နိုင်ငံလေးနိုင်ငံကို အငတ်ဘေးကျရောက်မှုကနေ ကယ်တင်နိုင်ဖို့ ဒေါ်လာ ၄ ဘီလီယံ လိုအပ်ကြောင်း ကုလ ပြောဆို

နိုင်ငံလေးနိုင်ငံကို အငတ်ဘေးကျရောက်မှုကနေ ကယ်တင်နိုင်ဖို့ ဒေါ်လာ ၄ ဘီလီယံ လိုအပ်ကြောင်း ကုလ ပြောဆို

ဖေဖော်ဝါရီ ၂၃ ။              ။ တောင်ဆူဒန်၊ ဆိုမာလီယာ၊ ယီမင်နဲ့ နိုင်ဂျီးရီးယား တို့မှာ ယခုအခါ အစာရေစာ ရှားပါးပြတ်လပ်မှုကနေတဆင့် အငတ်ဘေးကျရောက်မယ့်အခြေအနေ ဆိုက်နေပြီး ယင်းဘေးကနေ ရှောင်လွှဲကယ်မပေးနိုင်ဖို့အတွက် လပိုင်းအတွင်း အနည်းဆုံး အမေရိကန်ဒေါ်လာ ၄ ဒသမ ၄ ဘီလီယံလောက် စုဆောင်းရရှိဖို့ လိုအပ်နေပြီဖြစ်ကြောင်း ကမ္ဘာ့ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

ယင်းနိုင်ငံတွေထဲက တောင်ဆူဒန်ဟာဆိုရင်လည်း ယင်းရဲ့ ဒေသတစ်ချို့မှာ အငတ်ဘေးကျနေပြီဖြစ်ကြောင်း ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ ထုတ်ပြန်ထားခဲ့ပါသေးတယ်။

ယခု လက်ရှိ လှူဒါန်းငွေ စုစုပေါင်း ဒေါ်လာ သန်း ၉၀ လောက်သာ ရရှိထားတာက လုံလောက်မှုမရှိသေးကြောင်း ကုလအကြီးအကဲ အန်တိုနီယို ဂူတာရက်စ်က နယူးယောက်မြို့က ကုလရုံးချုပ် သတင်းစာရှင်းလင်းပွဲတစ်ခုမှာ ပြောသွားပါတယ်။ လက်ရှိ ရထားတဲ့ ပမာဏဟာ မတ်လမတိုင်မီ ရဖို့လိုနေတဲ့ ပမာဏရဲ့ ၂ ရာခိုင်နှုန်းလောက်သာပဲ ရှိသေးတယ်လို့ ဆိုပါတယ်။

" ခုဆို ဒီနှစ် စပိုင်းမှာပဲ ကမ္ဘာပေါ်မှာ အငတ်ဘေးကျရောက်မှုဒဏ် ခံစားရမယ့် အရေအတွက်က များပြားနေပါတယ်၊  လူသန်းပေါင်းများစွာတို့ဟာ ကျွန်တော်တို့ အားလုံးပူးပေါင်းကယ်ဆယ်ပေးမှုကို လိုအပ်နေပါပြီ၊ ကျွန်တော်တု့ိအပေါ်မှာပဲ သူတို့တွေရဲ့ ဘဝတွေမူတည်နေပါပြီ" လို့ ကုလအကြီးအကဲ က ပြောသွားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags