တိုကျိုတွင် လူနေရပ်ကွက်အတွင်း လေယာဉ်ငယ်တစ်စင်း ပျက်ကျကာ လူ ၃ဦး

တိုကျိုတွင် လူနေရပ်ကွက်အတွင်း လေယာဉ်ငယ်တစ်စင်း ပျက်ကျကာ လူ ၃ဦး

ဇူလိုင်လ ၂၆ရက်နေ့က လေယာဉ်ငယ်တစ်စင်းမှာ တိုကျိုမြို့တော်၏ ရပ်ကွက်တစ်ခုအတွင်းသို့ ပျက်ကျသွားခဲ့သောကြောင့် လေယာဉ်မှူးနှင့် ခရီးသည်တစ်ဦးအပြင် မြေပြင်တွင်ရှိနေခဲ့သည့် အမျိုးသမီးတစ်ဦးလည်း သေဆုံးခဲ့ရာကာ အခြားလူသုံးဦးကိုမူ အပျက်အစီးပုံများကြားမှ အသက်ရှင်လျှက် ဆွဲထုတ်နိုင်ခဲ့ကြသည်ဟု မီးသတ်သမားများက ပြောကြားခဲ့သည်။

အဆိုပါ တစ်လုံးထိုးအင်ဂျင်ဖြင့် ပျံသန်းသည့် လေယာဉ်ငယ်မှာ တိုကျိုအနောက်ဖျား ချိုဖုဆင်ခြေဖုံးရပ်မှ ကိုက်၅၀၀အကွာရှိ လေယာဉ်ငယ်များသာ အတက်အဆင်းပြုလုပ်သည့် လေဆိပ်မျ ပျံတက်ပြီးမကြာမီတွင် အိမ်တန်းတစ်တန်းဆီသို့ ထိုးကျသွားခဲ့ကာ မီးလောင်ကျွမ်းသွားခဲ့သည်ဟု ဆိုသည်။   

ရုပ်သံမြင်ကွင်းတွင်မူ လူနေအိမ်ဝင်းတစ်ခုထဲတွင် ထက်ပိုင်းကျိုးလျှက် ခေါင်းစိုက်နေပြီး၊ မီးသတ်သမားများက မီးကိုငြိမ်းသက်ကာ၊ ထိခိုက်ဒဏ်ရာရသူများကိုလည်း ကယ်ထုတ်နေပုံများကို ရိုက်ပြထားသည်။

တိုကျို မီးသတ်ဌာန အရာရှိများ၏ ပြောကြားချက်အရ လူသုံးယောက်မှာ ဦးခေါင်းနှင့် အဆုတ်ဒဏ်ရာများဖြင့် သေဆုံးသွားခဲ့သည်ဟု ဆိုသည်။ ခရီးသည်သုံးဦးနှင့် မြေပြင်မှလူနှစ်ဦးအပါအဝင် နောက်ထပ်၅ဦးကိုမူ ဆေးရုံသို့ပို့ဆောင်ထားပြီး အခြေအနေကိုမူ လတ်တလောတွင် မသိရှိရသေးဟု ဆိုသည်။

အဆိုပါလေယာဉ်ငယ်မှာ တိုကျိုမြို့တော်၏ တောင်ဘက် ၁၀၀ကီလိုမီတာအကွာတွင်ရှိ ပစိဖိတ်သမုဒ္ဒရာအတွင်းက အိဇု အိုရှီးမားကျွန်းသို့ ပျံသန်းနေခြင်းဖြစ်သည်ဟု ဆိုသည်။

Ref: Fox News

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly