ယူရိုပါ လိဂ်ရှုံးထွက် (၁၆)သင်းအဆင့်ပွဲစဉ်များမှာ ရိုးမားနှင့် လိုင်ယွန်၊ မန်ယူနှင့် ရော့စတော့ဗ် တွေ့ဆုံ

ယူရိုပါ လိဂ်ရှုံးထွက် (၁၆)သင်းအဆင့်ပွဲစဉ်များမှာ ရိုးမားနှင့် လိုင်ယွန်၊ မန်ယူနှင့် ရော့စတော့ဗ် တွေ့ဆုံ
(ဓာတ်ပုံ - အီးပီအေ)

ယူရိုပါလိဂ် ရှုံးထွက် (၁၆)သင်းအဆင့်ပွဲစဉ်များ မဲခွဲမှုပြုလုပ်ခဲ့ရာ ရိုးမားအသင်းမှာ လိုင်ယွန်၊ ဗိုလ်စွဲရန် ရေပန်းစားနေတဲ့ မန်ယူအသင်းမှာ ရုရှားကလပ် ရော့စတော့ဗ်တို့ အသီးသီး ဆုံတွေ့ကြပါတယ်။

ဆွစ်ဇာလန်နိုင်ငံ နီယွန်ရှိ ယူအီးအက်ဖ်အေဌာနချုပ်မှာ သောကြာနေ့က ကျင်းပခဲ့တဲ့ မွဲခွဲမှုရလဒ်မှာ ဂျာမန်ကလပ်နှစ်သင်းဖြစ်တဲ့ ရှော်လ်ကေးနှင့် မိုချန်ဂလာဘတ်တို့ ထိပ်တိုက်တွေ့နေပြီး ဘယ်လ်ဂျီယံနှစ်သင်းဖြစ်တဲ့ KAA ဂျန့် နှင့် KRC ဂျန့်တို့ ဆုံတွေ့နေပါတယ်။

တစ်သင်းတည်းသော စပိန်အသင်းဖြစ်တဲ့ ဆယ်လ်တာဗီဂိုအသင်းနှင့် ခရက်စ်နိုဒါတို့ ဆုံတွေ့နေပါတယ်။

ရှုံးထွက် (၁၆)သင်းအဆင့်ပွဲစဉ်များရဲ့ ပထမအကျော့ကို မတ်လ ၉ ရက်၊ ဒုတိယအကျော့ကို မတ်လ ၁၆ ရက်တွေမှာ ယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်။

ယူရိုပါလိဂ် ဗိုလ်လုပွဲကိုတော့ မေလ ၂၄ ရက်၊ စတော့ဟုမ်းမှာ ယှဉ်ပြိုင်ကစားသွားမှာဖြစ်ပါတယ်။

ယူရိုပါလိဂ်ရှုံးထွက်(၁၆)သင်းအဆင့်ပွဲစဉ်များ

ဆယ်လ်တာဗီဂို(စပိန်) vs ခရက်စ်နိုဒါ(ရုရှား)
APOEL (ဆိုက်ပရက်စ်) vs အန်ဒါလက်ချ်(ဘယ်လ်ဂျီယံ)
ရှော်လ်ကေး(ဂျာမနီ) vs မိုချန်ဂလာဘတ်(ဂျာမနီ)
လိုင်ယွန်(ပြင်သစ်) vs ရိုးမား (အီတလီ)
ရော့စတော့ဗ်(ရုရှား) vs မန်ယူ(အင်္ဂလန်)
အိုလံပီယာကော့စ်(ဂရိ) vs ဘက်ဆစ်တက်(တူရကီ)
KAA ဂျန့် (ဘယ်လ်ဂျီယံ) vs KRC ဂျန့်(ဘယ်လ်ဂျီယံ)
ကိုပင်ဟေဂင်(ဒိန်းမတ်) v  အေဂျက်စ်(နယ်သာလန်)

Ref; EFE_EPA

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly