တရုတ်ကလပ်တီယန်ဂျင်းအသင်းက ကော်စတာအတွက် ပေါင်သန်း ၉၀ ဖြင့် ကမ်းလှမ်းမှုကို ချယ်လ်ဆီးပယ်ချခဲ့

တရုတ်ကလပ်တီယန်ဂျင်းအသင်းက ကော်စတာအတွက် ပေါင်သန်း ၉၀ ဖြင့် ကမ်းလှမ်းမှုကို ချယ်လ်ဆီးပယ်ချခဲ့

ဖေဖော်ဝါရီ ၂၇၊ အင်္ဂလန် ။              ။ တိုက်စစ်မှူး ဒီယေဂိုကော်စတာအတွက် တရုတ်ကလပ် တီယန်ဂျင်းအသင်းက ပေါင်သန်း ၉၀ ဖြင့် ကမ်းလှမ်းခဲ့သော်လည်း ချယ်လ်ဆီးအသင်းက ပယ်ချခဲ့ကြောင်း ဒေးလီးမေးလ်သတင်းစာက ဖော်ပြခဲ့သည်။

တီယန်ဂျင်းအသင်းသည် ပြောင်းရွှေ့ကြေးပေါင်သန်း ၉၀ အပြင် ကော်စတာကို သုံးနှစ်နှင့်အထက် စာချုပ်အတွက် လစာငွေ ပေါင်သန်း ၈၀ ပေးချေမည်ဟုဆိုကာ ကမ်းလှမ်းခဲ့ခြင်းဖြစ်သည်။ ထိုကမ်းလှမ်းမှုကို ကော်စတာက စိတ်ဝင်စားခဲ့သော်လည်း ပေါ့ဂ်ဘာ၏ နောက် ဒုတိယပြောင်းရွှေ့ကြေးအမြင့်ဆုံးကမ်းလှမ်းမှုကို ချယ်လ်ဆီးအသင်းက ပယ်ချခဲ့သည်။

တီယန်ဂျင်းအသင်းပိုင်ရှင်သည် ကော်စတာ၏ အေးဂျင့် ဂျော့မန်ဒက်စ်နှင့် ဇန်နဝါရီလက တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။ သို့သော် ချယ်လ်ဆီးအသင်းနည်းပြကွန်တီက ယခုနှစ်ရာသီကုန်အထိ ကော်စတာ၏ အနာဂတ်ကို ဆွေးနွေးရန် ငြင်းပယ်ခဲ့သည်။

ကော်စတာသည် ဇန်နဝါရီအပြောင်းအရွှေ့ကာလက နည်းပြကွန်တီနှင့် ကတောက်ကဆဖြစ်ခဲ့သေးသော်လည်း လက်ရှိအချိန်တွင် ပြန်လည်တည်ငြိမ်သွားပြီဖြစ်ပြီး ဆွမ်ဆီးကို ၃-၁ ဂိုးဖြင့်အနိုင်ရသည့်ပွဲတွင် အနိုင်ဂိုးတစ်ဂိုးသွင်းယူပေးနိုင်ခဲ့သည်။

ရည်ညွှန်း ဒေးလီးမေးလ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly