နေမာအား ပြစ်ဒဏ်ကျူးလွန်မှု အများဆုံးပြုလုပ်သည့်အသင်း အက်သလက်တီကိုဖြစ်

နေမာအား ပြစ်ဒဏ်ကျူးလွန်မှု အများဆုံးပြုလုပ်သည့်အသင်း အက်သလက်တီကိုဖြစ်
(ဓာတ်ပုံ - အီးပီအေ)

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ဘာစီလိုနာအသင်းက အက်သလက်တီကို,ကို (၂-၁) ဂိုးနဲ့ အနိုင်ရခဲ့ပြီး ၎င်းပွဲစဉ်အတွင်း အက်သလက်တီကို ကစားသမားများက နေမာကို ပြစ်ဒဏ်ကျူးလွန်မှု (၈) ကြိမ်အထိရှိခဲ့တာကြောင့် ဒီရာသီ လာလီဂါပွဲစဉ်များတွင် တစ်ဦးတည်း ပြစ်ဒဏ်ကျူးလွန်ခံရမှု အများဆုံးဖြစ်ခဲ့ပါတယ်။

ဒါဟာ နေမာအတွက် ဒီရာသီ ပြစ်ဒဏ်ကျူးလွန်ခံရတာ အများဆုံးအဖြစ် တတိယအကြိမ်မြောက် ပွဲဖြစ်ပါတယ်။ နှစ်ပွဲမှာ အက်သလက်တီကိုအသင်းနှင့် ကစားခဲ့တဲ့ ပွဲများဖြစ်ခဲ့ပြီး ကျန်တစ်ပွဲမှာ လီဟာနက်စ်အသင်းနှင့်ပွဲမှာဖြစ်ပါတယ်။

၂၀၁၃ ခုနှစ်က ဆန်းတို့စ်အသင်းမှ စပိန် ဘာစီလိုနာအသင်းဆီ ပြောင်းရွှေ့လာပြီးနောက်ပိုင်း အသက် ၂၄ နှစ်အရွယ် တောက်ပံကစားသမား နေမာဟာ လာလီဂါမှာ ပြစ်ဒဏ် (၃၉၅) ကြိမ် ကျူးလွန်ခံခဲ့ရပြီး အက်သလက်တီကို တစ်သင်းတည်းက (၃၈) ကြိမ် ကျူးလွန်ခဲ့တာဖြစ်ပါတယ်။

နေမာဟာ ၂၀၁၆-၁၇ ရာသီမှာလည်း ပြစ်ဒဏ် (၉၀) ကြိမ် ကျူးလွန်ခံထားရပြီး လာလီဂါမှာ ပြစ်ဒဏ်ကျူးလွန်ခံရမှု အများဆုံး ကစားသမားဖြစ်နေပါတယ်။

Ref; Marca

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags