တရုတ်တွင် တားမြစ်ထားသည့် ဘာသာဝါဒဂိုဏ်းတစ်ဂိုဏ်းမှ ဂိုဏ်းသား ကိုးဦးကို ဖမ်းဆီးထောင်ချ

တရုတ်တွင် တားမြစ်ထားသည့် ဘာသာဝါဒဂိုဏ်းတစ်ဂိုဏ်းမှ ဂိုဏ်းသား ကိုးဦးကို ဖမ်းဆီးထောင်ချ

တရုတ်နိုင်ငံ ဟူဘေးပြည်နယ်တွင် တားမြစ်ထားသည့် ဘာသာဝါဒဂိုဏ်းမှ ဂိုဏ်းဝင်ကိုးဦးကို ထောင်သုံးနှစ် တရားရုံးက ချမှတ်လိုက်ကြောင်း ဆင်ဟွာသတင်းတွင် ဖော်ပြသည်။ အခြားဂိုဏ်းသားငါးဦးကို ပြစ်ဒဏ်ချပြီးနောက်တစ်နေ့တွင်ပင် ယခုကိုးဦးကို ထပ်မံပြစ်ဒဏ်ချမှတ်ခဲ့ခြင်းဖြစ်သည်။

အုပ်ချုပ်မှုအာဏာကို အထိအခိုက်မခံသော တရုတ်ကွန်မြူနစ်ပါတီက မကြာသေးမီနှစ်များအတွင်း ယင်းသို့သော ဘာသာဝါဒမှိုင်းတိုက်ရာ ဂိုဏ်းများကို ဖြိုခွင်းခဲ့ခြင်းဖြစ်သည်။ ဆန္ဒပြမှုများကိုလည်း အင်အားသုံးဖြိုခွင်းသလို ခေါင်းဆောင်အချို့ကိုလည်း ကွပ်မျက်ခဲ့ခြင်းများရှိသည်။

ယခုဖမ်းဆီးအပြစ်ပေးသည့် လူကိုးဦးမှာ Quannengshen ဆိုသော the Church of Almighty God ဆိုသည့် ဂိုဏ်းသားများဖြစ်ကြောင်း၊ ဘာသာရေးကို အရင်းပြု၍ ဥပဒေရေးရာတွင် စွက်ဖက်ရန် ကြံစည်ခြင်းကြောင့် ဖြစ်ကြောင်း ဆင်ဟွာသတင်းက ဖော်ပြသည်။

ဂိုဏ်း၏ အင်အားကို တိုးချဲ့မြင့်တင်ရေး စာအုပ်စာတမ်းများ၊ ကွန်ပြူတာမန်မိုရီစတစ်များကို ရဲက ရှာဖွေသိမ်းဆည်းခဲ့သည်။

"ဒီဂိုဏ်းက ဂိုဏ်းဝင်သစ်တွေ စည်းရုံးနေပြီး ဝါဒမှိုင်းတိုက် ရိုက်သွင်းနေတာပဲဖြစ်တယ်။”ဟု ဆင်ဟွာသတင်းတွင် ဖော်ပြထားသည်။

Ref: CNA

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly