အာဂျင်တီးနား ယာဉ်တိုက်မှု၌ သေဆုံးသူ ဒါဇင်ကျော်

အာဂျင်တီးနား ယာဉ်တိုက်မှု၌ သေဆုံးသူ ဒါဇင်ကျော်

ဗျူနိုအေရိစ်၊ ဖေဖော်ဝါရီ ၂၅ ။            ။ အာဂျင်တီးနားအရှေ့ပိုင်း ဘတ်စ်ကားနှစ်စင်း ခေါင်းချင်းဆိုင်တိုက်ပြီး သေဆုံးသူ ၁၃ ဦးရှိကာ ဒဏ်ရာရသူက ၃၄ ဦးရှိတယ်လို့ အရေးပေါ်ဌာနက ပြောပါတယ်။

ရိုဆာရီယိုမြို့အနီးမှာ တိုက်မှုဖြစ်ပွားတာဖြစ်ပြီး ဘတ်စ်ကားနှစ်စင်းစလုံးပေါ်မှာ လူအပြည့်ပါလာကြောင်း၊ ခေါင်းချင်းဆိုင်တိုက်မိပြီးနောက် မြောင်းအတွင်း ထိုးကျကြောင်း အရပ်ဖက် ကာကွယ်ရေး တာဝန်ရှိသူ မာကို့စ်က C5N ရုပ်သံကို ပြောပါတယ်။

ချောမွေ့တဲ့ လမ်းပေါ် ရာသီဥတုလည်း ကောင်းမွန်နေစဉ်မှာ ခုလိုတိုက်မိတဲ့ အကြောင်းကို စုံစမ်းစစ်ဆေးနေတဲ့အကြောင်း ၎င်းက ဆိုပါတယ်။

အမျိုးသမီးငယ်နှစ်ဦးက ဆေးရုံမှာ အခြေအနေစိုးရိမ်ရတယ်လို့ ဆေးရုံသတင်းရင်းမြစ်က ပြောပါတယ်။

ယာဉ်တိုက်မှုအတွင်း ကားဒရိုင်ဘာနှစ်ဦးစလုံး သေဆုံးကြောင်း၊ တိုက်မှုဖြစ်တဲ့ ကားနှစ်စီးစလုံးက ၂၀၁၂ မော်ဒယ်ကားများဖြစ်ပြီး ပုံမှန်စစ်ဆေးမှုကြောင်း၊ နေ့စဉ်ထိန်းသိမ်းပြင်ဆင်မှုရှိကာ ယာဉ်အနေအထားက တော်တော်ကောင်းမွန်ကြောင်း ဘတ်စ်ကားကုမ္ပဏီ မွန်တီကာက ထုတ်ပြန်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags