စကားလုံးဘုရင် ဂျောက်ဂျက် မတ်လ ၅ ရက် ပရိသတ်နဲ့ ဆုံမယ်

စကားလုံးဘုရင် ဂျောက်ဂျက် မတ်လ ၅ ရက် ပရိသတ်နဲ့ ဆုံမယ်

Rapper လောကထဲတွင် Title ဆန်းဆန်းများပေးတတ်သူမှာ တေးသံရှင်ဂျောက်ဂျက် ဖြစ်ပါတယ်။ လာမယ့်  မတ်လ ၂ ရက်နေ့မှာ ဂျောက်ဂျက်ရဲ့ တတိယတစ်ကိုယ်တော်အခွေဖြစ်တဲ့ စကားလုံးဘုရင်ဆိုသည့် အခွေ ထွက်ရှိတော့မှာပါ။

အခွေအတွက်အချိန် တစ်နှစ်ခွဲကျော်ခန့် ပြင်ဆင်ခဲ့ရပါတယ်လို့ တေးသံရှင် ဂျောက်ဂျက်က ယနေ့ ရန်ကုန်မြို့ Esperado Lake View Hotel တွင် ပြုလုပ်တဲ့ စာနယ်ဇင်းရှင်းလင်းပွဲတွင် ပြောသွားခဲ့ပါတယ်။

“၂၀၁၅ ကနေ စလုပ်တယ်။ ၂၀၁၇ မှာ ပြီးပါတယ်။ တစ်နှစ်ခွဲကျော်လောက် ကြာပါတယ်။ Featuring တွေက ကျွန်တော် Featuring အားကိုတော့ ဒီအခွေမှာ မယူထားပါဘူး။ ကျွန်တော့သူငယ်ချင်းတွေကိုလည်း ကျွန်တော် ဒုက္ခမပေးချင်တဲ့အတွက် စေတန်တစ်ယောက်တည်းပဲ ပါ ပါတယ်” လို့ တေးသံရှင် ဂျောက်ဂျက်က  မဇ္ဈိမကို ပြောပါတယ်။

ဒီအခွေကို ပိုက်ဆံမရှိတဲ့ကြားမှ အစ်ကို ၊ အစ်မများ ၊ သူငယ်ချင်းတွေရဲ့ အကူအညီနဲ့ ထုတ်ထားတယ်လို့ ဂျောက်ဂျက်က ပြောလာပါတယ်။ ဒီအခွေအရှေ့တွင် ဂျောက်ဂျက်က ငါသည်သာငါ့ပြိုင်ဘက်နဲ့ တိုင်းသိပြည်သိ ဆိုသည့် အခွေနှစ်ခွေ ထွက်ရှိထားပါတယ်။

 စကားလုံးဘုရင်အခွေထဲတွင် သီချင်းစုစုပေါင်း ၁၁ ပုဒ် ပါရှိပြီး CD ပရိုမိုးရှင်းပွဲကို မတ်လ ၅ ရက်နေ့ ညနေ ၃နာရီ ၊ ရန်ကုန်မြို့ လှည်းတန်းစင်တာမှာ ပြုလုပ်သွားမှာပါ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags