ပရီးမီးယားလိဂ်ဖလားကို လက်လွှတ်ခံမည် မဟုတ်ဟု ဟာဇက်သတိပေး

ပရီးမီးယားလိဂ်ဖလားကို လက်လွှတ်ခံမည် မဟုတ်ဟု ဟာဇက်သတိပေး

ဖေဖော်ဝါရီ ၂၈၊ လန်ဒန်။                 ။ ချယ်လ်ဆီးအသင်းအနေဖြင့် လက်ရှိအချိန်မှစတင်ကာ ဆုဖလားကို ဆုံးရှုံးခံမည်မဟုတ်ဟု အီဒင်ဟာဇက်က ပြိုင်ဘက်များအား သတိပေးပြောဆိုလိုက်သည်။

စပါးအသင်းသည် တနင်္ဂနွေနေ့တွင် စတုခ်စီးတီးကို ၄-၀ ဂိုးဖြင့်အနိုင်ရပြီး ထိပ်ဆုံးမှ ချယ်လ်ဆီးအသင်းနှင့်အမှတ်ကွာဟမှုကို ၁၀ မှတ်သို့ လျှော့ချနိုင်ခဲ့သည်။ တစ်ပွဲလျော့မန်စီးတီးအသင်းမှာ ရှစ်မှတ်အကွာသို့ရောက်ရန် အခွင့်အရေးရှိနေသည်။

သို့သော် လွန်ခဲ့သည့်နှစ်နှစ်က ချယ်လ်ဆီးအသင်းကို ပရီးမီးယားလိဂ်ဖလားဗိုလ်စွဲအောင်ခြေစွမ်းပြဦးဆောင်ကြိုးပမ်းခဲ့သည့် ဟာဇက်က အတွေ့အကြုံရှိခဲ့ပြီးဖြစ်၍ ပွဲစဉ် ၁၂ ပွဲကျန်နေသေးချိန်တွင် လက်ရှိပုံစံအတိုင်းဆက်သွားနိုင်လိမ့်မည်ဟု ယုံကြည် နေသည်။

အသက် ၂၆ နှစ်အရွယ်ကစားသမားက “ကျွန်တော်တို့က ပရော်ဖက်ရှင်နယ်တွေဖြစ်ကြပါတယ်။ လွန်ခဲ့တဲ့နှစ်နှစ်တုန်းက ပရီးမီးယားလိဂ်ဖလားရခဲ့ဖူးပြီးဖြစ်လို့ ဘာလုပ်ရမယ်ဆိုတာ ကျွန်တော်တို့သိပါတယ်။

ပထမနေရာမှာ လအနည်းငယ်လောက်နေခဲ့ပြီးပြီ။ ထိပ်ဆုံးမှာပဲဆက်နေချင်ပြီး တစ်ပွဲချင်းဆက်သွားရမယ်”ဟု ပြောသည်။

ဟာဇက်သည် ယခုလအစောပိုင်းတွင် အာဆင်နယ်ကိုအနိုင်ရသည့်ပွဲ၌ဂိုးသွင်းနိုင်ခဲ့ပြီးနောက်ပိုင်း ဂိုးပေါက်ပျောက်နေပြီး စနေနေ့က ဆွမ်ဆီးနှင့်ပွဲတွင်လည်း ဂိုးသွင်းခွင့်များကိုလွဲချော်ခဲ့သည်။

သို့သော် တတိယမြောက်ဂိုးကို ဒီယေဂိုကော်စတာသွင်းယူနိုင်အောင် ဖန်တီးပေးခဲ့ပြီး ချယ်လ်ဆီးအသင်းနိုင်ပွဲဆက်နေချိန်တွင် မည်သူဂိုးသွင်းသည်ဖြစ်စေ ပြဿနာမရှိကြောင်း ပြသခဲ့သည်။

Ref; Mirror

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly