ထူးထူးခြားခြား Finger Wrestling ပြိုင်ပွဲများ

26 February 2017
ထူးထူးခြားခြား Finger Wrestling ပြိုင်ပွဲများ

ဒီတစ်ပတ်မှာတော့ Finger Wrestling ပြိုင်ပွဲအကြောင်း ပြောပြပေးမှာပါ။

ဂျာမန်လို ဖင်းဂါးဟာကန်လို့ခေါ်တဲ့ ဒီကစားနည်းဟာ ဂျာမနီရိုးရာအားကစားနည်းတစ်ခုဖြစ်ပြီး ဘာဗေးရီးယန်းဝတ်စုံဝတ်ပြီး ၁၉၅၉ ခုနှစ်ကတည်းက စတင်ယှဉ်ပြိုင်ခဲ့ကြတာပါ။ ကိုယ်အလေးချိန်တူ၊ အသက်တူပြိုင်ပွဲဝင်နှစ်ယောက်ဟာ စားပွဲတစ်ဖက်တချက်မှာထိုင်ပြီး လယ်သာကွင်းကိုလက်ချောင်းနဲ့ဆွဲကြရတာဖြစ်ပါတယ်။ လက်သန်းကလွဲရင် ကြိုက်တဲ့လက်ချောင်း နဲ့ဆွဲနိုင်ပြီး များသောအားဖြင့်တော့ လက်ခလယ်ကိုပဲ အသုံးပြုကြလေ့ရှိပါတယ်။

လက်ချောင်းနဲ့ယှဉ်ပြိုင်ရတာဖြစ်ပေမယ့် နပမ်းပြိုင်ပွဲတွေလိုပဲ အသက်အရွယ်နဲ့ ကိုယ်အလေးချိန်ကိုလိုက်ပြီး ဝိတ်တန်းတွေ ခွဲထားပါတယ်။ လိုက်ဝိတ်၊ မစ်ဒယ်ဝိတ်၊ ဆီမီးဟဲဗီးဝိတ်နဲ့ ဟဲဗီးဝိတ်ဆိုပြီး ခွဲထားတာပါ။ ပြိုင်ပွဲမှာယှဉ်ပြိုင်တဲ့အခါ လက်မှာ ချွေးစိုပြီးချော်မနေစေဖို့အတွက် အမှုန့်တစ်မျိုးကို ဖြူးရပါသေးတယ်။

ဒိုင်ကအချက်ပြလိုက်တာနဲ့ ပြိုင်ဘက်ကို ကိုယ့်ဘက်ရောက်လာအောင် အစွမ်းကုန်ဆွဲရတော့တာပါပဲ။ အဲဒီလိုဆွဲတဲ့အခါ ကျန် လက်တစ်ဖက်နဲ့ပဲဖြစ်ဖြစ်၊ ခြေထောက်နဲ့ပဲဖြစ်ဖြစ် စားပွဲကိုကျားကန်ထားလို့ရပါတယ်။ ဒါပေမဲ့လည်း ခန္ဓာကိုယ်ရဲ့အားနဲ့ မဟုတ်ဘဲ လက်ချောင်းရဲ့အားနဲ့ပြိုင်ဘက်ကိုကိုယ့်ဘက်ပါလာအောင်ဆွဲနိုင်မှသာ အနိုင်ရမှာဖြစ်ပါတယ်။ ဒါမှမဟုတ် ပြိုင်ဘက်က လက်လွှတ်အရှုံးပေးလိုက်ရင်လည်း အနိုင်ရမှာပါ။

ဂျာမနီတစ်ဝှမ်းက ကျွမ်းကျင်ပြိုင်ပွဲဝင်တွေဟာ ဘာဗေးရီးယန်း၊ ဂျာမနီနဲ့ Alps နိုင်ငံတကာပြိုင်ပွဲတွေမှာ နှစ်စဉ်ပါဝင်ယှဉ်ပြိုင်နေ ကြပါတယ်။ အဲ့ပ်စ်နိုင်ငံတကာပြိုင်ပွဲဆိုပေမယ့် သြစတြီးယန်းတွေကိုပဲ ပါဝင်ခွင့်ပြုထားတာပါ။ ပြိုင်ပွဲဝင်တွေမှာ အရေပြားစုတ်ပြဲတာ၊ သွေးထွက်တာ၊ လက်ကျိုးတာနဲ့ လက်အဆစ်ပြုတ်တာတွေဖြစ်တတ်လို့ အန္တရာယ်များတဲ့ အားကစားနည်းတော့ဖြစ်ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly