ဆွမ်ဆီးနောက်ခံလူ ဖာဒါရီကို ဖာနန်ဒက်ဇ်ကို (၃) နှစ် သက်တမ်းတိုး စာချုပ်

ဆွမ်ဆီးနောက်ခံလူ ဖာဒါရီကို ဖာနန်ဒက်ဇ်ကို (၃) နှစ် သက်တမ်းတိုး စာချုပ်
နောက်ခံလူ ဖာဒါရီကို ဖာနန်ဒက်ဇ် (ဝဲ) (ဓာတ်ပုံ - အီးပီအေ)

ဆွမ်ဆီးအသင်းဟာ နောက်ခံလူ ဖာဒါရီကို ဖာနန်ဒက်ဇ်ကို ၂၀၂၀ ခုနှစ်အထိ သက်တမ်းတိုး စာချုပ်ချုပ်ဆိုခဲ့တယ်လို့ သောကြောနေ့က ကြေညာခဲ့ပါတယ်။

၂၀၁၄ ခုနှစ်က နာပိုလီအသင်းမှ ဆွမ်ဆီးဆီ ပြောင်းရွှေ့လာခဲ့တဲ့ အသက် ၂၈ နှစ်ရှိ ဖာနန်ဒက်ဇ်ရဲ့ စာချုပ်သက်တမ်းဟာ လာမယ့် ရာသီကုန်မှာ ကုန်ဆုံးတော့မှာဖြစ်ပါတယ်။ အခုလို စာချုပ်သက်တမ်းတိုးနိုင်ခဲ့တာကြောင့် အာဂျင်တီးနားနောက်ခံလူဟာ လေဘာတီကွင်းမှာ (၃)နှစ်ထိ ဆက်ရှိနေတော့မှာဖြစ်ပါတယ်။

"စာချုပ်သစ်ချုပ်နိုင်တာက ကျနော်ကို အကူအညီဖြစ်စေမှာပါ။ ကလပ်အသင်းရဲ့ ယုံကြည်မှုကို ကျနော် ရရှိတယ်ဆိုတာ ပြသနေလို့ပါ။ အခု ကျနော် အနာဂတ်ကိုပဲ ရှေ့ရှုနေပါတယ်။"လို့ ဖာနန်ဒက်ဇ်က ပြောပါတယ်။

"ကျနော်တို့ဟာ အချိန်တိုကာလအတွင်း နည်းပြ သုံးယောက်လောက် ရှိခဲ့ပါပေမယ့် အခုဆို ကစားသမားတွေဟာ သူတို့ရဲ့ ယုံကြည်မှုတွေကို ပြန်လည်ရရှိနေပါပြီ"လို့ သူက ဆိုပါတယ်။

ဆွမ်ဆီးအသင်းဟာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားမှာ တန်းဆင်းဇုန်အထက် ၄ မှတ်အကွာမှာ ရပ်တည်နေပြီး စနေနေ့မှာ ဇယားထိပ်ဦးဆောင်သူ ချယ်လ်ဆီးနဲ့ အဝေးကွင်းမှာ ရင်ဆိုင်ရမှာဖြစ်ပါတယ်။

© EFE_EPA

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly