မလေးရှားမှ လှူဒါန်းသော အကူအညီများ မောင်တောတွင် ပေးဝေ

မလေးရှားမှ လှူဒါန်းသော အကူအညီများ မောင်တောတွင် ပေးဝေ
ဓာတ်ပုံ- MOI
 
 

ဖေဖော်ဝါရီ ၂၆ ။            ။ ရခိုင်ပြည်နယ် မောင်တောမြို့နယ်အတွင်းရှိ ကျေးရွာများသို့ မလေးရှားနိုင်ငံမှ ပေးပို့လှူဒါန်းသော စားသောက်ကုန်၊ ရေနှင့် အသုံးအဆောင်ပစ္စည်းများအား   ကျေးရွာများအရောက် ပေးဝေခဲ့ကြောင်း ပြန်ကြားရေးမှ သတင်းထုတ်ပြန်သည်။

မောင်တောဒေသရှိ ကျီးကန်းပြင်၊ ဝါးပိတ်၊ မောင်နှမ၊ စံပြဖားဝပ်ချောင်း၊ ငန်းချောင်း၊ လောင်းဒုံး ကျေးရွာများအရောက်  အဆိုပါကျေးရွာများတွင် နေထိုင်သူများအား ဖေဖော်ဝါရီလ ၂၅ ရက်က  ပေးပို့ခဲ့ကြခြင်းဖြစ်သည်။  

ထိုသို့ပေးဝေမှုကို ရခိုင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးထိန်လင်း၊ ပြည်နယ်၊ ခရိုင်နှင့် မြို့နယ်အဆင့် စီမံခန့်ခွဲမှု ကော်မတီများမှ တာဝန်ရှိသူများ၊ UN ၊ UNHCR မှ တာဝန်ရှိသူများက ဆောင်ရွက်ခဲ့ကြသည်။  

မလေးရှားနိုင်ငံမှ မလေးရှားနိုင်ငံမှ ပေးပို့လှူဒါန်းသောပစ္စည်းများမှာ မောင်တောခရိုင် စစ်တွေ၊ ပေါက်တော၊ မြေပုံမြို့နယ်များအတွက် ဆန်အိတ် ၆ဝဝဝ၊ ခေါက်ဆွဲဖာ ၁၈၄၆၊ ရေသန့်ဖာ ၉၇၅၊ သွားတိုက်ဆေးဖာ ၁ဝဝ၊ သွားတိုက်တံ ၃၆ ဖာ၊ မျက်နှာသုတ်ပဝါ ၉၄ ဖာ၊ ပရုတ်ဆီ ၃၅ ဖာ၊ ဆပ်ပြာမှုန့် ၅၆၂ ဖာ၊ ဆပ်ပြာခဲ ၂၂ ဖာ၊ ဘီး ၈ ဖာ၊ အမျိုးသမီးသုံးပစ္စည်း ၁၃၉ ဖာ၊ မုတ်ဆိတ်ရိတ်ဓား ဖာ ၅ဝ၊ လက်သည်းညှပ်  ၉ ဖာ၊ ဖိနပ်ထုပ် ၅ဝ ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly