ရီးယဲလ်နောက်ခံလူ ဗာရန်း တံကောက်ကြော ဒဏ်ရာကြောင့် (၁)လခန့် အနားယူရမည်

ရီးယဲလ်နောက်ခံလူ ဗာရန်း တံကောက်ကြော ဒဏ်ရာကြောင့် (၁)လခန့် အနားယူရမည်
(ဓာတ်ပုံ - အီးပီအေ)

နောက်ခံလူ ရာဖေးလ်ဗာရန်းဟာ ဗလင်စီယာနှင့် ပွဲမှာ ရရှိခဲ့တဲ့ တံကောက်ကြော ဒဏ်ရာကြောင့် (၁)လခန့် အနားယူမှာဖြစ်တယ်လို့ ရီးယဲလ်မဒရစ်အသင်းက သောကြောနေ့က ထုတ်ပြန်ကြေညာခဲ့ပါတယ်။

ပြင်သစ် နောက်ခံကစားသမားဟာ ဗုဒ္ဓဟူးနေ့က ကစားသွားတဲ့ လာလီဂါ ရွှေ့ဆိုင်းပွဲစဉ်မှာ ရီးယဲလ်က ဗလင်စီယာကို ၂-၁ ဂိုးနဲ့ ရှုံးနိမ့်တဲ့ပွဲမှာ အဆိုပါဒဏ်ရာကို ရရှိခဲ့တာဖြစ်ပါတယ်။

ဒဏ်ရာရရှိနေတဲ့ ဗာရန်းဟာ ပြန်လည်သက်သာကောင်းမွန်လာဖို့ (၃-၄)ပတ် ကြာမြင့်မှာဖြစ်ပြီး မတ်လ ၇ ရက်နေ့မှာ နာပိုလီနဲ့ ချန်ပီယံလိဂ် (၁၆)သင်း ရှုံးထွက်အဆင့် ဒု-အကျော့ကို လွှဲချော်မှာဖြစ်သလို လာလီဂါပွဲစဉ်တွေဖြစ်တဲ့ ဗီလာရီးယဲလ်၊ လက်စ်ပါမားစ်နှင့် ရီးယဲလ်ဘက်တစ်တို့ပွဲစဉ်တွေကိုလည်း ထပ်မံလွှဲချော်ဦးမှာဖြစ်ပါတယ်။

ဒါပေမယ့် ဒဏ်ရာမှ ပျောက်ကင်းလာပါက ဧပြီလ ၈ ရက်နေ့မှာ ကစားမယ့် အက်လက်တီကိုအသင်းနဲ့ မက်ဒရစ် ဒါဘီပွဲစဉ်ကိုတော့ ပါဝင်ကစားနိုင်ဖွယ်ရှိပြီး ရီးယဲလ်အသင်း ချန်ပီယံလိဂ် ရှုံးထွက်အဆင့်ကို ကျော်လွှားနိုင်ပါက ကွာတားဖိုင်နယ်မှာ ကစားပေးနိုင်ခြေ ရှိနေပါတယ်။

Ref; EFE_EPA

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly