ဖြစ်ပြီးသမျှ ကိစ္စတို့အတွက် နောင်တရနေမိသည်ဟု တောင်ကိုရီးယားသမ္မတ ပက်ဂွမ်ဟေး ဖွင့်ဟ

ဖြစ်ပြီးသမျှ ကိစ္စတို့အတွက် နောင်တရနေမိသည်ဟု တောင်ကိုရီးယားသမ္မတ ပက်ဂွမ်ဟေး ဖွင့်ဟ

ဖေဖော်ဝါရီ ၂၇ ။              ။ ဖြစ်ထားခဲ့သမျှကိစ္စရပ်နှင့်ပတ်သက်၍ ယခုအခါ အချိန်လွန်မှ နောင်တရနေမိပြီ ဖြစ်ကြောင်း တောင်ကိုရီးယား သမ္မတ ပက်ဂွမ်ဟေးက ဖွင့်ဟသွားခဲ့သည်။နိုင်ငံတွင် လက်ရှိဖြစ်ပေါ်နေသော ခြစားမှုအရှုပ်တော်ပုံကြောင့်  သူမကိုယ်တိုင် စွပ်စွဲပြစ်တင်ခံရသည့် အခြေအနေတစ်ခုသို့ ဆိုက်ရောက်နေချိန်တွင် ပက်က အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်း ဖြစ်သည်။

သူမ၏ ရှေ့ကံကြမ္မာနှင့်ပတ်သက်၍ စုံစမ်းကြားနာမှုများကို ဖွဲ့စည်းပုံ ခုံရုံးက အပြီးသတ်လိုက်ချိန်တွင် သူမအား ထောက်ခံသူများကလည်း ခုံရုံးအပြင်ဘက်တွင် စုဝေးတောင်းဆိုဆန္ဒပြခဲ့ကြသည်။ တရားရုံးအပြင်ဘက်တွင် ပက်ကို ထောက်ခံသူ ရာပေါင်းများစွာက အော်ဟစ် ဆန္ဒပြခဲ့ကြပြီး သမ္မတကို စွပ်စွဲပြစ်တင်မှုများ ရုတ်သိမ်းရန် တောင်းဆိုခဲ့ကြသည်။

ပက်ဂွမ်ဟေးမှာ ပြီးခဲ့သည့် ၂၀၁၂ က နိုင်ငံရှိ ဒီမိုကရက်တစ်ခေတ်အတွင်း အမြင့်မားဆုံးသော ထောက်ခံမဲရလဒ်ဖြင့် ရွေးချယ်တင်မြှောက်ခံခဲ့ရသူ ဖြစ်သည်။

သို့သော် သူမ၏ အရင်းနှီးဆုံးမိတ်ဆွေသူငယ်ချင်းဖြစ်သူမှတဆင့် ပေါ်ပေါက်လာသော ခြစားမှုအရှုပ်တော်ပုံကြောင့် ပက်ဂွမ်ဟေးကို ပါလီမန်က စွပ်စွဲပြစ်တင်ကာ လုပ်ပိုင်ခွင့် အာဏာများကို ရုတ်သိမ်းဖယ်ရှားထားပြီး ဖြစ်သည်။

သူမ၏ အရင်းနှီးဆုံး မိတ်ဆွေ ချိုင်ဆွန်ဆီးကိုလည်း သမ္မတ၏ ရာထူးအရှိန်အဝါကို အသုံးချကာ ခြစားမှုကိစ္စရပ်များတွင် ပါဝင်ပတ်သက်နေမှုဖြင့် စွပ်စွဲကာ စုံစမ်းစစ်ဆေးလျက်ရှိသည်။

မိမိတွင် သူငယ်ချင်းဖြစ်သူကို ယုံခဲ့မိသည့် အပြစ်တစ်ခုသာ ရှိခဲ့ကြောင်း၊ တစ်ခြားမည်သည့်အမှားအယွင်းမှ လုပ်မထားကြောင်း သမ္မတက ပက်က ထုတ်ပြန်သွားပြီး ယင်းစာကို ဖေဖော်ဝါရီလ ၂၇ ရက်က သူမ၏ ရှေ့နေတစ်ဦးက ဖတ်ကြားပြသသွားခဲ့သည်။

" ခုချိန်မှာ နောင်တရမိနေတာတစ်ခုပဲ ရှိပါတယ်၊ ချိုင့်အပေါ်မှာ ကျွန်မ ချင့်ချင့်ချိန်ချိန် ယုံခဲ့သင့်ပါတယ်၊ သူ့ကို အရမ်းယုံခဲ့တာ ကျွန်မ အမှားပါပဲ" ဟု ပက်က ပြောဆိုသွားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly