ကင်ဂျုံးနမ်ကို သတ်မိတယ်ဆိုတဲ့ အင်ဒိုနီးရှားအမျိုးသမီးက မလေးရင်းဂစ် ၄၀၀ သာ ရခဲ့

ကင်ဂျုံးနမ်ကို သတ်မိတယ်ဆိုတဲ့ အင်ဒိုနီးရှားအမျိုးသမီးက မလေးရင်းဂစ် ၄၀၀ သာ ရခဲ့

ကွာလာလမ်ပူ၊ ဖေဖော်ဝါရီ ၂၅ ။         ။ ကင်ဂျုံးနမ်ကို လုပ်ကြံသတ်ဖြတ်မှုနဲ့ ဖမ်းဆီးခံထားရတဲ့ အင်ဒိုနီးရှားအမျိုးသမီးဟာ တီဗီရုပ်ပြောင်အစီအစဉ်မှာ ပါဝင်ပေးရတဲ့ ထင်ပြီး မလေးရှားသုံးငွေ ရင်းဂစ် ၄၀၀(အမေရိကန်ဒေါ်လာ ၉၀ ) ယူပြီး ပါဝင်သရုပ်ဆောင်ပေးခဲ့ရတယ်လို့ ပြောကြောင်း  အကြီးတန်းသံတမန်တစ်ဦးက မီဒီယာကို ပြောပါတယ်။

ဆီတီအစ်ဆယက်စ်ဆိုတဲ့ အင်ဒိုနီးရှားအမျိုးသမီးဟာ ဖေဖော်ဝါရီ ၁၃ ရက်က မြောက်ကိုရီးယားခေါင်ေးဆာင် ကင်ဂျုံးအွန်ရဲ့ ဖအေတူမအေကွဲ အစ်ကိုဖြစ်သူ ကင်ဂျုံးနမ် ဓာတုအဆိပ်နဲ့ ကွာလာလမ်ပူလေဆိပ်မှာ လုပ်ကြံခံရပြီးနောက် ရက်ပိုင်းအတွင်း ဖမ်းဆီးခံရတာဖြစ်ပါတယ်။ ဓာတုအဆိပ်ကို ကလေးကိုယ်လိမ်းဆီမှတ်ပြီး ယူဆောင်ကာ တီဗီရုပ်ပြောင်အစီအစဉ်မှာ
ပါဝင်ပေးခဲ့တာလို့ ဆီတီက ပြောကြောင်း မလေးရှားနိုင်ငံဆိုင်ရာ အင်ဒိုနီးရှား လက်ထောက်သံအမတ်ကြီး အန်ဒရီယာနိုက ပြောပါတယ်။

လေဆိပ် စီစီတီဗီမြင်ကွင်းမှာလည်း အမျိုးသမီးနှစ်ဦးက ကင်ဂျုံးနမ်ရဲ့ မျက်နှာကို တစ်စုံတစ်ခုနဲ့ ပက်လိုက်တာ မြင်တွေ့ရပါတယ်။

ကင်ဂျုံးနမ်ဟာ ခုလိုပက်ဖျန်းခံရပြီးနောက် လေဖြတ်သလိုဖြစ်ကာ ဆေးရုံသွားရာလမ်းမှာ သေဆုံးတာဖြစ်ပါတယ်။

ကင်ဂျုံးနမ်ကို လုပ်ကြံတာက ဖျက်အားပြင်းလက်နက်အဖြစ် ကုလသမဂ္ဂစာရင်းသွင်းထားတဲ့ ဓာတုဓာတ်တစ်မျိုးက ထုတ်လုပ်သော သေစေလောက်တဲ့ အဆိပ်နဲ့ လုပ်ကြံခြင်းဖြစ်တယ်လို့ ဖေဖော်ဝါရီ ၂၄ ရက်မှာ မလေးရှားနိုင်ငံက ထုတ်ပြန်ပါတယ်။

အသက် ၂၅ နှစ် ဆီတီက “ရုပ်ပြောင်အစီအစဉ်မှာ ပါဖို့ လူတစ်ယောက်ပြောတာနဲ့ ဝင်ပါမိတာပါ။”လို့ ထွက်ဆိုကြောင်း အန်ဒရီယာနိုက ပြောပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags