရပြီဆိုတော့ ညီမငယ်ငယ်တုန်းကတည်းက ပညာရေးအခြေ အနေလေးပြောလိုက်မယ်နော်။ ညီမကျောင်းစတက်ခဲ့တာက ဘယ်ဒေသမှာလဲရှင်။
ရန်ကုန်မှာပဲရှင့်။ အ.ထ.က (၅) ကမာရွတ်မှာပါရှင့်။ ရန်ကုန်ဇာတိပါ။

အခုကောကျောင်းပြီးသွားပြီလား။

ဟုတ်ကဲ့။ ကျောင်းပြီးသွားပါပြီရှင့်။ Geology နဲ့ပါရှင့်။ အခုကကျောင်းပြီးကာစ အခြေအနေမျိုးပဲရှိသေးတယ်ဆိုတော့ ဆက်လက်ပြီးတော့ ပညာရေးနဲ့ ပတ်သက်ပြီးတော့ ဆည်းပူးမယ့်အစီအစဉ်တွေ ဘာတွေရှိသေးလဲ။ ညီမဆက်လက်ပြီးတော့ ဘာသာစကားသင်တန်းလေးတွေ တက်ဖို့စီစဉ်ထားပါတယ်ရှင့်။

ညီမဘဝမှာအမှတ်တရ အဖြစ်အပျက်မျိုးပေါ့နော် ညီမမိသားစုနဲ့ပတ်သက်လို့ပဲဖြစ်ဖြစ် ဒါမှမဟုတ် သူငယ်ချင်းတွေနဲ့ သွားရင်းလာရင်းနဲ့ဖြစ်ခဲ့တာမျိုးပဲရှိရှိပေါ့နော်။ တစ်ခုခုမှတ်မိတာရှိရင် ပြောပြပါဦး။

အမှတ်တရအနေနဲ့ကတော့ ညီမ ၁၂ နှစ်သမီးလောက်ကပေါ့နော် ညီမတို့ ကြည်း၊ ရေ၊ လေ ပြိုင်ပွဲသွားပြိုင် တဲ့အချိန်မှာ ပြိုင်ပွဲကပြန်လာတော့ ညီမတို့ကို ချောင်းသာပို့ပေးတယ်ပေါ့နော်။ အဲ့ဒီတုန်းကတော့ အရမ်းကို ဘယ်လိုပြောမလဲ သူငယ်ချင်းတွေ တစ်ယောက်နဲ့တစ်ယောက်ချစ်ကြတယ်။ အရမ်းလည်းပျော်ရွှင်ခဲ့ရပါ တယ်။ အဲ့ဒီခရီးလေးကိုတော့ အမှတ်ရပါတယ်ရှင့်။ ညီမအားသာတာကကျတော့ ဘယ်ကစားနည်းမျိုးလဲ။ နောက်ကစားသွားမှာဆိုရင် ကြာရှည်ဆိုရင် ဘယ် ကစားနည်းကို ရွေးချယ်ချင်လဲ။ ညီမအခုလက်ရှိကတော့ ချမ်းချွမ်ကစားနည်းပေါ့နော်။ ချမ်းချွမ်ကစားနည်းကတော့ သွက်သွက် လက်လက်နဲ့ မြန်မြန်ဆန်ဆန် ကစားရတာ။ နောက် Jump တွေပါတယ်ပေါ့။ အဲ့ဒီကစားနည်းကို အခုလက်ရှိကစားနေ တယ်။ နောက်အသက်ကြီးလာလို့ အသက်အရွယ်ရလာတဲ့အခါကျရင်တော့ သိပ်ပြီးတော့ မခုန်နိုင်တော့ဘူး ပေါ့နော်။ အဲ့လိုဆိုရင်တော့ ကျန်းမာရေးအတွက် ဒီထိုက်ကျိကစားနည်းကို ဆက်ပြီးကစားဖို့ စီစဉ်ထားပါ တယ်ရှင့်။  တခြားအမျိုးသမီးငယ်လေးတွေကို ညီမနဲ့သက်တူရွယ် တူတွေမှာ ထူးချွန်ချင်လို့ကြိုးစားနေကြတဲ့ သူတွေလည်းရှိတယ်။ အဲ့တော့ အားကစားပိုင်းမှာ ထူးချွန်ချင်ကြတဲ့သူတွေလည်းရှိတယ်။

အဲ့တော့ ညီမသူ တို့ကိုဘာပြောချင်သေးလဲ။

အဓိကကတော့ ဒါကိုယ့်ကိုယ်ကိုယုံကြည်မှုရှိဖို့ပဲ အရေးကြီးပါတယ်။ လူတိုင်းကတော့ စိတ်ဓာတ် ကျတတ်တယ်။ လူတိုင်းလူတိုင်းက နေ့တဓူဝဖြစ်တတ်ပါတယ် စိတ်ဓာတ်ကျတာတော့ ဒါပေမယ့် အဲ့ဒီစိတ် ဓာတ်ကျတဲ့အချိန်မှာ ဒါကာလမကြာဖို့ပေါ့။ ပြီးတော့ စိတ်ဓာတ်ကျနေတဲ့အချိန်မှာလည်း ကိုယ့်ကိုယ်ကိုအမြဲ အားပေးရမယ်။ ဒီကစ္စကိုဘယ်လိုလုပ်ရင် အဆင်ပြေဦးမလဲ။ နောက်ထပ်နည်းလမ်းတွေကတော့ ရှိနေဦးမှာ ပဲ။ နောက်ပြီးတော့ ကိုယ်တစ်ယောက်တည်း ငါစိတ်ဓာတ်ကျနေတာပါလားလို့မတွေးပါနဲ့။ ဒါဟာလူတိုင်း ဖြစ်နေတဲ့ စိတ်ဓာတ်ကျတာဖြစ်တဲ့အတွက်ကြောင့်မို့ စိတ်ဓာတ်ကျတာကို အနိုင်ယူပါ လို့ပြောချင်ပါတယ်ရှင့်။

ညီမကိုယ်တိုင်ကော စိတ်ဓာတ်ကျခဲ့ရတဲ့အချိန် တွေရှိခဲ့ဖူးလား။

ဟုတ်ကဲ့။ စိတ်ဓာတ်ကတော့ကျတတ်ပါတယ်။ ခဏခဏပေါ့နော်။ ဒါပေမယ့်လည်း ညီမစိတ်ဓာတ်ကျမြန်သ လို ၊တက်လည်းမြန်တယ်။ ကိုယ့်ကိုယ်ကို ဘယ်လိုမျိုးပြန်ပြီးတော့ Control လုပ်ရမလဲဆိုတာကို သိတယ် ပေါ့။

ညီမကဒီပြိုင်ပွဲတွေမှာ တွေ့ကြုံရတဲ့ထဲမှာ ညီမနဲ့အဓိကပြိုင်ဘက်အနေနဲ့ဆိုရင်ကော ဘယ်သူတွေ လဲ။

အဓိကပြိုင်ဘက်ကတော့ Asia Game ချန်ပီယံပေ့ါနော်။ ဗီယက်နမ်က ဒေါင်းသွဲ့ဘီပေ့ါ။ သူ့ကို တော့ အဓိကယှဉ်ပြိုင်ရပါတယ်ရှင့်။

ညီမအတွက်ခက်ခဲမယ်လို့ထင်တဲ့ ပြိုင်ပွဲတွေလည်း တချို့ရှိရင်ရှိခဲ့ဖူးမယ်လေ။ အဲ့ဒီတော့ အဲ့လိုမျိုး ပြိုင်ပွဲတွေ နီးလာပြီဆိုတဲ့အခါကျရင် ညီမအနေနဲ့စိတ်ပိုင်းဆိုင်ရာ ကြိုတင်ပြင်ဆင်မှု ဘာတွေရှိမလဲ။

အဓိက ကတော့ ကိုယ့်ကိုယ်ကိုယုံကြည်မှုရှိဖို့ပဲပေ့ါနော်။ အမြဲပြင်ဆင်ရပါတယ်ရှင့်။ ဒီတစ်ခေါက်ပေါ့ ညီမ Sea game မှာတုန်းကဆိုရင် ရွှေရခဲ့တဲ့ဒီချန်းဆုမှာဆိုရင် သူက Asia game မှာလည်း ဗီယက်နမ် က ရွှေတံဆိပ်ဆုရထားတဲ့ Asia game ချန်ပီယံပေ့ါနော်။ သူရဲ့အမှတ်ကလည်း Sea game အမှတ်နဲ့ ယှဉ် လိုက်မယ်ဆိုရင် ရွှေပေးပြီးသားဖြစ်နေပြီပေ့ါ။ ၉.၇၁ ဆိုတော့ ကိုယ့်အလှည့်က သူ့ရဲ့အနောက်မှာ အဲ့ဒီအခါ ကျတော့ သူ့အမှတ်ကြီးက ရွှေအမှတ်ဖြစ်နေတဲ့အချိန်မှာ ကိုယ့်ကိုအရမ်းကို စိတ်လှုပ်ရှားမှုဖြစ်စေတယ်ပေါ့ နော်။ သူက Asia game မှာလည်း ရွှေတံဆိပ်ဆုရထားပြီးသားပေါ့။ သူ့ရဲ့အခုလက်ရှိအမှတ်ကလည်း ဒါရွှေ တံဆိပ်ဆုပေးမယ့် အမှတ်ဖြစ်နေပြီ။ ကိုယ်ကသူ့ကိုကျော်ဖို့ဆိုတာ တော်တော်ကိုခက်ခဲသွားတယ်ပေါ့။ ဒိုင် အနေနဲ့ကလည်း အဲ့လိုအမှတ်ကို ကျော်ပေးလေ့ပေးထ သိပ်မရှိဘူးလေ။  ငါဖြစ်မှဖြစ်ပါ့မလားဆိုတဲ့ အတွေးတွေဝင်လာတယ်ပေါ့။ ဒါကလည်း စိတ်ဓာတ်အ နည်းငယ်ကျသွားတယ်ပေါ့။ အဲဒီ ချိန်မှာမဖြစ်ဘူး။ စိတ်ဓာတ်ကျလို့မဖြစ်ဘူး။ ကိုယ့်ကိုယ်ကိုလွန်ဆွဲရ သလိုပေ့ါ ရကိုရရမယ်။ ရမှာပါ။ အကောင်းဆုံး ကစားနိုင် ခဲ့တာပဲ။ အရင်ကလည်း လေ့ကျင့်နေတာ အကောင်းဆုံးက စားနိုင်ခဲ့တယ်။ အဲ့အတွက်ကြောင့်မို့ ဒီပြိုင်ပွဲမှာ လည်း ငါအမှားအယွင်းမရှိ ကစားနိုင် ရင် ငါရမှာပဲ။ အဲ့လိုမျိုး ပေါ့။ နင့်ကိုယ်နင်ယုံကြည်လား။ ယုံကြည်တယ်။ အကောင်းဆုံးဆော့မှာလား။ ဆော့မယ်။ အဲ့လိုကိုယ့်ကိုယ် ကိုစိတ်ကိုပြန်ပြီး မွန်းမံရတယ်။ အဲ့အချိန်မှာ ပြိုင်ပွဲဝင်ခါနီးမှာ လုံးဝစိတ်က ကိုယ့်ကိုယ်ကို Complete ပေါ့ ဖြစ်သွားတယ်။ အဲ့လိုနဲ့ပဲမမျှော်လင့်တဲ့ အမှတ်နဲ့ပေါ့နော် ၉.၇၂ နဲ့ ဒီရွှေတံဆိပ်ဆုရရှိခဲ့တာပါရှင်။ ဒီမိန်းကလေးတစ်ယောက်အနေနဲ့ ကိုယ်ခံပညာကိုတတ် ထားတဲ့သူ မှာပေ့ါနော် အကျိုးကျေးဇူးအနေနဲ့ ဘာတွေရှိလဲ။ ဘာပြောချင်လဲ။ ညီမကိုယ်တိုင်ကလည်း ဝူရှူး ကစားနေတဲ့သူဆိုတော့လေ။ ညီမ ကိုယ့်ရဲ့စိတ်နဲ့ပဲ ပြောရမယ်ဆိုလို့ရှိရင် တော်ရုံတန်ရုံဆိုရင် အဲ့လိုကိုယ့် ကိုနှောင့်ယှက်မှာလည်း မကြောက်ဘူး။ ပြန်ပြီးတော့ တုန့်ပြန်ဖို့ကိုပေ့ါနော် ကိုယ့်ကိုအနှောင့်အယှက်ပေးလာတဲ့သူကို တုန့်ပြန်ဖို့အမြဲ တမ်း Ready ဖြစ်နေတာပေါ့။ အဲ့လိုမျိုးပေါ့။ လမ်းသွားလို့ရှိရင်လည်း ကိုယ့်ကိုယ်ကိုယုံကြည်မှုရှိတယ်။ တော်ရုံတန်ရုံဆိုလည်း လျှင်လျှင်မြန်မြန် လှုပ်ရှားနိုင်တဲ့ အတွက်ကြောင့်မို့လို့ပေ့ါ။

ကျေးဇူးတင်ပါတယ်ရှင်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly